သူငယ်ချင်းများမင်္ဂလာပါခင်ဗျာ ကွန်ပျူတာ ဖုန်းများကို အခုမှ ကိုင်သွယ်သူများအတွက် ရည်ရွယ်ပြီး ဆရာကြီးများအတွက် မရည်ရွယ်ပါဘူးခင်ဗျာ ကျွန်တော် အခု တင်ပေးမှာကတော့ Viber For Computer software, ကွန်ပျူတာမှာ Viber မြန်မာစာထည့်သွင်းနည်း ကိုပုံနှင့် တစ်ကွ ရှင်းပြပေးသွား မှာဖြစ်ပါတယ် ခင်ဗျာ
Viber software နှင့် Viber myanmar font ကိုလိုချင်သူများက အောက်က Link မှာ ဒေါင်းယူပါ
Password က www.minminchit.org
ပထမအနေနဲ့ Viber မရှိသူများက ဒေါင်းလို့ရလာတဲ့ Viber Software ကို Run လိုက်ပါ ဖိုင်ကို Winrar နဲ့ချုပ်ထားတာပါ Password က www.minminchit.org ပါ
ပုံ (၁) မှာ အမျှားပြထားသည်အတိုင်း Accept & Install ဆိုတာကိုနှိပ်ပါ
ပုံ (၂) အတိုင်း Install လုပ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်
အခုပုံမှာတွေ့ရသည့်အတိုင်း Do you have Viber on your mobile phone? မင်းမှာ Viber ဖွင့်ထားတဲ့ ဖုန်းနံပါတ် ရှိလားလို့မေးတာပါ ရှိတယ်ဆိုရင် Yes ကိုနှိပ်လိုက်ပါ
တစ်ချို့က ကိုယ့်နေတဲ့ နိုင်ငံကို တိုက်ရိုက် ရွေးပေးတယ် မရွေးပေးပါက အမျှားပြထားတဲ့ နေရာကို နှိပ်၍ ကိုယ်နေတဲ့ နိုင်ငံကိုရွေးချယ်ပါ နောက်တစ်ခုက Enter your mobile number: ကိုယ့်ဖွင့်မယ့် ဖုန်းနံပါတ်ကိုထည့်လိုက်ပါ
ကိုယ့်ဖွင့်မယ့် ဖုန်းမှာကလည်း Viber လက်ရှိသုံးတာ အင်တာနက်လည်း ဖွင့်ထားရပါမယ် ဘာလို့လဲဆိုတော့ Viber ကိုပဲ ကုတ်ပို့လာမှာဖြစ်ပါတယ်
ဖုန်းထဲက Viber ကိုပို့လာသော ကုတ်နံပါတ်ကို ကွန်ပျူတာမှာဖြည့်ပါ
ဒါဆို ကွန်ပျူတာမှာ Viber ဖွင့်လို့အောင်မြင်သွားပါပြီ မြန်မာစာပေါ်အတွက်
မြန်မာစာထည့်ဖို့ပဲကျန်တော့တယ်
မြန်မာစာ ထည့် ဖို့အတွက် ဒေါင်းလို့ရလာတဲ့ ဖိုင်ထဲက Mssk-Viber font လေးကို Copy ကူးယူလိုက်ပါ
Local Disk (C) ကို ဖွင့်လိုက်ပါ
Local Disk (C) ထဲက Windows ကို ဖွင့်လိုက်ပါ
Windows ထဲက Fonts ဆိုတာကို ဖွင့်လိုက်ပါ
Fonts ကိုဖွင့်ပြီးပါက နေရာလွတ်တဲ့နေရာကို Left Click နှိပ်ပြီး Paste ဆိုတာကိုနှိပ်လိုက်ပါ
Yes နဲ့ No ပေါ်လာရင် Yes ဆိုတာကိုနှိပ်ပါ
Mssk-Viber font ကို Paste လုပ်ပြီးပါက Restart ချလိုက်ပါ
ကျွန်တော့်ကို မေးမှာဆိုးလို့ Windows 8 Windows 7 ကအမှန်တော့ သိပ်မကွာခြားပါဘူး လုပ်နည်းတွေက အတူတူလိုပါပဲ
ကဲ မြန်မာ ရိုက်ကြည့်လိုက်ပါ အခုလို မြန်မာစာကို ကောင်းကောင်းကြီးမြင်တွေ့ရမှာ ဖြစ်ပါတယ်
ကျွန်တော် တစ်ခုတောင်းပန်ပါရစေ အခု ပုံမှာ ကျွန်တော်သုံးနေတာ ကတော့ အခု ဗားရှင်းအသစ်လေးပါ ကျွန်တော် ဗားရှင်းအသစ်တင်ပေးထားပေမယ့် တစ်ချို့ကွန်ပျူတာတွေမှာ ဗားရှင်းအဟောင်း ပဲပေါ် နေလို့ဖြစ်ပါတယ် ဒါပေမယ့် ကွန်ပျူတာကို ပိတ်လိုက်ဖွင့်လိုနဲ့ပြန်လုပ်တဲ့ အခါ အသုံးများတဲ့ အခါ ဗားရှင်းအသစ်ကို သူ့ဖာသာ Upload လုပ်သွားပါလိမ့်မယ် ဗားရှင်းအသစ်ရဲ့ အားသာချက်ကတော့ ဖုန်းနှင့် တိုက်ရိုက် Video Call ခေါ်လို့ရပါတယ် ထို့အတူ ဖုန်းမှာလည်း ဗားရှင်းအသစ် ဖြစ်နေမှ ရပါတယ်
ဖုန်းအတွက်ကို လိုချင်သူများ အောက်က Link မှာ သွားရောက်လေ့လာ ဒေါင်းယူနိုင်ပါတယ်
http://www.minminchit.org/2014/09/viber.html
လိုအပ်တာ ရှိရင် Comment မှာ ပြောပြနိုင်ပါတယ်
အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)



















