အခုတင်ပေးမယ်ဆော့ဝဲလေးကတော့ Viber version အသစ်လေး နှင့် Viber အကောင့်ဖွင့်နည်း လေးကိုပါ ပုံတွေနှင့်တကွရှင်းပြထားပါတယ် ခင်ဗျာ
Viber version အသစ်လေးကို အောက်က Link လေးမှာဒေါင်းယူနိုင်ပါတယ်
Software တွေကိုဖိုင်ဖြေဖို့အတွင် Winrar ဖိုင်မရှိရင်
winarar.apk ဒေါင်းယူပါ Winrar ဖြေနည်းကို မသိပါက အောက် Link မှာလေ့လာနိုင်ပါတယ်
http://www.minminchit.org/2014/09/winrar.html
ကဲစကြအောင် Viber ဆော့ဝဲလ်လေးကို ဒေါးပြီး install လုပ်ပြီးပါက ပုံတွင်ပြထားသည့်အတိုင်း Viber ဆော့ဝဲလ်လေးကို ဖွင့်လိုက်ပါ
Viber ကိုဖွင့်ပြီးပါက ပုံတွင်ပေါ်သည့်အတိုင်းပေါ်လာလိမ့်ပါမည် ဒါဆို Continue ဆိုတာကို နှိပ်ပါ
Continue ဆိုတာကိုနှိပ်ပြီးပါက အခုအောက်ကပုံလိုပုံလာလျှင် Your country ဆိုတဲ့နေရာမှာ ကိုယ်နေတဲ့ နိုင်ငံကိုရွေးရမှာဖြစ်ပါတယ် အောက်က Phone number ဆိုတဲ့နေရာမှာတော့ သူငယ်ချင်းတို့ Viber ဖွင့်မယ့် ဖုန်းနံပါတ်ကိုရိုက်ထည့်ပါ
အပေါ်ကပုံမှာ ကိုယ်နေတဲ့နိုင်ငံရွေးခိုင်းတာ မရွေးတတ်ပဲနေမှာဆိုးလို့ မိုးမျှော် ပုံနဲ့သေချာ ရှင်းပြလိုက်ပါတယ် မိုးမျှော် ထိုင်းမှာ နေသောကြောင့် Thailand (+66) ကိုရွေးလိုက်ပါတယ်
ဖုန်းနံပါတ် မှန် မမှန် စစ်ဆေးပါခင်ဗျာ
ဖုန်းနံပါတ်မှန်မမှန်စစ်ဆေးပြီးပါက ခဏစောင့်ပေးပါခင်ဗျာ
ကုတ်ပို့လာတဲ့အထိ စောင့်ပေးပါ
ဒီနေရာမှာ ကုတ်ပို့တာ ၂ နည်းရှိပါတယ် တခါတလေ စာအိတ်နဲ့ပို့လာသလို ဖုန်းခေါ်ပြီးပို့လာ တာလဲ ရှိပါတယ် ဖုန်းမကိုင်လည်း သူ့ဖာသာ ကုတ်က automatic ဖြည့်ပေးပါတယ်
Enter Your name ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့နာမည်ကို ရေးပါ ပုံမှာ အနီဝိုင်းထားတဲ့ နေရာကတော့ ဖုန်းထဲကဓါတ်ပုံကိုထည့်ချင်သူများက အနီဝိုင်းထားသောနေရာကို နှိပ်ပါ အနီမဝိုင်းထားသော ဘယ်ဘက် ကင်မရာလေးလို ပေါ်တဲ့နေရာကိုနှိပ်ပါက ကင်မရာနဲ့ တိုက်ရိုက် ရိုက်ပြီးထည့်နိုင်ပါတယ်
အားလုံးထည့်ပြီးသွားရင်တော့ Continue ကိုနှိပ်ပါ
ကိုယ့်ဖုန်းထဲမှာ Viber ရှိတဲ့ ဖုန်းနံပါတ်တွေ ရှိပါက အခုလိုပေါ်လာမှာဖြစ်ပါတယ် ကိုယ့်စာပို့ချင်တဲ့သူ ကိုရွေးချယ်လိုက်ပါ
ပုံထဲကလို စာပို့လို့ရမှာ ဖြစ်ပါတယ် ဒါဆို Viber ဖွင့်နည်းကို နားလည်သဘောပေါက် တက်မြောက် မည်ဟုယုံကြည်ပါတယ်ခင်ဗျာ
မှတ်ချက်။ ။ ဆရာကြီးများကိုမရည်ရွယ်ပါဘူးခင်ဗျာအခုမှာ အင်တာနက်ကို စတင်လေ့လာသူများအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်ပါတယ်ခင်ဗျာ Copy ကူးယူထားခြင်းမရှိသောကြောင့် သူငယ်ချင်း တို့အဆင်ပြေပါလိမ့်မည် ဖြစ်ပါသည်။
အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)