
အင်း.. ဒီနေ့တော့ ကွန်ပျူတာသင်တန်းသားတွေအတွက် မဖြစ်မနေသိထားသင့်သော CD/DVD ခွေ နှင့်သက်ဆိုင်သောအကြောင်းအရာများနှင့် CD/DVD/ခွေများအကြောင်းတင်ပြချင်ပါတယ် ကျွန်တော်တို့တစ်တွေ ခွေဝယ်ကြဖူးမှာပါ ဘယ်ခွေမျိုးကိုမဆို အမျိုးစားအလိုက် ခွဲထားပြီးသားပါ အဓိကပြောလိုတာက ကွန်ပျူတာလေ့လာသူများအတွက် ခွေအကြောင်းကို မဖြစ်မနေသိထားဖို့လိုပါတယ် ဘာဖြစ်လို့လဲဆိုရင် ခွေကူးမယ် မိမိဓါတ်ပုံတွေကို Video အဖြစ်ဖန်တီးမယ်ဆိုရင် ကိုယ်ဝယ်ယူမည့်ခွေက ဘယ်လောက်ဆန့်တယ် ကိုယ်ထည့်မည့်အကြောင်းအရာတွေက ဘယ်လောက်များတယ် နောက်ခွေကဖျက်လိုက်ကူးလိုက် လုပ်လို့ရသလား မရဘူးလားဆိုတာအကြမ်းပြင်းအားဖြင့်သိထားဖို့လိုတယ် ဒါကြောင့် ဒီခွေအကြောင်းလေးကိုတင်ပြရခြင်းဖြစ်ပါတယ် သိထားပြီးသောမိတ်ဆွေတွေအတွက်ရည်ရွယ်ထားခြင်းမဟုတ်ပါ ကျွန်တော်တို့ကဲ့သို့လေ့လာနေဆဲသောလူငယ်တွေအတွက်သင်ပြရခြင်းဖြစ်ကြောင်းလည်းထပ်လောင်း၍
ကြားလိုပါတယ် ကဲ.ကဲ အပြောကလေးလျှော့ပြီး အလုပ်ကလေးအကြောင်းပြောကြပါစို့....လေကြောရှည်သွားရင်ခွင့်လွတ်ကြပါ...။
CD/DVD ခွေအကြောင်းကို အရင်ပြောရမယ်ဆိုရင် CD ခွေမှာ CD+R/CD-R/CD+RW နှင့် CD-RW ဆိုပြီးခွေအမျိုးအစားတွေရှိပါတယ် CD+R နှင့် CD-R ကခွေကိုကူးတဲ့အချိန်မှာ Data အနေဖြင့်ကူးရင်အကြိမ် ပေါင်းမြောက်များစွာ Data များထည့်သွင်းမှတ်သားနိုင်ပါတယ်ပြည့်သွားရင်တော့ပြန်ပြီးကူးလို့မရတော့ပါဘူး CD+RW/CD-RW တွေကတော့ CD ခွေတစ်ခွေကိုကူးလည်းကူးနိုင် ဖျက်လည်းဖျက်နိုင်ပါတယ် R က Reading ၏အတိုကောက်ဖြစ်ပြီး W ကတော့ Writing ၏အတိုကောက်ဖြစ်ပါတယ် CD+RW/CD-R တွေကို အကြိမ်ပေါင်းမြောက်များစွာကူးနိုင် ဖျက်နိုင်ပါတယ် ဒီတော့ ကျွန်တော်တို့ခွေ တစ်ခွေကိုဝယ်မယ်ဆိုရင် CD ခွေတစ်ခွေကို Speed ဘယ်လောက်ဖြင့်ကူးနိုင်သလဲဆိုတာအရေးကြီးပါတယ် အင်း များသောအားဖြင့်တော့ 8x/ 16x/ 24x/ 32x/ 48x ဆိုပြီ်း Speed အမျိုးစားတွေရှိပါတယ်။အောက်ကပုံကတော့ CD ခွေကူးတဲ့ speed တွေရဲ့ကူးနှုန်းဖြစ်ပါတယ် သူရဲ့Speed များရင်များသလောက် သူ့ရဲ့ Speed အဆများရင်များသလောက်မြန်ဆန်လှပါတယ်။
DVD နှင့် CD ခွေများတို့ရဲ့လုပ်ဆောင်မှုဟာတူညီကြပါတယ် မတူတာတစ်ခုက Speed ကတော့မတူပါဘူး DVD ရဲ့ Speed က 4 x 8 x 16 x 24 လောက်ဘဲ့လက်ရှိထွက်ပါသေးတယ် ပထမပုံကတော့ DVD ခွေတွေရဲ့အမျိုးအစားတွေနဲ့သိမ်းထားနိုင်မဲ့ DVD အခွေတွေရဲ့ Size တွေရဲ့ အရွယ်အစားတွေဘဲ့ဖြစ်ပါတယ် ခွေတွေမှာ 8 cm ဘဲ့ရှိတဲ့ DVD-1/DVD-2/DVD-3/DVD-4 လို့ခေါ်တဲ့ခွေအသေးစားတွေလည်းရှိပါတယ် DVD ခွေရဲ့ 8 x က CD ခွေရဲ့ 8 x ထက်ကို Data ဆယ်ဆ လောက်ကိုပိုမို ကူးယူနိုင်ပါတယ် ဒုတိယပုံကိုကြည့်ပြီး CD ခွေနဲ့ DVD ခွေတွေရဲ့ကူးနှုန်းတွေကိုနှိုင်းယှဉ်ကြည့်ကြည့်ပါ ဒီလောက် ဆိုရင် ဘယ်လိုခွေအမျိုးအစားတွေကိုရွေးဝယ်သင့်သလဲဆိုတာနားလည်သဘောပေါက်လောက်ပါပြီလို့ထင်ပါတယ်
