အခုတင်ပေးမယ့်အကြောင်းအရာကတော့
ကွန်ပျူတာသုံးပြီး vroot နဲ့ root ဖောက်နည်းဘဲ့ဖြစ်ပါတယ် Android Version
4.3 ထိပေါက်ပါတယ် vroot ရဲ့အားသာချက်ကတော့ အင်တာနက်ရှိရင်တော့ Driver
ရှာစရာမလိုပါဘူး အင်တာနက် မရှိရင်တော့ ပထမဦးဆုံး Driver
အရင်ရှာထည့်ထားဖို့လိုပါတယ် ဒီ vroot software ကတော့ တရုပ်စာ vroot ပါ version ကတော့ 1.7.9 ဘဲ့ဖြစ်ပါတယ်
လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို အောက်မှာပုံနှင့်တကွပြထားပါတယ် ဒီ Post ကိုတတ်ထားပြီးသားလူများကျော်ကြည့်ကြပါလို့ပြောကြားရင် လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုအောက်မှာ ပုံနဲ့တကွရှင်းပြထားပါတယ်
ပထမဦးဆုံးဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ဖို့အတွက်နဲ့ .apk တွေထည့်ဖို့ရဖို့အတွက်လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို ဒီမှာ ဝင်ကြည့်လိုက်ပါ
ပြီးရင်လိုအပ်တဲ့ windows နဲ့တွဲဖက်အသုံးပြုရမယ့် vroot software ကို အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ်
ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကို Winrar နဲ့ဖြေလိုက်ပါ password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ ပြီးရင်ကွန်ပျူတာမှာ install လုပ်လိုက်ပါ ပြီးရင် install လုပ်လိုက်တဲ့ vroot program ကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
ပြီးရင်ကွန်ပျူတာနဲ့ဖုန်းကိုချိတ်ဆက်လိုက်ပါ ကွန်ပျူတာကနေ Driver ရှာပါလိမ့်မည် Driver ကိုဖုန်းအမျိုးအစားလိုက်ပြီးထည့်ပေးဖို့လိုပါတယ် အင်တာနက်ရှိရင်တော့ vroot software ကသူ့ဟာသူ Driver ရှာပါလိမ့်မယ်ရှာလို့တွေ့သွားရင်တော့အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
ပြီးရင် root ကိုနှိပ်ပြီး root ဖောက်လိုက်ပါ ဖုန်း က auto restart ချ ပြီးပြန်တက်လာလိမ့်မယ် root ပေါက်သွားရင်တော့ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
ဒါဆိုရင်တော့ root ဖောက်လို့အောင်မြင်သွားပါပြီ
အဆင်မပြေတာရှိရင်တော့ www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါစေ
နည်းပညာတွေတတ်ကျွမ်းပြီးအောင်မြင်ကြပါစေ



0 comments:
Post a Comment