Pages

Monday, December 22, 2014

Asus zenfone 5 kitkat version 4.4.2 root ဖောက်နည်း နှင့် မြန်မာစာထည့်နည်း


အခုသူငယ်ချင်းတွေအတွက် မတင်တာလဲကြာပြီဆိုတော့ အခုကျွန်တော်တင်ပေးမှာကတော့ Asus zenfone 5 kitkat version 4.4.2 ကို root လုပ်နည်းလေးဖြစ်ပါတယ် 
လိုအပ်တဲ့ software တွေကိုအောက်မှာ download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ File Size ကတော့ 74 MB ရှိပါတယ် 


ဒေါင်းထားတဲ့ဖိုင်ကို Desktop ပေါ်မှာအရင်ဖြေလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ပေးလိုက်ပါ ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက Driver ဖိုင်ထဲကဖိုင်ကို Driver ကို အရင်ဦးဆုံး install အရင်လုပ်ရမှာဖြစ်ပါတယ် ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဖို့အတွက် ဖုန်းကိုကွန်ပျူတာကနေသိအောင် Android ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်နည်း နှင့် Unknown sources ပြင်နည်း ထဲမှာဝင်ကြည့်ပြီးပြင်ပေးလိုက်ပါ ပြင်ပြီးသွားရင်တော့ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်လိုက်ပါအောက်ပုံအတိုင်း driver ကို ရှာနေပါလိမ့်မယ် တွေ့သွားရင်တော့ အောက်ကပုံအတိုင်းတွေ့ပါလိမ့်မယ်

 ပြီးရင်အခုနကဖိုင်ထဲကနောက်တစ်ဖိုင်ဖြစ်တဲ့ RootZenFone5 root ဖိုင်ထဲကိုဝင်ပြီး အောက်မှာပြထားတဲ့ပုံထိရောက်အောင် ဝင်ပြီး files ပေါ်မှာ shift ခလုတ်ကိုဖိထားပြီး Mouse ကို right click နှိပ်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာရင် open command window နှိပ်လိုက်ပါ
 ပုံအတိုင်း cmd ပွင့်လာပါက device ဆိုတဲ့စာလုံးကိုရိုက်ပြီး enter ခေါက်လိုက်ပါ
ဖုန်းထဲမှာအောက်ကပုံအတိုင်းပေါ်လာရင် Always allow from this computer ကိုအမှတ်ချက်ပေးပြီး OK နှိပ်လိုက်ပါ
 6.အခုနကဖွင့်ထားတဲ့ဖိုင်အောက်က အောက်မှာအနီရောင်နဲ့ဝိုင်းပြထားတဲ့ဖိုင် (Root-Zenfone5-ww) ကိုနှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ
 အောက်မှာပြထားတဲ့ပုံအတိုင်း တစ်ဖြည်းဖြည်းချင်းကျလာလိမ့်မယ် ခဏစောင့်လိုက်ပါ
 နောက်ထပ်အောက်ကအနီရောင်ဝိုင်းထားတဲ့ အတိုင်းတက်လာပါက ဖုန်းကို root လုပ်လို့ပြီးသွားပါပြီ
 root လုပ်လို့အာင်မြင်သွားရင်တော့ဖုန်းထဲမှာ အောက်ကပုံမှာ အနီရောင်လေးဝိုင်းထားတဲ့ (SuperSu) Icon လေးရောက်နေတာကိုတွေ့ရပါလိမ့်မယ် ဒါဆိုရင်တော့ ဖုန်း Root ဖောက်လို့အောင်မြင်ပါပြီ

Android ဖုန်းတွေမှာ မြန်မာ Keyboard ထည့်နည်းနှင့် မြန်မာ Keyboard များ

မြန်မာစာ Keyboard ထည့်နည်းလေးပါ ဆရာသမားတွေကကျော်သွားပေါ့နော် လွယ်ပေမယ့်လဲမတတ်တဲ့လူတွေအတွက်ရည်ရွယ်တာပါ နမူနာအနေနဲ့ Frozen Keyboard နဲ့ပြထားပါတယ် တခြား Keyboard တွေလဲအောက်မှာဒေါင်းယူနိုင်ပါတယ် Frozen keyboard.apk ကို install လုပ်လိုက်ပါ ပြီး setting ထဲကိုဝင်ပြီး 
Language & input ထဲကိုဝင်ပြီး Default အကွက်အောက်မှာ Frozenkeyboard ကိုအမှတ်ချက်ပေးပြီး Default အထဲမှာ Frozenkeyboard ကိုရွေးပေးလိုက်ပါ အောက်ကပုံအတိုင်းဖြစ်အောင်လုပ်ပြီးမြန်မာစာရော Keyboard ပါထည့်လို့ပြီးပါပြီး
အောက်မှာ မြန်မာ Keyboard တွေပါ ကြိုက်နှစ်သက်ရာဒေါင်းထည့်နိုင်ပါတယ်

အဆင်မပြေတာရှိရင် www.fb.com\minminchit. org က Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်

MMAS Zawgyi font အကိုသုံးပြုပြီး Android Version 4.2 ၊ 4.3 နှင့် 4.4 တွေမှာမြန်မာစာမှန်အောင်ထည့်နည်း

MMAS Zawgyi font ကိုအသုံးပြုဖို့အတွက်တော့ ပထမ ဦးဆုံး ဖုန်းမှာ Root အရင်ဖောက်ထားဖို့လိုပါတယ်
ဒီ font ကိုအသုံးပြုရင်တော့ အရင်ကတခြား changer တွေမသုံးထားရင်ပိုကောင်းပါတယ် သုံးထားရင်လဲ ဖုန်း ကို reset အရင်ချပြီးမှ လုပ်ပါလို့အကြံပြုချင်ပါတယ်


ပြီးရင် MMAS Zawgyi ကို install လုပ်လိုက်ပါအာက်ကပုံအတိုင်းပေါ်လာလိမ့်မယ် ဒီတော့ မြန်မာစာအတွက် ပါသော Check Root Access ကိုနှိပ်လိုက်ပါ

ပြီးလျှင်  Android 4.2 နှင့် 4.3 တွင်မြန်မာစာပေါ်တာမှန်စေရန် ဟုရေးထားသော စာတန်းကိုနှိပ်လိုက်ပါ
အောင်မြင်သွားပါပြီ မိမိရဲ့ Facebook သို့မဟုတ် တစ်ခုခုကိုဝင်ကြည့်လိုက်ပါ စာတွေအဆင်ပြေတယ်ဆိုရင် မြန်မာစာထည့်လို့အဆင်ပြေပါပြီ
အဆင်မပြေတာရှိရင် www.fb.com\minminchit. org က Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်