Pages

Wednesday, October 15, 2014

Nokia X,XL,X+ ဖုန်းတွေအတွက် Root , CWM , Playstore တို့ ကို အလွယ်တစ်ကူ သွင်းနည်း


တောင်းထားတဲ့လူရှိတဲ့အတွက်ထပ်တင်ပေးတာပါ ဒါကတော့ လက်ရှိ Nokia တွေ မှာ ခေတ်စားနေတဲ့ Android အုပ်စုဝင်တွေဖြစ်တဲ့ဖုန်းတွေမှာ Root , CWM သွင်းနည်းနှင့်တစ်ချို့ဖုန်းတွေ Playstore မပါတဲ့အတွက် Playstore ထည့်နည်းလေးပါတင်ပေးလိုက်ပါတယ် ပထမဦးဆုံး ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဖို့အတွက် Android ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်နည်း နှင့် Unknown sources ပြင်နည်း  ပြင်နည်းထဲမှာဝင်ကြည့်ပြီးပြင်လိုက်ပါ 
ပြီးရင်အောက်မှာ Nokia X Manager ဖိုင်ကို Download ကိုနှိပ်ပြီးဒေါင်းလိုက်ပါ

Download

ဒေါင်းလို့ရလာတဲ့ဖိုင် Install လုပ်လိုက်ပါ password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ Install လုပ်လို့ပြီးရင်တော့ Nokia X Manager Software ကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် ဖွင့်လို့မပွင့်ရင်တော့ .net framework 4.0 
ထဲမှာဝင်ကြည့်ပြီး Install လုပ်လိုက်ပါ ပြီးရင် Nokia X Manager ဖိုင်ကိုပြန်ဖွင့်လိုက်ပါ

  

ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ပေးလိုက်ပါ ပြီးရင် Install ADB Driver ကိုအပေါ်ကပုံမှာပြထားတဲ့အတိုင်းနှိပ်ပြီး Nokia ဖုန်း Driver ကို Install လုပ်လိုက်ပါ


 ဖုန်းကိုကွန်ပျူတာကသိပြီဆိုရင်အပေါ်ကပုံ ဝိုင်းပြထားတဲ့အတိုင်းပေါ်နေလိမ့်မယ်


 ပြီးရင်အပေါ်မှာဝိုင်းပြထားတဲ့အထဲက Root Device ကို နှိပ်လိုက်ပါ
နှိပ်ပြီးသွားရင် ဖုန်း auto ပိတ်ပြီးပြန်တက်လာရင် ဖုန်းထဲမှာ SuperSu icon လေးတွေ့လို့ရှိရင် ဖုန်း root ဖောက်တာအောင်မြင်ပါပြီ


Playstore ထည့်ချင်ရင်တော့ အပေါ်မှာဝိုင်းပြထားတဲ့အထဲက Install GApps ကိုနှိပ်လိုက်ပါ နှိပ်ပြီးသွားရင် ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ထားတာကိုဖြုတ်ပြီးဖုန်းကို restart ချလိုက်ပါ ပြန်တက်လာရင်တော့ Playstore apk icon ကိုမြင်ပါလိမ့်မယ် CWM သွင်းချင်ရင်လည်းအပေါ်ကလိုဘဲ့ Install CWM ကိုနှိပ်ပြီး Install  လုပ်နိုင်ပါတယ် နားမလည်ရင်တော့ အောက်မှာ Video နဲ့လည်းကြည့်ပြီးလုပ်နိုင်ပါတယ် နားမလည်တာသို့မဟုတ်အဆင်မပြေတာရှိရင်တော့ www.fb.com/minminchit.org သို့လာရောက်မေးမြန်းနိုင်ပါတယ်

