Pages

Thursday, July 31, 2014

Adobe Photoshop CC Full (Crack)


အခု Software ကတော့ Photoshop CC Software တစ်ခုပါ ဓာတ်ပုံပြင်တဲ့ Software ပါဘဲ့ Photoshop CS 6 နဲ့ Level တူ Software တွေဘဲ့ဖြစ်ပါတယ် ဒီ Software ကို install လုပ်ပြီးရင် Crack ဖိုင်ထဲကနေ windows x86 နှင့် x64 ရွေးပြီး Copy ကူးပြီးသူ့ရဲ့ Drive C ထဲက သူ့ဖိုင်ထဲကို past လုပ်ပေးလိုက်ရင် Full သုံးနိုင်ပါပြီ Password ကတော့ www.minminchit.org ပါ File Size ကတော့ 1.29 GB ပါ လိုင်းကောင်းသူများဒေါင်းနိုင်ကြပါစေ

Wednesday, July 30, 2014

Nero 8 Ultra Edition 8.1.2.0 Full (keygen)


အခုတင်တဲ့ Software ကတော့ ကွန်ပျူတာတွေမှာသုံးတဲ့ Nero Burning 8 ဘဲ့ဖြစ်ပါတယ် နည်းနည်းနိမ့်တဲ့ကွန်ပျူတာမှာထည့်သုံးလို့အဆင်ပြေပါတယ် အခွေကူးတဲ့နေရာမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ Software ပါ သူနဲ့တွဲဖက်အသုံးပြုတဲ့ Software တွေလည်းပါပါတယ် အောက်မှာ install လုပ်ပြီးသုံးစမ်းကြည့်လိုက်ပါ Password က www.minminchit.org ပါ အောက်မှာဒေါင်းယူနိုင်ပါတယ် အထဲမှာ Keygen ဖိုင်ကိုဖွင့် အထဲက key ကိုထည့်ပေးလိုက်ရင် Full အဖြစ်အသုံးပြုနိုင်မဲ့ Software ဖြစ်ပါတယ် File Size ကတော့ 117 MB ရှိပါတယ်

Monday, July 28, 2014

CD Drive and CD ခွေအကြောင်း သင်ခန်းစာ (7)



အင်း.. ဒီနေ့တော့ ကွန်ပျူတာသင်တန်းသားတွေအတွက် မဖြစ်မနေသိထားသင့်သော CD/DVD ခွေ နှင့်သက်ဆိုင်သောအကြောင်းအရာများနှင့် CD/DVD/ခွေများအကြောင်းတင်ပြချင်ပါတယ် ကျွန်တော်တို့တစ်တွေ ခွေဝယ်ကြဖူးမှာပါ ဘယ်ခွေမျိုးကိုမဆို အမျိုးစားအလိုက် ခွဲထားပြီးသားပါ အဓိကပြောလိုတာက ကွန်ပျူတာလေ့လာသူများအတွက် ခွေအကြောင်းကို မဖြစ်မနေသိထားဖို့လိုပါတယ် ဘာဖြစ်လို့လဲဆိုရင် ခွေကူးမယ် မိမိဓါတ်ပုံတွေကို Video အဖြစ်ဖန်တီးမယ်ဆိုရင် ကိုယ်ဝယ်ယူမည့်ခွေက ဘယ်လောက်ဆန့်တယ် ကိုယ်ထည့်မည့်အကြောင်းအရာတွေက ဘယ်လောက်များတယ် နောက်ခွေကဖျက်လိုက်ကူးလိုက် လုပ်လို့ရသလား မရဘူးလားဆိုတာအကြမ်းပြင်းအားဖြင့်သိထားဖို့လိုတယ် ဒါကြောင့် ဒီခွေအကြောင်းလေးကိုတင်ပြရခြင်းဖြစ်ပါတယ် သိထားပြီးသောမိတ်ဆွေတွေအတွက်ရည်ရွယ်ထားခြင်းမဟုတ်ပါ ကျွန်တော်တို့ကဲ့သို့လေ့လာနေဆဲသောလူငယ်တွေအတွက်သင်ပြရခြင်းဖြစ်ကြောင်းလည်းထပ်လောင်း၍
ကြားလိုပါတယ် ကဲ.ကဲ အပြောကလေးလျှော့ပြီး အလုပ်ကလေးအကြောင်းပြောကြပါစို့....လေကြောရှည်သွားရင်ခွင့်လွတ်ကြပါ...။
CD/DVD ခွေအကြောင်းကို အရင်ပြောရမယ်ဆိုရင် CD ခွေမှာ CD+R/CD-R/CD+RW နှင့် CD-RW ဆိုပြီးခွေအမျိုးအစားတွေရှိပါတယ် CD+R နှင့် CD-R ကခွေကိုကူးတဲ့အချိန်မှာ Data အနေဖြင့်ကူးရင်အကြိမ် ပေါင်းမြောက်များစွာ Data များထည့်သွင်းမှတ်သားနိုင်ပါတယ်ပြည့်သွားရင်တော့ပြန်ပြီးကူးလို့မရတော့ပါဘူး CD+RW/CD-RW တွေကတော့ CD ခွေတစ်ခွေကိုကူးလည်းကူးနိုင် ဖျက်လည်းဖျက်နိုင်ပါတယ် R က Reading ၏အတိုကောက်ဖြစ်ပြီး W  ကတော့ Writing ၏အတိုကောက်ဖြစ်ပါတယ် CD+RW/CD-R တွေကို အကြိမ်ပေါင်းမြောက်များစွာကူးနိုင် ဖျက်နိုင်ပါတယ် ဒီတော့ ကျွန်တော်တို့ခွေ တစ်ခွေကိုဝယ်မယ်ဆိုရင် CD ခွေတစ်ခွေကို Speed  ဘယ်လောက်ဖြင့်ကူးနိုင်သလဲဆိုတာအရေးကြီးပါတယ် အင်း များသောအားဖြင့်တော့ 8x/ 16x/ 24x/ 32x/ 48x ဆိုပြီ်း  Speed အမျိုးစားတွေရှိပါတယ်။အောက်ကပုံကတော့ CD ခွေကူးတဲ့ speed တွေရဲ့ကူးနှုန်းဖြစ်ပါတယ် သူရဲ့Speed များရင်များသလောက် သူ့ရဲ့ Speed အဆများရင်များသလောက်မြန်ဆန်လှပါတယ်။