Data writing speed
|
Data writing rate
|
Write time for 80 minute/700 MB CD-R
|
|---|---|---|
1×
|
150 kB/s
|
80 minutes
|
2×
|
300 kB/s
|
40 minutes
|
4×
|
600 kB/s
|
20 minutes
|
8×
|
1.2 MB/s
|
10 minutes
|
16×
|
2.4 MB/s
|
5 minutes
|
20×
|
3.0 MB/s
|
4 minutes
|
24×
|
3.6 MB/s
|
3.4 minutes (see below)
|
32×
|
4.8 MB/s
|
2.5 minutes (see below)
|
40×
|
6.0 MB/s
|
2 minutes (see below)
|
48×
|
7.2 MB/s
|
1.7 minutes (see below)
|
52×
|
7.8 MB/s
|
1.5 minutes (see below)
|
DVD နှင့် CD ခွေများတို့ရဲ့လုပ်ဆောင်မှုဟာတူညီကြပါတယ် မတူတာတစ်ခုက Speed ကတော့မတူပါဘူး DVD ရဲ့ Speed က 4 x 8 x 16 x 24 လောက်ဘဲ့လက်ရှိထွက်ပါသေးတယ် ပထမပုံကတော့ DVD ခွေတွေရဲ့အမျိုးအစားတွေနဲ့သိမ်းထားနိုင်မဲ့ DVD အခွေတွေရဲ့ Size တွေရဲ့ အရွယ်အစားတွေဘဲ့ဖြစ်ပါတယ် ခွေတွေမှာ 8 cm ဘဲ့ရှိတဲ့ DVD-1/DVD-2/DVD-3/DVD-4 လို့ခေါ်တဲ့ခွေအသေးစားတွေလည်းရှိပါတယ် DVD ခွေရဲ့ 8 x က CD ခွေရဲ့ 8 x ထက်ကို Data ဆယ်ဆ လောက်ကိုပိုမို ကူးယူနိုင်ပါတယ် ဒုတိယပုံကိုကြည့်ပြီး CD ခွေနဲ့ DVD ခွေတွေရဲ့ကူးနှုန်းတွေကိုနှိုင်းယှဉ်ကြည့်ကြည့်ပါ ဒီလောက် ဆိုရင် ဘယ်လိုခွေအမျိုးအစားတွေကိုရွေးဝယ်သင့်သလဲဆိုတာနားလည်သဘောပေါက်လောက်ပါပြီလို့ထင်ပါတယ်
| Designation | Sides | Layers (total) | Diameter (cm) | Capacity | ||
|---|---|---|---|---|---|---|
| (GB) | ||||||
| DVD-1 | SS SL | 1 | 1 | 8 | 1.36 | |
| DVD-2 | SS DL | 1 | 2 | 8 | 2.47 | |
| DVD-3 | DS SL | 2 | 2 | 8 | 2.72 | |
| DVD-4 | DS DL | 2 | 4 | 8 | 4.95 | |
| DVD-5 | SS SL | 1 | 1 | 12 | 4.37 | |
| DVD-9 | SS DL | 1 | 2 | 12 | 7.95 | |
| DVD-10 | DS SL | 2 | 2 | 12 | 8.75 | |
| DVD-14 | DS SL+DL | 2 | 3 | 12 | 12.33 | |
| DVD-18 | DS DL | 2 | 4 | 12 | 15.9 | |
| Drive speed | Data rate | ~Write time (minutes) | ||
|---|---|---|---|---|
| Mbit/s | MB/s | Single-Layer | Dual-Layer | |
| 1× | 11.08 | 1.39 | 57 | 103 |
| 2× | 22.16 | 2.77 | 28 | 51 |
| 2.4× | 26.59 | 3.32 | 24 | 43 |
| 2.6× | 28.81 | 3.60 | 22 | 40 |
| 4× | 44.32 | 5.54 | 14 | 26 |
| 6× | 66.48 | 8.31 | 9 | 17 |
| 8× | 88.64 | 11.08 | 7 | 13 |