Winrar ဖိုင်ချုပ်နည်း

ဒီနေ့ကျွန်တော်သင်ပေးမှာကတော့ ကွန်ပျူတာတိုင်းမှာရှိပြီးသားဖြစ်တဲ့ Winrar ဆော့ဝဲလ်လေး အသုံးပြုပုံကို မသိသူများအတွက် အခုမှ ကွန်ပျူတာလေ့လာသူများအတွက်အထောက်အကူဖြစ်စေရန် Winrar နဲ့ ဖိုင်တွေမဖေါင်း မပွရအောင် ဖိုင်ချုပ်နည်းလေးကိုကျွန်တော် ပုံနှင့်တကွ သင်ပေးမှာဖြစ်ပါတယ် ခင်ဗျာ သိပြီးသားလူများအတွက်သော်လည်းကောင်း ဆရာသမားတို့အတွက်သော်လည်းကောင်းမရည်ရွယ် ပါဘူးခင်ဗျာ အခုမှ ကွန်ပျူတာကိုလေ့လာသူများအတွက် ရည်ရွယ်ပါသည်ခင်ဗျာ........ကဲစကြပါစို့...

Winrar မရှိသူများ ဒီမှာ သွားရောက်ဒေါင်းယူပါ

အခုကျွန်တော်ဖိုင်ချုပ်မှာကတော့ Winrar 5.0 ကိုပဲ ဖိုင်ချုပ်ပြမှာဖြစ်ပါတယ် ဒါကြောင့် အားလုံးကို Ctrl+A ကိုနှိပ်၍ Selest All ပေးရမှာဖြစ်ပါတယ်ခင်ဗျာ 


Selest All ပေးပြီးလျှင် ကျွန်တော်တို့ ဖိုင်ချုပ်ဖို့အတွက် ဖိုင်တစ်ဖိုင်ထဲကို ပို့ရမှာဖြစ်ပါတယ် ဒါကြောင့် Selest All ပေးထားတဲ့ ဖိုင်တွေကို Copy သော်လည်းကောင်း Cut ပြီးသော်လည်းကောင်း ကြိုက်တာကို ရွေးနိုင်ပါတယ် ကျွန်ေ်တ်ာကတော့ မူရင်းဖိုင်မပျောက်စေချင်လို့ Copy ပဲကူးလိုက်ပါတယ် 



New Floder ကိုယူလိုက်ပါ နောက် ကိုကြိုက်တဲ့ နာမည်ကိုပေးပါ ကျွန်တော်ဖိုင်ချုပ်မှာကတော့ 
Winrar 5.0 ဖြစ်သောကြောင့် နာမည်နဲ့လိုက်အောင် ပေးထားလိုက်ပါတယ် ဥပမာ သူငယ်ချင်းတို့ ချုပ်မယ့်ဖိုင်က သီချင်းဆိုရင် အဆိုတော် အောင်သစ်ထားပါစို့ဒါဆိုရင် အောင်သစ် ဆိုပြီးပေးလို့ရပါတယ် 



Copy ကူးလာတဲ့ဖိုင်ဖြစ်ဖြစ် Cut ဖိုင်ဖြစ် ဖြတ်လာတဲ့ ဖိုင်ကိုဖြစ်ဖြစ် Paste လုပ်လိုက်ပါ


ဒီနေရာမှာတော့ အရေးကြီးတဲ့နေရာလို့ပဲ ပြောရပါလိမ့်မယ် ဖိုင်ချုပ်ဖို့အတွက် နည်းလမ်း အများကြီးထဲက အလွယ် တကူဖိုင်ချုပ်နည်း (၂) မျိုးကို ရှင်းပြပေးပါမယ်  Add to archive နှင့် Add to "win-Rar-v5.0.rar" ဆိုတဲ့ ၂ မျိုးကို ရှင်းပြပေးပါ့မယ် ဒီနေရာမှာ Add to "win-Rar-v5.0.rar" ဆိုတဲ့နေရာကတော့ ကိုယ့်ပေးထား တဲ့ နာမည် ကို Add to ရဲ့နှောက်မှာ ပါမှာဖြစ်ပါတယ်..