Data writing speed
Data writing rate
Write time for 80 minute/700 MB CD-R
150 kB/s
80 minutes
300 kB/s
40 minutes
600 kB/s
20 minutes
1.2 MB/s
10 minutes
16×
2.4 MB/s
5 minutes
20×
3.0 MB/s
4 minutes
24×
3.6 MB/s
3.4 minutes (see below)
32×
4.8 MB/s
2.5 minutes (see below)
40×
6.0 MB/s
2 minutes (see below)
48×
7.2 MB/s
1.7 minutes (see below)
52×
7.8 MB/s
1.5 minutes (see below)

DVD နှင့် CD ခွေများတို့ရဲ့လုပ်ဆောင်မှုဟာတူညီကြပါတယ် မတူတာတစ်ခုက  Speed ကတော့မတူပါဘူး  DVD ရဲ့ Speed က 4 x 8 x 16 x 24 လောက်ဘဲ့လက်ရှိထွက်ပါသေးတယ် ပထမပုံကတော့ DVD ခွေတွေရဲ့အမျိုးအစားတွေနဲ့သိမ်းထားနိုင်မဲ့ DVD အခွေတွေရဲ့ Size တွေရဲ့ အရွယ်အစားတွေဘဲ့ဖြစ်ပါတယ် ခွေတွေမှာ 8 cm ဘဲ့ရှိတဲ့ DVD-1/DVD-2/DVD-3/DVD-4 လို့ခေါ်တဲ့ခွေအသေးစားတွေလည်းရှိပါတယ် DVD ခွေရဲ့ 8 x က CD ခွေရဲ့ 8 x ထက်ကို  Data  ဆယ်ဆ လောက်ကိုပိုမို ကူးယူနိုင်ပါတယ် ဒုတိယပုံကိုကြည့်ပြီး CD ခွေနဲ့ DVD ခွေတွေရဲ့ကူးနှုန်းတွေကိုနှိုင်းယှဉ်ကြည့်ကြည့်ပါ ဒီလောက် ဆိုရင်  ဘယ်လိုခွေအမျိုးအစားတွေကိုရွေးဝယ်သင့်သလဲဆိုတာနားလည်သဘောပေါက်လောက်ပါပြီလို့ထင်ပါတယ်

DesignationSidesLayers
(total)
Diameter
(cm)
Capacity
(GB)
DVD-1SS SL1181.36
DVD-2SS DL1282.47
DVD-3DS SL2282.72
DVD-4DS DL2484.95
DVD-5SS SL11124.37
DVD-9SS DL12127.95
DVD-10DS SL22128.75
DVD-14DS SL+DL231212.33
DVD-18DS DL241215.9

DVD drive speeds
Drive speedData rate~Write time (minutes)
Mbit/sMB/sSingle-LayerDual-Layer
11.081.3957103
22.162.772851
2.4×26.593.322443
2.6×28.813.602240
44.325.541426
66.488.31917
88.6411.08713
10×110.8013.85610
12×132.9616.6259
16×177.2822.1646
18×199.4424.9336
20×221.6027.7035
22×243.7630.4735
24×265.9233.2424




 CD Drive မှ IDE ကြိုးနဲ့ SATA ကြိုးဆိုပြီး  power ကြိုး နှင့် Data ကြိုးဆိုပြီး နှစ်မျိုးရှိပါတယ် CD Drive တွေမှာ   DVD Drive  နှင့် CD Drive လို့လည်း နှစ်မျိုးရှိပါသေးတယ်   DVD Drive  ကတော့ CD ခွေ နှင့် DVD ခွေနှစ်ခုလုံးထည့်လို့ရပါတယ် CD Drive  ကတော့ DVD ခွေထည့်ရင်လုံးဝကိုမဖတ်ပါဘူး Drive တွေအမျိုးအစားအမျိုးရှိပါတယ် CD R / CD RW နှင့် DVD R / DVD RW တို့ဖြစ်ပါတယ်  R ကတော့ ခွေတွေလိုပဲ Reading အတိုကောက်ဖြစ်ပြီး W ကတော့ Writing အတိုကောက်ဖြစ်ပါတယ်  CD R Drive ကတော့ CD ခွေလောက်သာဖတ်ပြီး    CD RW Drive  ကတော့ ခွေကိုဖတ်လည်း  ဖတ်ကူးလည်းကူးနိုင်ပါတယ် ။ထို့အတူပါပဲ DVD R Drive  ကလည်း CD DVD ခွေလောက်သာဖတ်နိုင်ပြီး မကူးနိုင်ပါဘူး DVD RW Drive  တော့   CD / DVD  ခွေကိုဖတ်လည်းဖတ် ကူးလည်းကူးနိုင်ပါတယ် ။ တစ်ခါတလေ CD RW / DVD R အမျိုးစားတွေလည်းရှိတတ်ပါသေးတယ် သူကြတော့ CD ခွေကို ဖတ်နိုင် ကူးနိုင်ပြီး DVD ခွေကိုဖတ်ပဲဖတ်နိုင်ပြီးမကူးနိုင်ပါဘူး DVD Drive တွေမှာလည်း Speed အမျိုးစားတွေရှိပါတယ် CD Drive ခွေမှာဆိုရင်   8 X 16  X 24  X 32 X 48 X 52 X ဆိုပြီးရှိသလို  DVD Drive တွေမှာ 4 X 8 X 16 X 24  X  ဆိုပြီးအမျိုးစားတွေရှိပါတယ် ဥပမာ အနေနဲ့ DVD RW 24 X Drive တစ်လုံးမှာခွေကူးမယ်ဆိုရင် ခွေကူးတဲ့  Speed  ကအမြင့်ဆုံး 24 X နဲ့ကူးနိုင်ပါတယ် 16 X နဲ့ လည်းကူးနိုင်ပါတယ် ဒါပေမယ့် သူ့ထက်မြင့်တဲ့ Speed နဲ့တော့မကူးနိုင်ပါဘူး ဒါပေမယ့် ကူးတဲ့အချိန်မှာ 24 X  Speed နဲ့ ကူးမယ်ဆိုရင် ကိုယ်ကူးမည့်ခွေကလည်း 24 X Speed  ရှိမှကူးလို့၇ပါတယ် မဟုတ်ရင်တော့ ခွေမှာ ရှိတဲ့ Speed အမြင့်ဆုံးအထိလောက်သာကူးနိုင်ပါတယ်။  အင်း ဒီလောက်ဆိုရင်တော့ ခွေအကြောင်းနှင့်ပတ်သတ်တဲ့ CD/DVD Drive  အကြောင်းတွေစုံလောက်ပြီထင်ပါတယ်  အားလုံးသောမိတ်ဆွေ လည်းနားလည်သဘောပေါက်လောက်မယ်ထင်ပါတယ် ဒါကြောင့်ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါလို့ ပြောပါရစေ....။

( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာဒေါင်းလော့ယူနိုင်ပါတယ် )

Download

အားလုံးကိုချစ်​ခင်​​လေးစားလျှက်​ ​နောင်​​နောင်​​ ​တောင်​​ပေါ်သား

Addobe Flash CS3 Full


တောင်းထားအကိုတစ်ယောက်ရှိလို့တင်ပေးလိုက်ပါတယ် လိုချင်သူများပါဒေါင်းယူနိုင်အောင်လို့တစ်ခါတည်း တင်ပေးလိုက်ပါတယ် Password က www.minminchit.org ပါအောက်မှာဒေါင်းယူနိုင်ပါပြီ

Friday, July 25, 2014

Addobe Reader 9.0


အခုတင်ပေးမဲ့ Software ကတော့ PDF ဖိုင်တွေဖွင့်ဖတ်တဲ့အခါမှာသုံးတဲ့ Addobe Reader 9.0 ဘဲ့ဖြစ်ပါတယ် ကွန်ပျူတာအတွက်ပါလိုချင်သူများအောက်မှာ ဒေါင်းယူနိုင်ပါတယ် password ကတော့ www.minminchit.org ဖြစ်ပါတယ် File Size ကတော့ 26 MB ရှိပါတယ်

CyberLink PowerDirector 12 32Bit 64Bit Full (2 Crack)


အခုတင်မဲ့ Software ကတော့ကွန်ပျူတာတွေမှာအသုံးပြုတဲ့ CyberLink PowerDirector 12 64Bit ဖြစ်ပါတယ် သူ့ကိုတော့ Video တည်းဖြတ်ရာမှာသုံးပြုပါပြီး 32 Bit 64 Bit windows နှစ်ခုစလုံးမှာထည့်သုံးလို့ရပါတယ် သူ့ရဲ့အားသာချက်တွေကတော့ Video File အမျိုးအစားမရွေးခြင်း အင်တာနက်ရှိရင်လည်း Templates တွေကိုလည်းအင်တာနက်ပေါ်ကနေဒေါင်းနိုင်ခြင်းတို့ဖြစ်ပါတယ် ဒီ Software ကိုအသုံးပြုပြီး Video တည်းဖြတ်တာကိုအဆင့်မြင့်မြင့်အသုံးပြုနိုင်သည့်အတွက် ကျွန်တော်သုံးနေတဲ့ Software လည်းဖြစ်ပါတယ်
Full လုပ်ဖို့အတွက်က အထဲမှာ Crack နှစ်ခုပါပါတယ် Crack 2 ကပိုအဆင်ပြေပါတယ်
လိုချင်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ် Password ကတော့ www.minminchit.org ဘဲ့ဖြစ်ပါတယ် File Size ကတော့ 518 MB ရှိပါတယ်

Case အကြောင်း သင်ခန်းစာ (6)

Case တစ်ခုကိုရွေးချယ်ရာတွင်လေဝင်လေ ထွက်နဲ့ကိုယ့်သုံးပြုမဲ့ပစ္စည်းတွေကိုသိမ်းထားနိုင်မယ့်နေ ရာတွေကိုကြည့်ပြီးဝယ်ရမှာဖြစ်ပါတယ် Case တွေကို system Unit လို့လည်းခေါ်ကြပါတယ် Case တွေမှာ အကြမ်းအားဖြင့် Mini Case နှင့် Tower Case ဆိုပြီးနှစ်မျိုးရှိပါတယ် Mini Case တွေကတော့ လဲပြီးရောထောင်ပြီးရောနှစ်မျိုးလုံးအသုံးပြုနိုင်ပါတယ် လဲပြီးအသုံးပြုတဲ့အခါကျရင် Case ပေါ်မှာ Monitor ကိုတင်ပြီးအသုံးပြုနိုင်ပါတယ် CD Drive တွေကတော့ အလွန်ဆုံးတစ်လုံးဘဲ့ထည့်လို့ရပါတယ် 



Tower Case တွေကိုတော့အမျိုးအစားအမျိုးမျိုးရှိပြီး အသုံးပြုမဲ့အပေါ်မူတည်ပါတယ် Tower Case တွေကတော့ထောင်လို့ဘဲ့ရပါတယ် အဲဒီ Tower Case တွေကတော့ Mini Tower ၊ Medium Tower ၊ Full Tower ဆိုပြီးဖြစ်ပါတယ် Mini Tower တွေကတော့ CD Drive Drive တွေကိုအလွန်ဆုံးနှစ်လုံးဘဲ့ထည့်လို့ရပါတယ် Medium Tower တွေကတော့ CD Drive တွေကိုအလွန်ဆုံးခြောက်လုံးကနေတစ်ဒါဇင်လောက်ထိထည့်လို့ရပါတယ်  တစ်ချို့ Case တွေဟာ Cooler Master Case တွေရှိသလိုအထဲမှာ အအေးငွေ့ပါတဲ့ အမျိုးအစားတွေလည်းရှိပါတယ် Cooler Master Case တွေကတော့လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားပြီး အအေးငွေ့ပါတဲ့ Case တွေကတော့ Case တစ်ခုလုံးကိုအမြဲတမ်းအေးနေအောင်လုပ်ထားတာပါ ဈေးနှုန်းတွေကတော့ သတ္တုသားဘယ်လောက်ကောင်းလည်း Case ပန်ကာဘယ်နှစ်လုံးပါလည်း Case အမျိုးအစားနဲ့ အအေးငွေ့ပါတဲ့အမျိုးအစားတွေပေါ်မူတည်ပြီးဈေးကွာပါတယ်အဲလောက်ဆိုရင်တော့ Case အကြောင်းတွေကိုနားလည်လိမ့်ပြီလို့ထင်ပါတယ်

( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါသည် )

Thursday, July 24, 2014

Power DVD 12 Full


အခုတင်ပေးမဲ့ Software ကတော့ HD ဇာတ်ကားတွေကြည့်အရုပ်ရောအသံပါကြည်လင်မှုကိုပေးနိုင်တဲ့ Power DVD 12 ဘဲ့ဖြစ်ပါတယ်လိုချင်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်
password ကတော့ www.minminchit.org ပါ File Size ကတော့ (98 MB) ရှိပါတယ်

