Lava Iris 500 / 700 နှင့် အခြား Lava ဖုန်းတွေအပြင် Lenovo ဖုန်းတွေလဲရပါတယ် 4.4.2 တွေကိုဖုန်းထဲကနေ root ဖောက်နည်းပါ ဖုန်းကိုင်ဆောင်ထားသော မိတ်ဆွေများအနေဖြင့်
ကိုယ့်ဟာကိုမြန်မာစာထည်ဖို့ရန်အတွက်ကို ရည်ရွယ် ပြီး
တင်ပေးခြင်းဖြစ်ပါတယ် ဒါဟာ လေ့လာနေဆဲသောသူများအတွက်သာ ဖြစ်ပြီး
တက်သိနားလည်ထားသူများအတွက်မရည်ရွယ်ပါ အရင်တုန်းက ကွန်ပျူတာနဲ့ဖောက်နည်းကိုတင်ထားပေးပြီးသားပါ ကွန်ပျူတာနဲ့ဖောက်တဲ့အချိန်တုန်းက Driver ထည့်တာမမှန်လို့ဖေါက်လို့မရဘူးလို့လာပြောတဲ့လူတွေအများကြီးပါ အခုတော့ အဲပြသာနာကိုဖြေရှင်းဖို့နည်းကတော့ ဖုန်းထဲက Root ဖောက်တဲ့နည်းပါ အခုကဖုန်းနဲ့ဖောက်နည်းပေါ်လာလို့ထပ်တင်ပေးလိုက်တာပါ ဒါပေမယ့်လဲကွန်ပျူတာကတော့ပိုကောင်းပါတယ်လို့အကြံပြုရင်းအောက်မှာ KingRoot.apk ကိုအောက်မှာဒေါင်းယူလိုက်ပါ လက်ရှိစမ်းပြထားတာကတော့ Lenovo S660 Version 4.4.2 ကို စမ်းပြထားတာပါ အဲကောင်ကိုဖောက်တဲ့အချိန်က (၂) ခါလုပ်မှပေါက်တာပါ တစ်ခါတစ်လေ သုံးလေးခါလုပ်မှပေါက်တဲ့ဖုန်းတွေလဲရှိပါတယ် root ဖောက်တဲ့အချိန်မှာ အင်တာနက်ချိတ်ပေးထားရင်ပိုကောင်းပါတယ်
ဒေါင်းလို့ရလာတဲ့ဖိုင်ကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာရင်တော့ Next နှိပ်ပေးလိုက်ပါ
ပြီးရင် install လုပ်နေပါလိမ့်မယ်
ပြီးရင် Open ကိုနှိပ်ပြီး KingRoot software ကိုဖွင့်လိုက်ပါ
ပြီးရင် အစိမ်းရောင်အဝိုင်းလေး (Root) ကိုနှိပ်လိုက်ပါ
သူ့ဟာသူလုပ်နေပါလိမ့်မယ် တစ်ခါတစ်လေ 10 မိနစ်လောက်ကြာတတ်ပါတယ်
Root ပေါက်သွားရင်တော့ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
အောက်မှာကတော့ Root Checker နဲ့စစ်ကြည့်လို့ Root ပေါက်ပြီဖြစ်ကြောင်းပြထားတာပါ
နားမလည်တာရှိရင် ဒီfacebook.com မှာလာရောက်မေးမြန်းနိုင်ပါတယ်
နည်းပညာတွေကျွမ်းကျင်စွာတတ်မြောက်ပြီးလုပ်ဆောင်တာအောင်မြင်ကြပါစေ