Add to archive ဆိုတာကိုနှိပ်ပါ အဲထဲမှာ General ကိုအရင်ရောက်ပါလိမ့်မယ် ပုံမှာ အမျှားထားတဲ့ အတိုင်းကိုလိုချင်တဲ့ နာမည်ကို ပြန်ပြောင်းနိုင်ပါတယ်


အခုပုံမှာကတော့ ဖိုင်ကိုချုပ်တာမှာ အများတကာတွေ ဖွင့်ကြည့်မရအောင် Password ထည့်ထားချင်ရတော့  Advanced ဆိုတာထဲက Set Password ဆိုတာကို နှိပ်ပါ 


အခုပုံမှာ မြင်တွေ့ရသည့်အတိုင်းပေါ်လာပါလိမ့်မယ် ကိုကြိုက်နှစ်သက်ရာ Password ကိုထည့်နိုင်ပါတယ် ကျွန်တော်ကတော့ www.minminchit.org လို့ယူလိုက်ပါတယ် ကိုကြိုက်နှစ်သက်ရာ Password ကိုထည့်ပြီးရင်တော့ Ok ဆိုတာကို နှိပ်ပါ


Ok နှိပ်ပြီးပါက အခုလိုဖိုင်ချုပ်နေတာကို မြင်တွေ့ရပါလိမ့်မယ် ခဏလေးစောင့်ပေးပါ 




အပေါ်က ပုံလေးထဲမှာ အမျှားလေးပေါ်ထောင်ပြထားတဲ့ ဖိုင်လေးလိုပေါ်ရင်တော့ အောင်မြင်စွာပထမ တစ်ဆင့်ပြီးဆုံးသွားပါပြီ ကိုချုပ်ထားတဲ့ ဖိုင်မှာ Password က ကိုထည့်လိုက်တာ ကိုမှမမှန် စစ်ဆေးလိုပါက left click လေးပေးပြီး Open ဆိုတာကိုနှိပ်ပါ နှိပ်ပြီးပါက ပုံထဲက အတိုင်းပေါ်လာပါလိမ့်မယ် ကိုကြိုက်နှစ် သက်တဲ့ ဖိုင်ကို နှိပ်ပါ Password တောင်းပါလိမ့်မယ် ကိုထည့်ထားတဲ့ Password ကိုရိုက်ထည့်ပါ ဒါဆိုပထမ တစ်ဆင့်ကို အောင်မြင်သွားပါပြီ




အခု နောက်ထပ် အလွယ်ဆုံးနည်းလမ်းလေးပါ ဒါကတော့ Add to "win-Rar-v5.0.rar" နှင့်ချုပ်မှာပဲ ဖြစ်ပါတယ် Password ထည့်ထားလို့မရပါဘူး ဖိုင်ကို ချုပ်ယုံ တာချုပ်ခွင့်ပေးထားတာပါ Password မထည့်ချင်ဘူးဆိုရင် ဒီနည်းလမ်းလေးအတိုင်း ချုပ်ပါ  Add to "win-Rar-v5.0.rar" ဆိုတာကိုနှိပ်ပါ  သူငယ်ချင်းတို့ ချုပ်တဲ့ဖိုင်က တခြားအမည်ဆိုရင် Add to "win-Rar-v5.0.rar" နေရာမှာ Add to ရဲ့နောက်မှာ သူငယ်ချင်းတို့ ယူထားတဲ့နာမည်သာပေါ်ပါလိမ့်မည်


အအပေါ်မှာလိုပဲ ခဏလေးစောင့်ပေးလိုက်ပါတယ် ပြည့်သွားရင်တော့ အောင်မြင်စွာ Winrar ချုပ်နည်း ပြီးဆုံးသွားပါပြီ အခုဆိုရင်လည်းစာဖတ်သူနေနှင့် တင်မြောက်လိမ့်မည်ဟုလည်းယုံကြည့်မိပါသည်။



    အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)