Pages

Showing posts with label တောင်းဆိုထားသူများအတွက်. Show all posts
Showing posts with label တောင်းဆိုထားသူများအတွက်. Show all posts

Tuesday, December 2, 2014

Imobile IQ 5.7 Firmware တင်နည်း

တောင်းထားတဲ့လူလေးရှိလို့ပါ ကဲ Imobile IQ 5.7 ကို အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်နေပြီးတိုင်ပတ်နေတဲ့ ဖုန်းတွေအတွက် အဆင်ပြေအောင် firmware တင်နည်းလေးတင်ပေးလိုက်ပါတယ် ဒီဖုန်းက တခြားဖုန်းတွေလို မဟုတ်ဘဲ computer အသုံးမပြု ဘဲ SD card ကနေ Firmware တင်ရမှာဖြစ်တဲ့အတွက် SD card 1GB လောက် လောက်ရှိရပါမယ် SD card မှာ ဘာမှမထည့်ထားတဲ့ဟာဆိုပိုကောင်းပါတယ် ပြီးရင် IQ 5.7 Firmware ဖိုင်ကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ File Size ကတော့ 535 MB ရှိပါတယ် 


Download ပြီးရင်ဖိုင်ကိုဖြေလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ အထဲမှာ Firmware Zip ဖိုင်တစ်ဖိုင်ရလာလိမ့်မယ် ရလာတဲ့ Zip ဖိုင်ကို SD ကဒ်ထဲကိုထည့်လိုက်ပါ ပြီးရင် SD ကဒ်ကိုဖုန်းထဲထည့်ပြီး Recovery mode ခေါ်ပါ vol up+ Power ပါ အောက်ကပုံတိုင်းတက်လာရင် Recovery mode သုံးဖို့ vol ခလုတ်ကိုနှိပ်ပြီးအပေါ်အအောက်ရွေ့လို့ရပါတယ်ပြီးရင် apply update from sdcard ကိုရွေးပေးလိုက်ပါ ပြီးရင် power ခလုတ်ကိုနှိပ်လိုက်ပါ ပြီးရင် SD ကဒ်ထဲက Firmware Zip ဖိုင်ကိုရွေးပေးလိုက်ဒါဆိုရင်သူဟာသူ Firmware တင်နေပါလိမ့် ပြီးသွားရင်တော့ reboot system now ကိုနှိပ်လိုက်ရင် restart ချပြီးပြန်တင်လာရင် Firmware တင်လို့ပြီးပါပြီ Boot တက်စမှာတော့ နည်းနည်းကြာတတ်ပါတယ် အားလုံးနည်းပညာတွေတတ်မြောက်ပြီးအဆင်ပြေကြပါစေ နားမလည်တာရှိရင်တော့ www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ် မှတ်ချက် လက်ထဲတွင် IQ5.7 ဖုန်းမရှိပါသဖြင့်အင်တာနက်ပေါ်မှပုံအားယူသုံးထားပါသည်



Wednesday, October 22, 2014

Asus Zenfone 4 နှင့် 4.5 Root ဖောက်နည်း


အခုတင်ပေးမယ့်အကြောင်းအရာကတော့ Asus ဖုန်းတွေမြန်မာစာထည့်ဖို့အတွက် root ဖောင့်နည်းဖြစ်ပါတယ် နဂိုမြန်မာစာပါပြီးသားဖြစ်ပေမယ့် ယူနီကုဒ်ဖြစ်နေတဲ့အတွက် Zawgyi Font နဲ့ရေးထားတာတွေဖတ်ဖို့ အဆင်မပြေတဲ့အတွက် Zawgyi Font ကို Root ဖောင့်ပြီးပြန်ထည့်ပေးရပါတယ် Asus Zenfone 4 နှင့် 4.5 ဖုန်းတွေကို root ဖောက်မယ်ဆိုရင် တခြား root Tool တွေနဲ့ဖောက်လို့မရပါဘူး Computer ကိုအသုံးပြုပြီး Zip ဖိုင် နဲ့ cmd box ကနေသွင်းမှရပါတယ် အောက်မှာကတော့ root ဖိုင်နဲ့ Driver ဖိုင်ပါ အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ်
(မှတ်ချက် Windows 8 နှင့် Windows 8.1 တို့တွင်ဒီနည်းသုံး၍မရပါ)

Wednesday, October 15, 2014

Nokia X,XL,X+ ဖုန်းတွေအတွက် Root , CWM , Playstore တို့ ကို အလွယ်တစ်ကူ သွင်းနည်း


တောင်းထားတဲ့လူရှိတဲ့အတွက်ထပ်တင်ပေးတာပါ ဒါကတော့ လက်ရှိ Nokia တွေ မှာ ခေတ်စားနေတဲ့ Android အုပ်စုဝင်တွေဖြစ်တဲ့ဖုန်းတွေမှာ Root , CWM သွင်းနည်းနှင့်တစ်ချို့ဖုန်းတွေ Playstore မပါတဲ့အတွက် Playstore ထည့်နည်းလေးပါတင်ပေးလိုက်ပါတယ် ပထမဦးဆုံး ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဖို့အတွက် Android ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်နည်း နှင့် Unknown sources ပြင်နည်း  ပြင်နည်းထဲမှာဝင်ကြည့်ပြီးပြင်လိုက်ပါ 
ပြီးရင်အောက်မှာ Nokia X Manager ဖိုင်ကို Download ကိုနှိပ်ပြီးဒေါင်းလိုက်ပါ