Nero 11 Full


အခုတင်ပေးနေတဲ့ software တွေကတော့လက်ရှိကျွန်တော် windows တင်တဲ့အချိန်မှာအဓိကသုံးနေတဲ့ Software အကောင်းတွေကိုဘဲ့အရင်တင်ပေးနေတာဖြစ်ပါတယ် လက်ရှိ Nero 11 ထဲမှာပါတဲ့ software တွေကတော့

Tuesday, July 22, 2014

အသောကကွန်ပျူတာအဘိဓာန်


အသောကကွန်ပျူတာအဘိဓာန်ကတော့သမိုင်းမြို့မပရိယတ္တိစာသင်တိုက်ကထုတ်တဲ့ Software ဖြစ်ပါတယ် ကွန်ပျူတာရဲ့ကွန်ပျူတာအဘိဓာန်စာအုပ်လေးပါ ဘာမှာမှရှာလို့မရတဲ့ကွန်ပျူတာပတ်သက်တဲ့စာလုံးတွေကို ရှင်းပြပေးပါတယ် အသံထွက်လည်းအသံနဲ့ထွက်ပေးတဲ့ အတွက် ကွန်ပျူတာသင်ယူရာမှာအင်္ဂလိပ်အသံထွက်အဆင်မပြေတဲ့သူတွေအတွက်လည်းအဆင်ပြေစေပါတယ် ကွန်ပျူတာမှာအသုံးပြုရမဲ့ Software လေးပါ လိုချင်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ်

Password-www.minminchit.org

Windows XP တင်နည်းစာအုပ်



Windows XP တင်နည်းစာအုပ်တင်နည်းစာအုပ် done clear ever dine မှတောင်းဆိုထားတဲ့အတွက်တင်လိုက်ပါတယ် အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ် စာရေးသူကမသိပါဘူး ဒီကနေဘဲ့ခွင့်ပြုဖို့တောင်းဆိုလိုက်ပါရစေ နားမလည်တာတွေရှိရင် CBox ကနေပြောနိုင်ပါတယ်

Thursday, July 17, 2014

Ram (Random Access Memory) အကြောင်း သင်ခန်းစာ (5)





အခုတင်ပြပေးမှာကတော့ Ram ဆိုအကြောင်းပဲဖြစ်ပါတယ် Ram ဆိုတာဘာလဲလို့မေးရင် Random Access Memory   ပါပဲ ဒီတော့ကျွန်တော်တို့ပြောနေကြတဲ့ Ram နှင့်memory ဟာနာမည်သာကွဲလွဲပြီး အဓိပါယ်ကတော့အတူတူပါပဲ ဒါပေမယ့်တူသလားဆိုတော့လည်းမတူတဲ့အချက်တွေရှိနေပါတယ် Ram က လျှပ်စစ်မီးပါဝါစွမ်းအားမရှိရင် အထဲမှာရှိတဲ့မှတ်ဉာဏ်တွေကိုမသိမ်းထားနိုင်ပါဘူး memory stick ကတော့ဒီလိုမဟုတ်ပါဘူး သိမ်းဆည်းမဲ့အချိန်မှာသာ လျှပ်စစ်လိုပြီး နောက်ပိုင်းမှာတော့လျှပ်စစ်မရှိလည်း မှတ်ဉာဏ်တွေကိုပျောက်မသွားအောင်ထိန်းသိမ်းထားနိုင်ပါတယ် ဒါပေမယ့် ကိုယ်အလုပ်တစ်ခုလုပ်နေချိန်မှာမီးပျက်သွားရင်(သို့မဟုတ်) လျှပ်စစ်မရတော့ရင် Ram ကကိုယ်လုပ်ထားတာတွေကိုသိမ်းမထားနိုင်ပါဘူး Ram အမျိုးစားတွေကမြန်ဆန်လို့သာလျှင် CPU ကနေလိုအပ်တဲ့ data တွေကိုအမြန်ဆုံးပို့ပေးနိုင်ဖို့ Ram ကိုသုံးခြင်းဖြစ်တယ် Ram အမျိုးစားအများကြီးရှိတဲ့ အထဲက လက်ရှိနောက်ဆုံးထွက် Ram အမျိုးစားက Mother board Socket 1155 1150 မှာသုံးတဲ့ Ram တွေဘဲ့ဖြစ်ပါတယ် Socket 1155 1150 မှာထည့်တဲ့ memory ကတော့နောက်ဆုံးပေါ် Ram အမျိုးစားဖြစ်တဲ့ DDR3 ဘဲဖြစ်ပါတယ် Ram တွေကိုတိုင်းတာရာမှာ bus speed ဆိုတာကတော့ Motherboard ပေါ်မှာတစ်ကြိမ်ကိုဘယ်လောက်ပို့ပေးနိုင်သလဲဆိုပြီး Ram ရဲ့ bus speed အမြင့်ဆုံးနှုန်းကို သတ်မှတ်ပါတယ်  ဥပမာ ကုန်ပစ္စည်းပို့တဲ့ကားတစ်စီးဆိုပါစို့ လမ်းက ရှစ်လမ်းသွားပဲထား အသွား(4)လမ်း အပြန်(4)လမ်း ဒီတော့ အသွားကိုကားတစ်စီးက ကုန်ပစ္စည်းတစ်ထောင်ပို့ပေးနိုင်တယ် လေးစီးဆိုတော့ တစ်ခေါက်ကို ကားတစ်စီးက တစ်ထောင်လေးစီးဆိုတော့လေးထောင်ပို့ပေးနိုင်သလိုပဲ (ဒီနေရာမှာတစ်ထောင်လို့လည်းအတိအကျမဆိုလိုပါဘူးတစ်ရာပို့နိုင်ရင် လေးစီးဆိုတော့ လေးရာလို့သတ်မှတ်လိုက်ပါ)  
ဒီတော့ bus speed ကဘယ်လောက်များသိမ်းထားနိုင်မလဲ (တနည်း  ကားတစ်စီးက ကုန်ပစ္စည်းကိုဘယ်လောက်တင်ပို့နိုင်သလဲ)
ဆိုတဲ့အပေါ်မှာမူတည်နေပါတယ် bus apeed ကဘယ်လောက်သိမ်းထားနိုင်သလဲဆိုတာကို အရွယ်အစားအလိုက် MB GB တွေနဲ့ ဖေါ်ပြထားပါတယ် ဘယ်လို ဘယ်လောက် အတိုင်းတာများကို Windows 7 Basic မှာဖေါ်ပြထားပြီးပြီမို့ ဒီနေရာမှာ အထွေထူးရှင်းပြမနေတော့ဘဲ လိုရင်းလေးလောက်သာဖေါ်ပြထားခြင်းဖြစ်တယ် ကွန်ပျူတာတစ်လုံးမှာ Ram ဘယ်လောက်သုံးသင့်သလဲ အမြင့်ဆုံးဘယ်လောက်ထည့်လို့ရသလဲဆိုတာကိုတော့  Motherboard ၊ Cpu အမျိုးစားနဲ့ ကိုယ်ဘာတွေလုပ်မလဲ ဘယ်လောက်သုံးမလဲဆိုတဲ့အပေါ်မူတည်တယ် ဒီလောက်ဆိုရင် Ram နှင့်ပတ်သက်သောအကြောင်းက စုံသလောက်တော့ရှိနေပြီ နားလည်လွယ်လိမ့်မည်လို့တော့မျှော်လင့်ပါတယ်

