Pages

Friday, July 11, 2014

Kaspersky Internet Security 2013


Kaspersky Internet Security 2013 Antivirus Software ဟာ Internet Security အပြင် ကျွန်ပျူတာထဲကိုဝင်ရောက်လာမဲ့ Virus တွေကိုကာကွယ်ပေးပါတယ်ကျွန်တော်အကြိုက်ဆုံး Software တစ်ခုဆိုလည်းမမှားပါဘူးဘာဖြစ်လို့လည်းဆိုတော့ Crack File ၊ Patch File ၊ Keygen File တွေကိုဖျက်တော့မယ်ဆိုရင် ကိုယ်ကဖျက်မှပျက်တတ်လို့ပါ လက်ရှိတင်ပေးတာကတော့ Try version ပါ နောက်ထပ် key File ထည့်နည်းနဲ့ Key တွေကိုထပ်တင်ပေးပါမယ်

Thursday, July 10, 2014

Addobe Photoshop CS 3 ( Crack Full )


ဒါကတော့ PhotoShop CS3 Software ပါ လိုချင်သူအောက်ပါဒေါင်းယူနိုင်ပါတယ် 

Addobe Photoshop CS 3 ( Crack ) Full Version ပြုလုပ်နည်းပါ
ရလာသောဖိုင်ကို WinRAR နဲ့ဖြည်လိုက်ပါ Password တောင်းရင် www.minminchit.org လို့ထည့်ပေးလိုက်ပါဖြည်လို့ရတဲ့ဖိုင်ထဲက Crack Folder ထဲကိုဝင်ပြီးအောက်ပါပုံထဲက File ကို Copy ကူးလိုက်ပါ


ပြီးတော့ Start ထဲကနေ All Program ထဲက Photoshop CS 3 Icon ပေါ်မှာ Right Click နှိပ်ပြီး 
open file location ပေါ်မှာ Mouse ကိုတစ်ချက်နှိပ်လိုက်ပါ ပေါ်လာတဲ့ Folder ထဲကိုအခုဏကကူးလာတဲ့ဖိုင်ကို Past လုပ်လိုက်ပါ ဒါဆိုရင် Photoshop CS 3 Full Version ဖြစ်သွားပါပြီ

Wednesday, July 9, 2014

TubeMate Youtube Downloader 2.0.9


Android ဖုန်းတွေအတွက် Youtube Download လေးပါအသုံးပြုနည်းပုံနဲ့ပြထားပါတယ်


TubeMate ကိုဖွင့်လိုက်တာနဲ့အပေါ်ကပုံပေါ်လာလိမ့်မယ်
ကြိုက်ရာ Video ကိုနှိပ်လိုက်ပါ


ပြီးတော့အပေါ်ကပုံအတိုင်းနှိပ်ရန်ကိုနှိပ်ပါ


အပေါ်ကပုံအတိုင်းပေါ်လာရင်ကြိုက်ရာ Size ကိုရွေးပြီးတစ်ချက်နှိပ်ပါ
ပြီးတော့် 2.နှိပ်ရန်ကိုနှိပ်လိုက်လျှင် Video File ကိုဒေါင်းနေပါလိမ့်မယ်

TubeMate ကိုဒေါင်းချင်ရင် Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်

CPU (Central processing unit) နှင့် CUP Heatsink Fan သို့မဟုတ် CPU Fan သင်ခန်းစာ(3)


အခုကျွန်တော်တို့သင်တန်းမှ သင်ကြားပို့ချအပ်သော CPU အကြောင်းပဲဖြစ်ပါတယ်သိ ပြီးသား မိတ်ဆွေတွေအတွက်တော့ အထူးဆန်းမဟုတ်တော့ပါဘူး ဒါပေမယ့်အခုမှသင် ယူလေ့လာသူတွေအတွက်တော့ အထောက်ကူပြု နိုင်လိမ့်မယ်လို့တော့မျှော်လင့်ပါတယ်...။ 

