Pages

Sunday, October 12, 2014

Imobile Istyle 2.6 Firmware တင်နည်း

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-frc3/t1.0-9/1471981_623429611075905_6685456754278304802_n.jpg

တောင်းထားတဲ့လူလေးရှိလို့ပါ ကဲ Imobile Istyle 2.6 ကို အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်နေပြီးတိုင်ပတ်နေတဲ့ ဖုန်းတွေအတွက် အဆင်ပြေအောင်  firmware တင်နည်းလေးတင်ပေးလိုက်ပါတယ်
ဒီဖုန်းက တခြားဖုန်းတွေလို မဟုတ်ဘဲ computer အသုံးမပြု ဘဲ SD card ကနေ Firmware တင်ရမှာဖြစ်တဲ့အတွက် SD card 1GB လောက် လောက်ရှိရပါမယ် SD card မှာ ဘာမှမထည့်ထားတဲ့ဟာဆိုပိုကောင်းပါတယ်
ပြီးရင် Istyle 2.6 Firmware ဖိုင်ကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ 
File Size ကတော့ 613 MB ရှိပါတယ်


ပြီးရင်ဖိုင်ကိုဖြေလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ အထဲမှာ Firmware Zip ဖိုင်တစ်ဖိုင်ရလာလိမ့်မယ်
ရလာတဲ့ Zip ဖိုင်ကို SD ကဒ်ထဲကိုထည့်လိုက်ပါ
ပြီးရင် SD ကဒ်ကိုဖုန်းထဲထည့်ပြီး Recovery mode ခေါ်ပါ
vol up+ Power ပါ အောက်ကပုံတိုင်းတက်လာရင် Recovery mode  သုံးဖို့ vol ခလုတ်ကိုနှိပ်ပြီးအပေါ်အအောက်ရွေ့လို့ရပါတယ်ပြီးရင် apply update from sdcard ကိုရွေးပေးလိုက်ပါ ပြီးရင် power ခလုတ်ကိုနှိပ်လိုက်ပါ ပြီးရင် SD ကဒ်ထဲက Firmware Zip ဖိုင်ကိုရွေးပေးလိုက်ဒါဆိုရင်သူဟာသူ Firmware တင်နေပါလိမ့် ပြီးသွားရင်တော့ reboot system now ကိုနှိပ်လိုက်ရင် restart ချပြီးပြန်တင်လာရင် Firmware တင်လို့ပြီးပါပြီ Boot တက်စမှာတော့ နည်းနည်းကြာတတ်ပါတယ် အားလုံးနည်းပညာတွေတတ်မြောက်ပြီးအဆင်ပြေကြပါစေ နားမလည်တာရှိရင်တော့ www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်
မှတ်ချက် လက်ထဲတွင် istyle 2.6 ဖုန်းမရှိပါသဖြင့်အင်တာနက်ပေါ်မှပုံအားယူသုံးထားပါသည်



Android Version 4.3 ကို ကွန်ပျူတာသုံးပြီး Vroot ဖြင့် root ဖောင့်နည်း

အခုတင်ပေးမယ့်အကြောင်းအရာကတော့ ကွန်ပျူတာသုံးပြီး vroot နဲ့ root ဖောက်နည်းဘဲ့ဖြစ်ပါတယ် Android Version 4.3 ထိပေါက်ပါတယ် vroot ရဲ့အားသာချက်ကတော့ အင်တာနက်ရှိရင်တော့ Driver ရှာစရာမလိုပါဘူး အင်တာနက် မရှိရင်တော့ ပထမဦးဆုံး Driver အရင်ရှာထည့်ထားဖို့လိုပါတယ် ဒီ vroot software ကတော့ တရုပ်စာ vroot ပါ version ကတော့ 1.7.9 ဘဲ့ဖြစ်ပါတယ်
လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို အောက်မှာပုံနှင့်တကွပြထားပါတယ် ဒီ Post ကိုတတ်ထားပြီးသားလူများကျော်ကြည့်ကြပါလို့ပြောကြားရင် လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုအောက်မှာ ပုံနဲ့တကွရှင်းပြထားပါတယ်
 ပထမဦးဆုံးဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ဖို့အတွက်နဲ့ .apk တွေထည့်ဖို့ရဖို့အတွက်လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို ဒီမှာ ဝင်ကြည့်လိုက်ပါ
ပြီးရင်လိုအပ်တဲ့ windows နဲ့တွဲဖက်အသုံးပြုရမယ့် vroot software ကို အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ်

Download

ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကို Winrar နဲ့ဖြေလိုက်ပါ password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ ပြီးရင်ကွန်ပျူတာမှာ install လုပ်လိုက်ပါ ပြီးရင် install လုပ်လိုက်တဲ့ vroot program ကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်



ပြီးရင်ကွန်ပျူတာနဲ့ဖုန်းကိုချိတ်ဆက်လိုက်ပါ ကွန်ပျူတာကနေ Driver ရှာပါလိမ့်မည် Driver ကိုဖုန်းအမျိုးအစားလိုက်ပြီးထည့်ပေးဖို့လိုပါတယ် အင်တာနက်ရှိရင်တော့ vroot software ကသူ့ဟာသူ Driver ရှာပါလိမ့်မယ်ရှာလို့တွေ့သွားရင်တော့အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်


ပြီးရင် root ကိုနှိပ်ပြီး root ဖောက်လိုက်ပါ ဖုန်း က auto restart ချ ပြီးပြန်တက်လာလိမ့်မယ် root ပေါက်သွားရင်တော့ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
ဒါဆိုရင်တော့ root ဖောက်လို့အောင်မြင်သွားပါပြီ
အဆင်မပြေတာရှိရင်တော့ www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါစေ
နည်းပညာတွေတတ်ကျွမ်းပြီးအောင်မြင်ကြပါစေ