( PDF ဖိုင်ဖြင့်လိုချင်သူများ အောက်မှာ Download ကိုနှိပ်၍ဒေါင်းယူနိုင်ပါသည် )

Download

အားလုံးကိုချစ်​ခင်​​လေးစားလျှက်​ ​နောင်​​နောင်​ ​တောင်​​ပေါ်သား

Wednesday, July 16, 2014

PhotoShop ကနေ 4" x 6" Photo စာရွက်ပေါ်တွင် 1" x 1.5" လိုင်စင်ဓါတ်ပုံလုပ်နည်း

ဒီနေ့ကတော့တောင်းထားတဲ့သူရှိတဲ့အတွက်ကြားဖြတ်သင်ခန်းစာအနေနဲ့ 4" x 6" Photo စာရွက်ပေါ်တွင် လိုင်စင်ဓါတ်ပုံလုပ်နည်းကိုရှင်းပြပေးပါမယ် (ကျွန်တော်အနေနဲ့လေ့လာဆဲအဆင့်မို့မှားသွားတဲ့အရာတွေကိုခွင့်လွတ်ကြပါလို့တောင်းဆိုရင်း သိသူများလည်းကျော်သွားကြပါလို့ ဘာမှမသိသေးတဲ့လူတွေအတွက်ရည်ရွယ်တာပါ) 

ပထမဦးဆုံး Photoshop Program ထဲဝင်လိုက်ပါ ပြီးတော့ File ကိုနှိပ်ပါကျလာတဲ့စာထားတွေထဲက Open ပေါ်မှာ Mouse ကိုရွှေ့ပြီး Mouse ကိုတစ်ချက်နှိပ်ပါ
ပြီးတော့ကိုယ်သိမ်းထားတဲ့ဖိုင်ထဲကနေ Mouse ကိုနှစ်ချက်နှိပ်လိုက်ပါ Photoshop Program ထဲမှာကိုယ်ရွေးထားတဲ့ပုံပေါ်လာလိမ့်မယ် ပြီးတော့အောက်မှာဝိုင်းပြထားတဲ့ Tool ထဲက  Crop Tool ပေါ်မှာ Mouse ကိုတစ်ချက်နှိပ်လိုက်ပါ ပြီးတော့ နံပါတ် (2) ဝိုင်းထဲမှာ 1 in လို့ထည့်ပြီး နံပါတ် (3) ဝိုင်း
ထဲမှ 1.5 in လို့ထည့်ပေးလိုက်ပါ အဲလိုထည့်ခိုင်းရဲ့တဲ့အကြောင်းရင်းကတော့ Crop Tool ကပုံတွေကိုလိုတဲ့အပိုင်းလောက်ဖြတ်ထုတ်တဲ့အရာပါ နံပါတ် (2) 1 in က 1 လက်မ ပါ နံပါတ် (3) 1.5 in က 1 လက်မခွဲပါ ဘာဖြစ်လို့ထည့်ရလည်းဆိုတော့ ဓါတ်ပုံကိုဖြတ်တဲ့အချိန်မှာ 1 လက်မ x 1.5 လက်မခွဲ ကိုအချိုးကျကျဖြတ်အောင်လို့ပါ ပြီးရင်ကိုယ်ဖြတ်မဲ့အရွယ်အစားလောက်ပုံမှာပြထားတဲ့အတိုင်း Mouse ကိုဆွဲလိုက်ပါ ပြီးရင် Keyboard ပေါ်က Enter ကိုနှိပ်လိုက်ပါ ဒါဆိုပုံကိုကျွန်တော်တို့လိုချင်တဲ့ 1 လက်မ x 1.5 လက်မခွဲ ပုံရလာပါပြီ



ပြီးတော့ File ကိုနှိပ်ပြီး new ကိုနှိပ်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်


4" x 6" စာရွက်အလွတ်တစ်ရွက်ယူဖို့အတွက် Preset အကွက်မှာအဝိုင်းထဲက မျှားလေးကိုနှိပ်ပြီး ကျလာတဲ့စာတွေထဲက Custom ရွေးလိုက်ပါ ပြီးတော့အောက်က နံပါတ် (2) ကွက်ထဲမှာ 4 လို့ရိုက်ထည့် နံပါတ် (3)အကွက်ထဲမှာ 6 လို့ရိုက်ထည့်ပါ ပြီးတော့ နံပါတ် (4 နဲ့ 5) မှာ inches လို့ရွေးပေးပါ (inches ကိုပြောင်းလို့ နံပါတ် (2 နဲ့ 3) မှာ ပြောင်းသွားခဲ့ရင်ပြန်ပြောင်းလိုက်ပါ) ပြီးတော့ OK ကိုနှိပ်လိုက်ပါ

ပေါ်လာတဲ့စာရွက်ဖြူပေါ်ကို ခဏကဖြတ်ထားတဲ့ဓာတ်ပုံကို Mouse ကိုဆွဲပြီးလွတ်လိုက်ပါ အဲဒါ
ပြီးတော့ Ruler ထဲကနေချိန်ပြီး 1 ထိရောက်ခါနီးတစ်မှတ်အလိုထိရွေ့လိုက်ပါ Keyboard ထဲက Shift ကိုဖိထားပြီး (Shift ကိုဖိနှိပ်ရတာကတော့နဂိုအချိုးအတိုင်းအပေါ်အအောက် အချိုးကျအောင်ပါ) ဓာတ်ပုံရဲ့ထောင့်ကနေဆွဲလိုက်ပါပြီးရင် Mouse ကိုလွတ်လိုက်ပါဘေးနားလေးမှာအနားသားဖြူလေးတွေရှိအောင် Keyboard က မျှားလေးတွေကိုနှိပ်ပြီး အောက်နှစ်ချက် နဘေးနှစ်ချက်လောက်နှိပ်လိုက်ပါ အောက်ကပုံအတိုင်းဖြစ်နေလိမ့်မယ်



