သင်တန်းမှ ဆရာမင်းမင်းချစ်က သင်တန်းသားတွေကို မေးမြန်းလိုက်ပါတယ် အရင်ကတော့ ကိုယ့်အရည်ချင်းပြည့်စေဖို့ရန်အတွက် အမေးဖြေလုပ်ခိုင်းပါတယ် တစ်ဦးမှလည်း မေးမြန်း ချင်းမပြုလုပ်ကြဘူး ဒီတော့ ဒီနေ့အခြားလူများက လိုင်းပေါ်ကနေမေးမြန်း လာတာကို ဖြေခိုင်းပါတယ် ဘာမေးလာသလဲဆိုတော့ မေးလာသူရဲ့ကွန်ပျူတာဟာ windows 7 64 Bit တင်ထားပါတယ် နောက်ပြီး ram 4 GB ရှိပြီး လေးနေခြင်းကြောင့် ဘာကြောင့်လေးနေတာလဲဆိုတာမေးလာပါတယ် သူဆက်ပြောတာက windows 7 32 bit တင်ရင်ရောမြန်မလားလို့မေးလာပါတယ် သူကိုယ်တိုင်ကိုမသိဘူးဖြစ်နေတယ် သူအထင်ကတော့ 32 Bit ဆိုရင်တော့မြန်မယ်လို့ထင်ခဲ့တာ သူထင်ထားသလိုပဲ 32Bit တင်ရင်တော့မြန်မှာသေချာတယ်။
ဒါပေမယ့် 64 Bit တင်လို့ရတယ်ဆိုတာ မသိတော့ဘူးဆိုရင် တစ်သက်လုံး 32Bit ပဲသူသုံးရတော့မယ် ဒီအကြောင်းကို ဆရာမင်းမင်းချစ်က သင်တန်းသားတွေ ဖြေရှင်းခိုင်းပါတယ် ဒါကြောင့်ကျွန်တော့်အနေနဲ့ သိသလောက်လေးပြန်လည်ရှင်းပြရမယ်ဆိုရင် ဒီတော့ 32 Bit နှင့် 64 Bit ဘာတွေကွာခြားသလဲ ဆိုတော့ CPU နဲ့ ram ပေါ်မူတည်နေပါတယ် 32 Bit ကထိုက်သင့်သလောက်မြန်ပေမယ့် 64 Bit လောက်တော့ မမြန်နိုင်ပါဘူး
အခုနောက်ပိုင်း အသုံးပြုနေကြတဲ့ ကွန်ပျူတာတိုင်းက external databus ကို 64 bit နဲ့အလုပ် လုပ်ကြတာများပါတယ် အဲဒါကြောင့်မို့လို့ 64 Bit တင်ရင်တော့ သေချာပေါက်မြန်မှာပါ ကွန်ပျူတာဟာ windows 7 64 Bit ဖြစ်ပါလျှက်နဲ့ လေးနေတာပါ. နောက်ပြီး ကွန်ပျူတာရဲ့ RAM အသုံးပြုပေါ်လည်းမူတည်တယ် 32 Bit က RAM ကို 4GB ထိလက်ခံတယ်လို့ပြောထားပေမယ့် windows အများအားဖြင့်က 2.75 GB အလွန်ဆုံး တစ်ခုတစ်လေ လောက်ဘဲ့ 3.25 GB ထိ လက်ခံတယ် ဒီတော့ 64 bit က Ram 2 GB ကနေ 128 GB ထိအသုံးပြုလို့ရတဲ့အတွက် Ram 4GB လောက်ပါတဲ့ computer တစ်လုံးမှာ Windows 7 64 Bit တင်မှ 4 GB လုံးအပြည့်အဝသုံးခွင့်ရမှာပါ ဒါပေမယ့်မေးလာတဲ့ကောင်လေးရဲ့ပြသာနာကတော့ Windows 7 64 bit ကိုလည်းတင်ထားပါတယ် Ram လည်း 4 GBရှိပါတယ် CPU လည်း 64 Bit spot လုပ်ပြီး CPU လည်းအမြင့်ထဲကပါဘဲ့ အဓိကသူရဲ့ ပြသာနာကတော့ Windows ကြောင့်မဟုတ်ဘဲ့ Windows မှာရှိနေတဲ့ virus က အထဲမှာ Run နေလိုက်တာ ရှိသမျှ Ram တွေကုန်သလောက်ဆိုတော့ နှေးနေတာပါ သူ့မေးသလိုမျိုး 32 Bit တင်ရင်တော့ Virus ပါပျောက်သွားရင်တော့ 64 Bit ထက်မြန်သလိုဖြစ်သွားပါလိမ့် အဲဒါဆိုရင်သူကတော့ 64 Bit ထက် 32 Bit ကပိုမြန်တယ်လို့ထင်ပြီး တစ်သက်လုံးသူများတွေကိုလိုက်ပြောနေရင်သူနဲ့သိတဲ့သူတွေ အကုန်လုံးလဲအဲလိုနားလည်သွားမှာကြောင့်လို့ windows 7 32 bit နှင့် 64 bit အကြောင်းနည်းနည်းလေးရှင်းပြပေးတာပါ ဒီနေ့ကတော့ဒီလောက်ပါဘဲ့...။
အားလုံးကိုချစ်ခင်လေးစားလျှက် နောင်နောင် တောင်ပေါ်သား
အားလုံးကိုချစ်ခင်လေးစားလျှက် နောင်နောင် တောင်ပေါ်သား