(မှတ်ချက်-သင်ခန်းစာတစ်ခုလုံးမှာအရေး 
ကြီးတဲ့အကြောင်းအရာများဘဲ့ရေးထားသဖြင့်ကျွမ်းကျင်တဲ့သူများအတွက်မရည်ရွယ်ပါ)
 
ကွန်ပျူတာတစ်လုံးရဲ့အဓိက Main ချိန်ဆက်မှုမှတ်ဉာဏ်ဖြစ်တဲ့ CPU ကအရေးကြီးဆုံး ပစ္စည်းတစ်ခုဖြစ်ပါ တယ် CPU တွေမှာအမျိုးအစားတွေအများကြီးရှိပါတယ် CPU ကိုအဓိက ထုတ်တဲ့ ကုမ္ပဏီကြီးနှစ် ခုရှိပါတယ် Intel နှင့် AMD တို့ဖြစ်ပါတယ် Intel ထွက်ပစ္စည်းတွေကဈေးနှုန်းမြင့်မားပြီး အပူချိန်လည်း ခံနိုင်ရည်ရှိပြီးအသုံးလည်းခံပါတယ် AMD ထွက်ပစ္စည်းတွေဈေးပေါပြီး Intel လောက်မြန်ဆန်မှုမရှိဘဲ အပူစွန့်ထုတ် များတဲ့အတွက် မီးအားကိုပိုကုန်စေပြီး ကွန်ပျူတာပိုပူစေပါတယ် Intel နဲ့ စာရင် AMD က ကြမ်းမခံနိုင်ပေမယ့် Colour ကပိုစိုစွတ်တောက်ပပါတယ် အဓိကရှင်းပြချင်တာ Intel CPU အုပ်စုရဲ့နောက် ဆုံးထွက် အမျိုးအစားတွေဖြစ်တဲ့ Celeron ၊ Pentium ၊ Core i3 ၊ Core i5 ၊ Core i7 CPUတွေဘဲ့ဖြစ်ပါတယ် CPU တစ်လုံးကိုတိုင်းတာရာမှာ တစ်စက္ကန့်ဘယ်နှစ်ကြိမ်နှုန်းအလုပ် လုပ်နိုင်သလဲပေါ်မူတည်ပါတယ် CPU တစ်လုံးရဲ့ကြိမ်နှုန်းတွေကို MHZ ၊ GHZ တွေနဲ့တိုင်းတာဖေါ်ပြ ပါတယ် ဥပမာ CPU တစ်လုံး speed ကို 700 MHZ ၊ 1.0 GHZ ၊ 2.0 GHZ ဆိုအမျိုးမျိုးရှိပါတယ်  Celeron CPU တွေဟာဒီအုပ်စုရဲ့အနိမ့်ဆုံးCPU အမျိုးအစားဖြစ်ပါတယ် Celeron CPU တွေဟာ CPU တစ်လုံး ကိုနှစ်လုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ် ဒါပေမယ့်နှစ်လုံးစာအပြည့်အဝ လုပ်ဆောင်နိုင်တာ မျိုးမဟုတ်ပါ Pentium CPU အမျိုးအစားတွေကတော့ CPU တစ်လုံးကိုနှစ်လုံးစာလုပ်သလို လုပ်ဆောင်နိုင်ပြီးဈေးနှုန်းလည်း Celeron CPU အမျိုးအစားထက်ဈေးကြီးပါတယ် Core i3 CPU အမျိုးအစားကတော့ CPU တစ်လုံးကိုလေးလုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ်ပြီးတော့ Pentium CPU ထက်ဈေးကြီးပါတယ်ဒါပေမယ့်လေးလုံးစာအပြည့်အဝလုပ်ဆောင်နိုင်တာမျိုးမဟုတ်ပါဘူး Core i5 CPU အမျိုးအစားကတော့ CPU တစ်လုံးကိုလေးလုံးစာအလုပ်လုပ်သလိုမျိုးလုပ်ဆောင်နိုင်ပါတယ် Core i3 CPU တွေထက်လည်းဈေးပိုကြီးပါတယ် လက်ရှိ CPU အုပ်စုထဲမှာ Model အမြင့်ဆုံးကတော့ Core i7 CPU ပါ i7 CPU ကတော့ CPU တစ်လုံးကို 8 လုံးစာအလုပ်လုပ်နိုင်ပြီး i5 ထက်ဈေးပိုကြီးပါတယ် အောက်မှာက CPU တစ်ချို့မှာရှိတဲ့ပုံစံတွေပါ
(ချွင်းချက်အနေဖြင့်တစ်ချို့ CPU တွေမှာ နဂို Core တွေထက်ပိုပါတယ်ဒါပေမယ့်ဈေးလည်းမြင့်မားပါတယ်)


