တောင်းထားတဲ့လူလေးရှိလို့ပါ ကဲ Imobile Istyle 2.4 ကို အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်နေပြီးတိုင်ပတ်နေတဲ့ ဖုန်းတွေအတွက် အဆင်ပြေအောင် firmware တင်နည်းလေးတင်ပေးလိုက်ပါတယ်
ဒီဖုန်းက တခြားဖုန်းတွေလို မဟုတ်ဘဲ computer အသုံးမပြု ဘဲ SD card ကနေ Firmware တင်ရမှာဖြစ်တဲ့အတွက် SD card 1GB လောက် လောက်ရှိရပါမယ် SD card မှာ ဘာမှမထည့်ထားတဲ့ဟာဆိုပိုကောင်းပါတယ်
ပြီးရင် Istyle 2.4 Firmware ဖိုင်ကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ
File Size ကတော့ 409 MB ရှိပါတယ်
ပြီးရင်ဖိုင်ကိုဖြေလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ အထဲမှာ Firmware Zip ဖိုင်တစ်ဖိုင်ရလာလိမ့်မယ်
ရလာတဲ့ Zip ဖိုင်ကို SD ကဒ်ထဲကိုထည့်လိုက်ပါ
ပြီးရင် SD ကဒ်ကိုဖုန်းထဲထည့်ပြီး Recovery mode ခေါ်ပါ
vol up+ Power ပါ အောက်ကပုံတိုင်းတက်လာရင် Recovery mode သုံးဖို့ vol
ခလုတ်ကိုနှိပ်ပြီးအပေါ်အအောက်ရွေ့လို့ရပါတယ်ပြီးရင် apply update from
sdcard ကိုရွေးပေးလိုက်ပါ ပြီးရင် power ခလုတ်ကိုနှိပ်လိုက်ပါ ပြီးရင် SD
ကဒ်ထဲက Firmware Zip ဖိုင်ကိုရွေးပေးလိုက်ဒါဆိုရင်သူဟာသူ Firmware
တင်နေပါလိမ့် ပြီးသွားရင်တော့ reboot system now ကိုနှိပ်လိုက်ရင် restart
ချပြီးပြန်တင်လာရင် Firmware တင်လို့ပြီးပါပြီ Boot တက်စမှာတော့
နည်းနည်းကြာတတ်ပါတယ် အားလုံးနည်းပညာတွေတတ်မြောက်ပြီးအဆင်ပြေကြပါစေ
နားမလည်တာရှိရင်တော့ www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်
မှတ်ချက် လက်ထဲတွင် istyle 2.4 ဖုန်းမရှိပါသဖြင့်အင်တာနက်ပေါ်မှပုံအားယူသုံးထားပါသည်