Download

ဒေါင်းလို့ရလာတဲ့ဖိုင် Install လုပ်လိုက်ပါ password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ Install လုပ်လို့ပြီးရင်တော့ Nokia X Manager Software ကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် ဖွင့်လို့မပွင့်ရင်တော့ .net framework 4.0 
ထဲမှာဝင်ကြည့်ပြီး Install လုပ်လိုက်ပါ ပြီးရင် Nokia X Manager ဖိုင်ကိုပြန်ဖွင့်လိုက်ပါ

  

ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ပေးလိုက်ပါ ပြီးရင် Install ADB Driver ကိုအပေါ်ကပုံမှာပြထားတဲ့အတိုင်းနှိပ်ပြီး Nokia ဖုန်း Driver ကို Install လုပ်လိုက်ပါ


 ဖုန်းကိုကွန်ပျူတာကသိပြီဆိုရင်အပေါ်ကပုံ ဝိုင်းပြထားတဲ့အတိုင်းပေါ်နေလိမ့်မယ်


 ပြီးရင်အပေါ်မှာဝိုင်းပြထားတဲ့အထဲက Root Device ကို နှိပ်လိုက်ပါ
နှိပ်ပြီးသွားရင် ဖုန်း auto ပိတ်ပြီးပြန်တက်လာရင် ဖုန်းထဲမှာ SuperSu icon လေးတွေ့လို့ရှိရင် ဖုန်း root ဖောက်တာအောင်မြင်ပါပြီ


Playstore ထည့်ချင်ရင်တော့ အပေါ်မှာဝိုင်းပြထားတဲ့အထဲက Install GApps ကိုနှိပ်လိုက်ပါ နှိပ်ပြီးသွားရင် ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ထားတာကိုဖြုတ်ပြီးဖုန်းကို restart ချလိုက်ပါ ပြန်တက်လာရင်တော့ Playstore apk icon ကိုမြင်ပါလိမ့်မယ် CWM သွင်းချင်ရင်လည်းအပေါ်ကလိုဘဲ့ Install CWM ကိုနှိပ်ပြီး Install  လုပ်နိုင်ပါတယ် နားမလည်ရင်တော့ အောက်မှာ Video နဲ့လည်းကြည့်ပြီးလုပ်နိုင်ပါတယ် နားမလည်တာသို့မဟုတ်အဆင်မပြေတာရှိရင်တော့ www.fb.com/minminchit.org သို့လာရောက်မေးမြန်းနိုင်ပါတယ်

Sunday, October 12, 2014

Imobile Istyle 2.6 Firmware တင်နည်း

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-frc3/t1.0-9/1471981_623429611075905_6685456754278304802_n.jpg

တောင်းထားတဲ့လူလေးရှိလို့ပါ ကဲ Imobile Istyle 2.6 ကို အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်နေပြီးတိုင်ပတ်နေတဲ့ ဖုန်းတွေအတွက် အဆင်ပြေအောင်  firmware တင်နည်းလေးတင်ပေးလိုက်ပါတယ်
ဒီဖုန်းက တခြားဖုန်းတွေလို မဟုတ်ဘဲ computer အသုံးမပြု ဘဲ SD card ကနေ Firmware တင်ရမှာဖြစ်တဲ့အတွက် SD card 1GB လောက် လောက်ရှိရပါမယ် SD card မှာ ဘာမှမထည့်ထားတဲ့ဟာဆိုပိုကောင်းပါတယ်
ပြီးရင် Istyle 2.6 Firmware ဖိုင်ကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ 
File Size ကတော့ 613 MB ရှိပါတယ်


ပြီးရင်ဖိုင်ကိုဖြေလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ အထဲမှာ Firmware Zip ဖိုင်တစ်ဖိုင်ရလာလိမ့်မယ်
ရလာတဲ့ Zip ဖိုင်ကို SD ကဒ်ထဲကိုထည့်လိုက်ပါ
ပြီးရင် SD ကဒ်ကိုဖုန်းထဲထည့်ပြီး Recovery mode ခေါ်ပါ
vol up+ Power ပါ အောက်ကပုံတိုင်းတက်လာရင် Recovery mode  သုံးဖို့ vol ခလုတ်ကိုနှိပ်ပြီးအပေါ်အအောက်ရွေ့လို့ရပါတယ်ပြီးရင် apply update from sdcard ကိုရွေးပေးလိုက်ပါ ပြီးရင် power ခလုတ်ကိုနှိပ်လိုက်ပါ ပြီးရင် SD ကဒ်ထဲက Firmware Zip ဖိုင်ကိုရွေးပေးလိုက်ဒါဆိုရင်သူဟာသူ Firmware တင်နေပါလိမ့် ပြီးသွားရင်တော့ reboot system now ကိုနှိပ်လိုက်ရင် restart ချပြီးပြန်တင်လာရင် Firmware တင်လို့ပြီးပါပြီ Boot တက်စမှာတော့ နည်းနည်းကြာတတ်ပါတယ် အားလုံးနည်းပညာတွေတတ်မြောက်ပြီးအဆင်ပြေကြပါစေ နားမလည်တာရှိရင်တော့ www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်
မှတ်ချက် လက်ထဲတွင် istyle 2.6 ဖုန်းမရှိပါသဖြင့်အင်တာနက်ပေါ်မှပုံအားယူသုံးထားပါသည်