PU ကို Motherboard ပေါ်မှာတပ်ဆင်ပုံကိုအပေါ်မှာကြည့်ပါ CPU ကိုတပ်ဆင်ပြီးသွားရင် CPU နဲ့ CPU Fan ကိုတပ်ဆင်ရပါတယ် CPU Fan ကို တပ်ဆင်မယ်ဆိုရင် CPU နဲ့ CPU Fan ကြားထဲမှာ အပူခံနိုင်ဖို့ကြားခံအဖြစ် Heatsink Compounds ကိုထည့်သွင်းအသုံးပြု့ပါတယ် Heatsink Compounds ထည့်ရမှာများလျှင်ပြသာနာရှိနိုင်သလိုနည်းရင်လည်းပြသာနာရှိနိုင်ပါတယ် Heatsink Compounds ထည့်ပြီးသွားရင်အပေါ်ကနေ CPU Fan ကိုထည့်သွင်းတပ်ဆင်ရပါတယ် CPU Fan ကို CPU ဝယ်တဲ့အချိန်မှာပါပါတယ်ပါလာတဲ့ Fan ကရိုးရိုး Fan တွေပါ CPU မြင့်ပြီး 24 နာရီသုံးတဲ့ကွန်ပျူတာတွေမှာ ရိုးရိုး Fan တွေအစား Cooler Master Fan တွေကိုအစားထိုးအသုံးပြုကြပါတယ် 





( PDF ဖိုင်အဖြစ်လိုချင်ရင်အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ် )

windows 7 Basic


ဒီစာအုပ်ကကွန်ပျူတာစတင်လေ့လာသူများ အတွက်အသင့်တော်ဆုံး windows 7 Basic စာအုပ်တစ် အုပ်ဖြစ် သလိုကျွန်တော်ရဲ့ပထမဦးဆုံးစာအုပ်တစ်အုပ်ဖြစ်တဲ့အတွက် ကွန်တော်ရဲ့ Websit ပေါ်မှာပထမ ဦးဆုံးတင်ပေးရခြင်းဖြစ်ပါတယ် လိုအပ်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် 

Friday, July 4, 2014

Desktop Motherboard Socket 1155 & 1150 သင်ခန်းစာ(2)