| 10× | 110.80 | 13.85 | 6 | 10 |
| 12× | 132.96 | 16.62 | 5 | 9 |
| 16× | 177.28 | 22.16 | 4 | 6 |
| 18× | 199.44 | 24.93 | 3 | 6 |
| 20× | 221.60 | 27.70 | 3 | 5 |
| 22× | 243.76 | 30.47 | 3 | 5 |
| 24× | 265.92 | 33.24 | 2 | 4 |


CD Drive မှ IDE ကြိုးနဲ့ SATA ကြိုးဆိုပြီး power ကြိုး နှင့် Data ကြိုးဆိုပြီး နှစ်မျိုးရှိပါတယ် CD Drive တွေမှာ DVD Drive နှင့် CD Drive လို့လည်း နှစ်မျိုးရှိပါသေးတယ် DVD Drive ကတော့ CD ခွေ နှင့် DVD ခွေနှစ်ခုလုံးထည့်လို့ရပါတယ် CD Drive ကတော့ DVD ခွေထည့်ရင်လုံးဝကိုမဖတ်ပါဘူး Drive တွေအမျိုးအစားအမျိုးရှိပါတယ် CD R / CD RW နှင့် DVD R / DVD RW တို့ဖြစ်ပါတယ် R ကတော့ ခွေတွေလိုပဲ Reading အတိုကောက်ဖြစ်ပြီး W ကတော့ Writing အတိုကောက်ဖြစ်ပါတယ် CD R Drive ကတော့ CD ခွေလောက်သာဖတ်ပြီး CD RW Drive ကတော့ ခွေကိုဖတ်လည်း ဖတ်ကူးလည်းကူးနိုင်ပါတယ် ။ထို့အတူပါပဲ DVD R Drive ကလည်း CD DVD ခွေလောက်သာဖတ်နိုင်ပြီး မကူးနိုင်ပါဘူး DVD RW Drive တော့ CD / DVD ခွေကိုဖတ်လည်းဖတ် ကူးလည်းကူးနိုင်ပါတယ် ။ တစ်ခါတလေ CD RW / DVD R အမျိုးစားတွေလည်းရှိတတ်ပါသေးတယ် သူကြတော့ CD ခွေကို ဖတ်နိုင် ကူးနိုင်ပြီး DVD ခွေကိုဖတ်ပဲဖတ်နိုင်ပြီးမကူးနိုင်ပါဘူး DVD Drive တွေမှာလည်း Speed အမျိုးစားတွေရှိပါတယ် CD Drive ခွေမှာဆိုရင် 8 X 16 X 24 X 32 X 48 X 52 X ဆိုပြီးရှိသလို DVD Drive တွေမှာ 4 X 8 X 16 X 24 X ဆိုပြီးအမျိုးစားတွေရှိပါတယ် ဥပမာ အနေနဲ့ DVD RW 24 X Drive တစ်လုံးမှာခွေကူးမယ်ဆိုရင် ခွေကူးတဲ့ Speed ကအမြင့်ဆုံး 24 X နဲ့ကူးနိုင်ပါတယ် 16 X နဲ့ လည်းကူးနိုင်ပါတယ် ဒါပေမယ့် သူ့ထက်မြင့်တဲ့ Speed နဲ့တော့မကူးနိုင်ပါဘူး ဒါပေမယ့် ကူးတဲ့အချိန်မှာ 24 X Speed နဲ့ ကူးမယ်ဆိုရင် ကိုယ်ကူးမည့်ခွေကလည်း 24 X Speed ရှိမှကူးလို့၇ပါတယ် မဟုတ်ရင်တော့ ခွေမှာ ရှိတဲ့ Speed အမြင့်ဆုံးအထိလောက်သာကူးနိုင်ပါတယ်။ အင်း ဒီလောက်ဆိုရင်တော့ ခွေအကြောင်းနှင့်ပတ်သတ်တဲ့ CD/DVD Drive အကြောင်းတွေစုံလောက်ပြီထင်ပါတယ် အားလုံးသောမိတ်ဆွေ လည်းနားလည်သဘောပေါက်လောက်မယ်ထင်ပါတယ် ဒါကြောင့်ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါလို့ ပြောပါရစေ....။
( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာဒေါင်းလော့ယူနိုင်ပါတယ် )
Download
အားလုံးကိုချစ်ခင်လေးစားလျှက် နောင်နောင် တောင်ပေါ်သား
( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာဒေါင်းလော့ယူနိုင်ပါတယ် )
Download
အားလုံးကိုချစ်ခင်လေးစားလျှက် နောင်နောင် တောင်ပေါ်သား