ပြီးတော့ Layer ထဲ မှာ နံပါတ်(1) မှာဝိုင်းပြထားတဲ့နေရာကို Mouse ကိုဖိပြီး နံပါတ်(2) ပေါ် Mouse ကို
ဖိပြီးရွေ့သွားပါပြီးရင် Mouse ကိုလွတ်လိုက်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်


ပြီးရင် keyboard ထဲက မျှားလေးကိုနှိပ်ပြီးနဘေးကိုရွှေ့လိုက်ပါပုံထဲကပုံစံအတိုင်းဖြစ်အောင်အဲလိုပုံစံမျိုးဘဲ့ နောက်ထပ်နှစ်ပုံရအောင်ထပ်လုပ်လိုက်ပါအောက်ကပုံအတိုင်းဖြစ်သွားအောင်ပါ


ပြီးရင် အပေါ် Menu ဘားထဲက Layer ကို Mouse ကိုတစ်ချက်နှိပ်ပြီး Merge visible (သို့မဟုတ်) Keyboard ထဲက Shift+Ctrl+E ကိုတွဲနှိပ်လိုက်ပါ အပေါ်ကပုံအတိုင်း Layer အကွက်ထဲမှာ Layer တွေအကုန်လုံးပေါင်းသွားပါလိမ့် ပြီးရင် အပေါ်ကနည်းအတိုင်း Layer ထဲက Layer အသစ်ကူး
လိုက်ပြီး Keyboard ထဲမျှားလေးကိုနှိပ်ပြီးအောက်ရွှေ့လိုက်ပါအဲလိုမျိုး လုပ်ပြီးအောက်ကပုံအတိုင်းဖြစ်အောင်လုပ်လိုက်ပါ


အဲဒါဆိုရင်လိုင်စင်ပုံလုပ်ဖို့လုပ်လို့ပြီးသွားပါပြီး ဒါကို Printer နဲ့ထုတ်ဖို့အတွက် Printer ကောင်းကောင်းလောက်လိုပါတယ်
ဒီမှာတော့ဥပမာအနေနဲ့ epson L210 နဲ့နမူနာပြသွားပါမယ် File ထဲကနေ print ကိုနှိပ်ပြီးဝင်လိုက်ပါ


ပြီးရင် print setting ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်အောက်ကပုံအတိုင်း ပေါ်လာလိမ့်မယ် ပြီးရင် Document Size ထဲကနေ စာရွက်အရွယ်အစားကိုရွေးပေးပါဒါပေမယ့် 4x6 စာရွက်မရှိတဲ့အတွက်ကိုယ်ဟာကိုစာရွက်အသစ်တစ်ရွက်ဖန်တီးဖို့အတွက် User-Defined ကိုရွေးလိုက်ရင် အောက်ကဘောင်အသစ်တစ်ခုထွက်လာလိုက်မယ် အောက်မှာ Unit အောက်က mm နဲ့ inch နေရာမှာ inch ကိုရွေးလိုက်ပါပြီးမှ Paper Width နေရာမှာ 4 လို့ရိုက်ထည့်လိုက်ပါ Paper Height နေရာမှာ 6 လို့ရိုက်ထည့်လိုက်ပါ ပြီးရင် OK ပေးလိုက်ပါ ပြီးရင် paper Type နေရာမှာပုံမှာပြထားတဲ့အတိုင်း Epson Premiun Glossy ကိုရွေးလိုက်ပါ Quality နေရာမှာ More setting ကိုရွေးအကုန်တင်လိုက်ပါ ပြီးရင် OK ပေးလိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာတဲ့အချိန်ကျရင် Print ကိုနှိပ်ရင် လိုင်စင်ဓါတ်ပုံကို 4x6 စာရွက်ပေါ်မှာ 8 ပုံထွက်လာပါလိမ့်မယ် အဲလိုမျိုးကိုအသုံးပြုမဲ့ဓါတ်ပုံရဲ့အရွယ်အစားနဲ့စာရွက်အရွယ်အစားကိုပြောင်းပြီးထုတ်ယူနိုင်ပါတယ်


အားလုံးကိုလေးစားလျက် minminchit

Monday, July 14, 2014

Power Supply အကြောင်း သင်ခန်းစာ (4)




