အခုတင်ပေးမယ့် ဆော့ဝဲလ်လေးကတော့ Winrar ဆော့ဝဲလ်လေးပါ ဖုန်းများအတွက်ပါ
Winrar ဆော့ဝဲလ် သက်သက်ပဲတင်ပေးတာမဟုတ်ပဲ Winrar ဖိုင်ဖြေနည်းလေးကိုပါ ပုံနှင့်တကွ
ရှင်းပြထားပါတယ် ကဲ စပြီး Winrar ဖိုင်လေးကိုအရင် ဒေါင်းလိုက်ကြပါစို့....
Winrar ဖိုင်လေးကိုဒေါင်းပြီးပါက install လုပ်ပါ install လုပ်နည်းကိုတော့ရှင်းမပြတော့ဘူးနှော်
Winrar ဆော့ဝဲလ်လေးကို install လုပ်ပြီးပါက ပုံတွင်ပြထားသည့်အတိုင်း Winrar ဆော့ဝဲလ်လေးကို
ဖွင့်လိုက်ပါ
Winrar ဆော့ဝဲလ်ကိုဖွင့်ပြီးပါက ကိုယ့်ဖြေမယ့်ဖိုင်ရှိရာနေရာကိုလိုက်ရှာရမှာ ဖြစ်သောကြောင့် မိုးမျှော်
ကတော့ အင်တာနက်ကနေဒေါင်းထားတာကြောင့် Download ဖိုင်လေးထဲကိုဖွင့်လိုက်ပါတယ်
ကျွန်တော်အခုဖြေမယ့် ဆော့ဝဲလ်လေးကတော့ Viber ဖြစ်ပါတယ် ဒါကြောင့် Viber ကို Winrar နှင့်
ချုပ်ထား တာကြောင့် Winrar နှင့်ပြန်ဖြေမှာဖြစ်ပါတယ် Viber လေးကိုဖွင့်လိုက်ပါပြီ...
ဖွင့်လိုက်တာနဲ့ ဒီလို လေးပေါ်လာမှာပါဖြစ်ပါတယ်ခင်ဗျာ ပုံမှာအမျှားပြထားတာလေးကိုဖွင့် လိုက်ပါ
အပေါ်မှာ ဖွင့်လိုက်တာနဲ့ အခုပုံမှာပေါ်သလိုပေါ်နေတာက Winrar ချုပ်တာမှာ Password ခံထားလို့ပါ ကျွန်တော်တို့တင်နေတဲ့ ဆော့ဝဲလ်တိုင်းမှာ Password ခံထားပါတယ် ကျွန်တော် တင်ထားတဲ့ ဆော့ဝဲလ်တွေ ထဲက Password ကတော့ www.minminchit.org ပါ
Password ကိုမှန်အောင်ဖြည့်ပေးပါ Password မှန်ပါက ခဏစောင့်ပေးပါ
ပုံထဲကလို ပေါ်လာရင်တော့ Winrar ဖြေတာအောင်မြင်သွားပါပြီ ကျွန်တော်ကတော့ install လုပ်ပြီးသား ဖြစ်သောကြောင့် install မလုပ်တော့ပါဘူး သူငယ်ချင်းတို့ install လုပ်မည်ဆိုပါက ပုံထဲကမျှားပြထားသောနေရာကို နှိပ်ပါ ဒါဆို Winrar ဖြေနည်းကို ကောင်းကောင်းကြီး နားလည် သဘောပေါက် တက်မြောက်လိမ့်မည်လို့ယုံကြည်ပါသည်။
မှတ်ချက် ဆရာကြီးများအတွက်မရည်ရွယ်ပါ အခြေခံသမားများအတွက်အထောက်အကူပြုစေ ရန်ရည်ရွယ်ပါသည်။
အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)








0 comments:
Post a Comment