အခုတင်ပေးမယ့်အကြောင်းအရာကတော့
Asus ဖုန်းတွေမြန်မာစာထည့်ဖို့အတွက် root ဖောင့်နည်းဖြစ်ပါတယ်
နဂိုမြန်မာစာပါပြီးသားဖြစ်ပေမယ့် ယူနီကုဒ်ဖြစ်နေတဲ့အတွက် Zawgyi Font
နဲ့ရေးထားတာတွေဖတ်ဖို့ အဆင်မပြေတဲ့အတွက် Zawgyi Font ကို Root
ဖောင့်ပြီးပြန်ထည့်ပေးရပါတယ် Asus Zenfone 4 နှင့် 4.5 ဖုန်းတွေကို root
ဖောက်နည်းကိုအရင်တုန်းကတော့တင်ပေးဖူးပါတယ် 4.3 အတွက်တော့အဆင်ပြေပေမယ့် 4.4.2 တွေမှာမပေါက်ဘဲဖြစ်လာလို့အသစ်လေးစမ်းပြီးတာနဲ့တင်ပေးလိုက်တာပါ သုံးပြုနည်းကတော့အရင်အတိုင်းပါဘဲ့ root ဖိုင်လေးပြောင်းသွားတာလောက်ပါ အဲနည်းကတော့ Computer
ကိုအသုံးပြုပြီး Zip ဖိုင် နဲ့ cmd box ကနေသွင်းမှရပါတယ် အောက်မှာကတော့
root ဖိုင်နဲ့ Driver ဖိုင်ပါ အောက်မှာ Download
ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ်
Download
ရလာတဲ့ဖိုင်ကိုဖြေလိုက်ပါ password တောင်းခဲ့ရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဖို့အတွက် Android ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်နည်း နှင့် Unknown sources ပြင်နည်း ပြင်နည်းထဲမှာဝင်ကြည့်ပြီးပြင်လိုက်ပါ ဖြေလို့ရလာတဲ့ဖိုင်ထဲက Driver ဖိုင်ကိုအရင် Install လုပ်လိုက်ပါ
ပြီးရင်ဖုန်းကိုပိတ်လိုက်ပါ
recovery mod ခေါ်ဖို့အတွက် Vol up ကိုဖိပြီး Power
ကိုပါတစ်ခါတည်းဖိလိုက်ပါ Asus Logo တက်ပြီး စက်ရုပ်ပုံလေးပေါ်လာပြီး
recovery mod တက်လာရင် ကွန်ပျူတာကို USB နဲ့ချိတ်ပေးလိုက်ပါ
ချိတ်ပြီးသွားရင်အောက်ကပုံအတိုင်း Ready For Download ပုံလေးပေါ်လာလိမ့်မယ်

အခုနကဖြေထားတဲ့ဖိုင်ထဲက Root Zenfone 4 ဖိုင်ကိုဖွင့်လိုက်ပါအောက်ကပုံအတိုင်းရှိနေလိမ့်မယ်
ပြီးရင်အပေါ်မှာဝိုင်းပြထားတဲ့အတိုင်း open နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ အောက်ကပုံအတိုင်း cmd box လေးတက်လာလိမ့်မယ်
အဲဒီ cmd box အကွက်ထဲမှာ အောက်ကအနီရောင်နဲ့ရေးထားတဲ့စာကိုကူးပြီးထည့်လိုက်ပါ
fastboot flash update root_zenfone4.zip
ပြီးရင်
enter ကိုနှိပ်လိုက်ပါ cmd ကသူ့ဟာသူ root.zip ဖိုင်ကိုရှာပြီး install
လုပ်ပေးသွားလိမ့်မယ် install လုပ်တဲ့ဟာအောင်မြင်ရင်သူ့ဟာသူ Restart ကျပြီး
အလုပ်ဆက်လုပ်နေလိမ့်မယ် အားလုံးပြီးသွားရင်
ဖုန်းနဂိုအတိုင်းပြန်ပွင့်လာပြီး အောက်ကပုံအတိုင်း superSu icon
လေးဖုန်းထဲမှာပေါ်လာရင်တော့ root ဖောက်တာအောင်မြင်ပါပြီ
အဆင်မပြေတာရှိရင်တော့ www.fb.com/minminchit.org ကိုလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် နည်းပညာများကိုနားလည်လွယ်ပြီး တတ်မြောက်လွယ်တဲ့လူတွေဖြစ်ပါစေဆုတောင်းပေးလိုက်ပါတယ်