ဒီနေ့တင်ပြပေးချင်တာက တော့ computer တစ်လုံးအတွက် အရေးပါသော power supply အကြောင်းလေးပဲဖြစ်ပါတယ် power supply ဆိုတာ computerမှာ မရှိမဖြစ်လို အပ်တဲ့ အရာဖြစ်ပါ တယ် ဒီpower supply ရှိမှပါဝါရမှာပေါ့ ပါဝါရမှအလုပ်လုပ်နိုင်မယ်လေ powersupply ကို AC 220 ကနေ ကွန်ပျူတာတစ်လုံးမှလိုအပ်သော +3V1 -3V1 +5V1 -5V1 +12V1 -12V1 0V ကိုပြန်လည်ပြောင်းပြောင်းပေးပြီး computer ရဲ့သက်ဆိုင်ရာနေရာတွေကိုပြန်ပို့ပေးတယ် computer တစ်လုံးရဲ့အရေးကြီးဆုံးသောအရာဆိုလည်းမမှားပါဘူး အဓိကတော့ Power ကထုတ်ပေးတဲ့ပစ္စည်းဖြစ်တော့ power တွေလုံလောက်ဖို့တော့လိုအပ်တယ် ပါဝါတွေလုံလောက်အောင်မပို့ပေးနိုင်ဘာဖြစ်လဲဆိုတော့ မနိုင်ဝန်လုပ်ခိုင်းသလိုဖြစ်ပြီးcomputer ကိုညှင်းဆဲသလိုဖြစ်မယ် နောက် Computer လည်းပျက်လွယ်မယ် ဒါကြောင့်power လုံလောက်ဖို့တယ်လို့ပြောတာ ထားပါတော့ power supply တစ်လုံးကို ဘာနဲ့တိုင်းတာမလဲဆိုတာကို လေ့လာရအောင် power supply တစ်လုံးကိုတိုင်းတာရာမှာ Wattage(W) များနှင့်တိုင်းတာရပါတယ် အဲဒါတွေကတော့ 250W 300W 400W 500W 600W 650W ဆိုပြီးအမျိုးအစားတွေခွဲခြားထားတဲ့အတွက် မိမိကြိုက်နှစ်သက်ရာကိုဝယ်ယူသုံးနိုင်ပါတယ်  ဈေးနှုန်းကတော့ အမျိုးအစားပေါ်မူတည်ပါတယ် ဈေးသက်သာတဲ့ powersupply လည်းရှိပါတယ် 500W 600W များကိုရနိုင်ပါတယ် ဒါပေမယ့် W မပြည့်တဲ့အတွက် computer နှင့်တွဲဖက်အသုံးပြုလျှင် W မနိုင်ဘဲဖြစ်တတ်ပါတယ် ဒီတော့ဘယ်လို Powersupply ကိုဝယ်သင့်သလဲဆိုတော့ အမျိုးအစား တန်ဖိုး အလေးချိန် တွေကိုတိုင်းတာပြီးဝယ်ယူမှသာအဆင်ပြေလိမ့်မယ် powersupplyနှင့် motherboard မှာဆက်သွယ်ဖို့ ရန်အတွက် အရင်တုန်းကတော့ 24 pin (အရင်တုန်းက 20pin ပါ) ဆိုပြီးတော့ power ကြိုးတွေကိုခွဲခြားထားပါတယ် Motherboard မှာရှင်းပြထားသလို 4pin 8pin power ကြိုးတွေပါ ပါတယ် 8pin ပါတဲ့ powersupply ကြိုးကို 4pin motherboard မှာသုံးလို့ရပါတယ် ပြီးတော့ IDE(4pin) ကြိုး SATA ကြိုးပါပြီးတော့ မြင့်တဲ့ Powersupply တွေမှာဆိုရင် မြင့်တဲ့ Graphice card မှာသုံးတဲ့ 4pin power ကြိုး (သို့မဟုတ်) 6pin+2pin တဲ့ 6pin ကြိုးတွေပါတယ် IDE ကြိုးကတော့ အရင်တုန်းက harddisk DVD dirve တွေမှာတပ်ဆင်အသုံးပြုကြပါတယ် အခုနောက်ပိုင်းမှာတော့မသုံးကြတော့ပါဘူး Case FAN တွေအတွက်အသုံးပြုပြီး IDE ကြိုးနေရာတွေမှာ SATA ကြိုးတွေကိုအစားထိုးသုံးပြုလာပါတယ်

( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာ Download ကိုနှိပ်၍ဒေါင်းနိုင်ပါသည် )

Download

အားလုံးကိုချစ်​ခင်​​လေးစားလျက်​ ​နောင်​​နောင်​ ​တောင်​​ပေါ်သား

Friday, July 11, 2014

Kaspersky Internet Security 2013


Kaspersky Internet Security 2013 Antivirus Software ဟာ Internet Security အပြင် ကျွန်ပျူတာထဲကိုဝင်ရောက်လာမဲ့ Virus တွေကိုကာကွယ်ပေးပါတယ်ကျွန်တော်အကြိုက်ဆုံး Software တစ်ခုဆိုလည်းမမှားပါဘူးဘာဖြစ်လို့လည်းဆိုတော့ Crack File ၊ Patch File ၊ Keygen File တွေကိုဖျက်တော့မယ်ဆိုရင် ကိုယ်ကဖျက်မှပျက်တတ်လို့ပါ လက်ရှိတင်ပေးတာကတော့ Try version ပါ နောက်ထပ် key File ထည့်နည်းနဲ့ Key တွေကိုထပ်တင်ပေးပါမယ်

Thursday, July 10, 2014

Addobe Photoshop CS 3 ( Crack Full )


ဒါကတော့ PhotoShop CS3 Software ပါ လိုချင်သူအောက်ပါဒေါင်းယူနိုင်ပါတယ် 

Addobe Photoshop CS 3 ( Crack ) Full Version ပြုလုပ်နည်းပါ
ရလာသောဖိုင်ကို WinRAR နဲ့ဖြည်လိုက်ပါ Password တောင်းရင် www.minminchit.org လို့ထည့်ပေးလိုက်ပါဖြည်လို့ရတဲ့ဖိုင်ထဲက Crack Folder ထဲကိုဝင်ပြီးအောက်ပါပုံထဲက File ကို Copy ကူးလိုက်ပါ


ပြီးတော့ Start ထဲကနေ All Program ထဲက Photoshop CS 3 Icon ပေါ်မှာ Right Click နှိပ်ပြီး 
open file location ပေါ်မှာ Mouse ကိုတစ်ချက်နှိပ်လိုက်ပါ ပေါ်လာတဲ့ Folder ထဲကိုအခုဏကကူးလာတဲ့ဖိုင်ကို Past လုပ်လိုက်ပါ ဒါဆိုရင် Photoshop CS 3 Full Version ဖြစ်သွားပါပြီ

Wednesday, July 9, 2014

TubeMate Youtube Downloader 2.0.9


Android ဖုန်းတွေအတွက် Youtube Download လေးပါအသုံးပြုနည်းပုံနဲ့ပြထားပါတယ်


TubeMate ကိုဖွင့်လိုက်တာနဲ့အပေါ်ကပုံပေါ်လာလိမ့်မယ်
ကြိုက်ရာ Video ကိုနှိပ်လိုက်ပါ


ပြီးတော့အပေါ်ကပုံအတိုင်းနှိပ်ရန်ကိုနှိပ်ပါ


အပေါ်ကပုံအတိုင်းပေါ်လာရင်ကြိုက်ရာ Size ကိုရွေးပြီးတစ်ချက်နှိပ်ပါ
ပြီးတော့် 2.နှိပ်ရန်ကိုနှိပ်လိုက်လျှင် Video File ကိုဒေါင်းနေပါလိမ့်မယ်

TubeMate ကိုဒေါင်းချင်ရင် Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်

CPU (Central processing unit) နှင့် CUP Heatsink Fan သို့မဟုတ် CPU Fan သင်ခန်းစာ(3)


အခုကျွန်တော်တို့သင်တန်းမှ သင်ကြားပို့ချအပ်သော CPU အကြောင်းပဲဖြစ်ပါတယ်သိ ပြီးသား မိတ်ဆွေတွေအတွက်တော့ အထူးဆန်းမဟုတ်တော့ပါဘူး ဒါပေမယ့်အခုမှသင် ယူလေ့လာသူတွေအတွက်တော့ အထောက်ကူပြု နိုင်လိမ့်မယ်လို့တော့မျှော်လင့်ပါတယ်...။ 

(မှတ်ချက်-သင်ခန်းစာတစ်ခုလုံးမှာအရေး 
ကြီးတဲ့အကြောင်းအရာများဘဲ့ရေးထားသဖြင့်ကျွမ်းကျင်တဲ့သူများအတွက်မရည်ရွယ်ပါ)
 
ကွန်ပျူတာတစ်လုံးရဲ့အဓိက Main ချိန်ဆက်မှုမှတ်ဉာဏ်ဖြစ်တဲ့ CPU ကအရေးကြီးဆုံး ပစ္စည်းတစ်ခုဖြစ်ပါ တယ် CPU တွေမှာအမျိုးအစားတွေအများကြီးရှိပါတယ် CPU ကိုအဓိက ထုတ်တဲ့ ကုမ္ပဏီကြီးနှစ် ခုရှိပါတယ် Intel နှင့် AMD တို့ဖြစ်ပါတယ် Intel ထွက်ပစ္စည်းတွေကဈေးနှုန်းမြင့်မားပြီး အပူချိန်လည်း ခံနိုင်ရည်ရှိပြီးအသုံးလည်းခံပါတယ် AMD ထွက်ပစ္စည်းတွေဈေးပေါပြီး Intel လောက်မြန်ဆန်မှုမရှိဘဲ အပူစွန့်ထုတ် များတဲ့အတွက် မီးအားကိုပိုကုန်စေပြီး ကွန်ပျူတာပိုပူစေပါတယ် Intel နဲ့ စာရင် AMD က ကြမ်းမခံနိုင်ပေမယ့် Colour ကပိုစိုစွတ်တောက်ပပါတယ် အဓိကရှင်းပြချင်တာ Intel CPU အုပ်စုရဲ့နောက် ဆုံးထွက် အမျိုးအစားတွေဖြစ်တဲ့ Celeron ၊ Pentium ၊ Core i3 ၊ Core i5 ၊ Core i7 CPUတွေဘဲ့ဖြစ်ပါတယ် CPU တစ်လုံးကိုတိုင်းတာရာမှာ တစ်စက္ကန့်ဘယ်နှစ်ကြိမ်နှုန်းအလုပ် လုပ်နိုင်သလဲပေါ်မူတည်ပါတယ် CPU တစ်လုံးရဲ့ကြိမ်နှုန်းတွေကို MHZ ၊ GHZ တွေနဲ့တိုင်းတာဖေါ်ပြ ပါတယ် ဥပမာ CPU တစ်လုံး speed ကို 700 MHZ ၊ 1.0 GHZ ၊ 2.0 GHZ ဆိုအမျိုးမျိုးရှိပါတယ်  Celeron CPU တွေဟာဒီအုပ်စုရဲ့အနိမ့်ဆုံးCPU အမျိုးအစားဖြစ်ပါတယ် Celeron CPU တွေဟာ CPU တစ်လုံး ကိုနှစ်လုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ် ဒါပေမယ့်နှစ်လုံးစာအပြည့်အဝ လုပ်ဆောင်နိုင်တာ မျိုးမဟုတ်ပါ Pentium CPU အမျိုးအစားတွေကတော့ CPU တစ်လုံးကိုနှစ်လုံးစာလုပ်သလို လုပ်ဆောင်နိုင်ပြီးဈေးနှုန်းလည်း Celeron CPU အမျိုးအစားထက်ဈေးကြီးပါတယ် Core i3 CPU အမျိုးအစားကတော့ CPU တစ်လုံးကိုလေးလုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ်ပြီးတော့ Pentium CPU ထက်ဈေးကြီးပါတယ်ဒါပေမယ့်လေးလုံးစာအပြည့်အဝလုပ်ဆောင်နိုင်တာမျိုးမဟုတ်ပါဘူး Core i5 CPU အမျိုးအစားကတော့ CPU တစ်လုံးကိုလေးလုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ် Core i3 CPU တွေထက်လည်းဈေးပိုကြီးပါတယ် လက်ရှိ CPU အုပ်စုထဲမှာ Model အမြင့်ဆုံးကတော့ Core i7 CPU ပါ i7 CPU ကတော့ CPU တစ်လုံးကို 8 လုံးစာအလုပ်လုပ်နိုင်ပြီး i5 ထက်ဈေးပိုကြီးပါတယ် အောက်မှာက CPU တစ်ချို့မှာရှိတဲ့ပုံစံတွေပါ
(ချွင်းချက်အနေဖြင့်တစ်ချို့ CPU တွေမှာ နဂို Core တွေထက်ပိုပါတယ်ဒါပေမယ့်ဈေးလည်းမြင့်မားပါတယ်)


PU ကို Motherboard ပေါ်မှာတပ်ဆင်ပုံကိုအပေါ်မှာကြည့်ပါ CPU ကိုတပ်ဆင်ပြီးသွားရင် CPU နဲ့ CPU Fan ကိုတပ်ဆင်ရပါတယ် CPU Fan ကို တပ်ဆင်မယ်ဆိုရင် CPU နဲ့ CPU Fan ကြားထဲမှာ အပူခံနိုင်ဖို့ကြားခံအဖြစ် Heatsink Compounds ကိုထည့်သွင်းအသုံးပြု့ပါတယ် Heatsink Compounds ထည့်ရမှာများလျှင်ပြသာနာရှိနိုင်သလိုနည်းရင်လည်းပြသာနာရှိနိုင်ပါတယ် Heatsink Compounds ထည့်ပြီးသွားရင်အပေါ်ကနေ CPU Fan ကိုထည့်သွင်းတပ်ဆင်ရပါတယ် CPU Fan ကို CPU ဝယ်တဲ့အချိန်မှာပါပါတယ်ပါလာတဲ့ Fan ကရိုးရိုး Fan တွေပါ CPU မြင့်ပြီး 24 နာရီသုံးတဲ့ကွန်ပျူတာတွေမှာ ရိုးရိုး Fan တွေအစား Cooler Master Fan တွေကိုအစားထိုးအသုံးပြုကြပါတယ် 





( PDF ဖိုင်အဖြစ်လိုချင်ရင်အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ် )