ဒီနေ့သင်ပေးမှာကတော့ကွန်ပျူတာရဲ့အဓိကသော့ချက်ဖြစ်တဲ့ Motherboard ထဲကမှအဓိကခတ်စားတဲ့နောက်ဆုံးထွက် Motherboard ဖြစ်တဲ့ Intel CPU သုံးတဲ့ Socket 1155 နဲ့ Socket 1150 ဖြစ်ပါတယ် အဲဒီ Motherboard နှင့်အတူတွဲပြီးအသုံးပြုလို့ရတဲ့ CPU တွေကတော့ Intel Celeron ၊ Intel Pentium ၊ Intel Core i3 ၊ Intel Core i5 ၊ Intel Core i7 တို့ဘဲ့ဖြစ်ပါတယ် တခြား CPU တွေကိုထည့်လို့မရပါဘူး Motherboard ဆိုတာကွန်ပျူတာတစ်လုံးရဲ့အဓိကအစိတ်အပိုင်း ဆိုလည်းမမှားပါဘူးသူအပေါ်မူတည်ပြီးမှနောက်ထပ်ဘယ်လိုပစ္စည်းတွေထပ်ထည့်လို့ရသေးလည်းဆိုတာကြောင့် Motherboard တစ်လုံးဝယ်မယ်အဓိကဘာတွေလိုအပ်အုံးမလည်းဆိုတာကိုကြည့်ပြီးဝယ်ရပါတယ် ဥပမာဆိုရင်ကွန်ပျူတာမှာ DVD 4 လုံးတပ်ချင်တယ် ကိုဝယ်ထားတဲ့ Motherboard က အကုန်လုံးမှ Driver (DVD Drive and Hardisk Drive) 4 လုံးဘဲ့တပ်လို့ရရင် Hardisk ကနှစ်လုံးတပ်ချင်ရင် DVD Drive လေးလုံးတပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါအဲဒါဆိုရင် Motherboard ကိုလဲမှဘဲ့ရတော့မယ်အလကားပိုက်ဆံပိုကုန်တော့မှာပါပြီးတော့ Motherboard ကကွန်ပျူတာမှာအဓိကထိမ်းချုပ်ထားတဲ့ပစ္စည်းဖြစ်ပါတယ် ဘယ်လို CPU မျိုးထည့်ရမလည်း ဘယ်လို RAM မျိုးကိုသုံးရမလည်းဆိုတာ Motherboard ပေါ်မှာဘဲ့မူတည်ပါတယ် အဓိက Motherboard တစ်ခုလုံးဈေးနှုန်းကတော့ Motherboard အမျိုးအစားနဲ့ Motherboard တစ်ခုလုံးပါဝင်တဲ့အမျိုးအစားပေါ်မူတည်နေပါတယ် ဥပမာ CPU က Speed ဘယ်လောက်အထိလက်ခံလည်း RAM ကဘယ်နှစ်ချောင်းစိုက်လို့ရလည်းဘယ်နှစ် GB အထိထည့်လို့ရလည်း SATA ကြိုးကဘယ်နှစ်ချောင်းတပ်လို့ရလည်း Graphice Card (Moniter ပေါ်တွင်ပုံရိပ်ဖော်ပေးကဒ်) ပါလား Sound Card (အသံဖမ်းတာတွေအသံထုတ်ပေးတာတွေအသံနဲ့ပတ်သက်သမျှလုပ်ဆောင်ပေးသောကဒ်) ပါလား USB ကဘယ်နှစ်ပေါက်ပါလည်း Grphice Card စိုက်တဲ့ PCI Socket ဘယ်နှစ်ပေါက်ပါလည်း အဲဒါတွေအကုန်လုံးကိုဘယ်အမျိုးအစားတွေပါလည်းဆိုတာပေါ်မူတည်နေပါတယ် လက်ရှိကတော့ Motherboard Socket 1155 နှင့် Socket 1150 Motherboard နှစ်မျိုးကိုဘယ်လိုခွဲခြားရလည်းဆိုရှင်းပြပါမယ် socket 1155 က Socket 1150 နဲ့စာရင်ပိုနိမ့်သလိုဈေးလည်းငယ်ပါတယ် 1150 မှာသုံးတဲ့ Power Supply ကို 1155 မှာသုံးလို့ရပေမယ့် 1155 မှာသုံးတဲ့ Power Supply ကို 1150 မှာသုံးလို့မရပါဘူး ဘာဖြစ်လို့ဆိုတော့ 1155 မှာသုံးတဲ့ Power ကြိုးက 24 Pin Power ကြိုးနဲ့ 4 Pin Power ကြိုးကိုသုံးပြီးတော့ 1150 မှာလည်း 24 Pin power ကြိုးကတူပေမယ့် 4 Pin ပါဝါကြိုးနေရာမှာ နောက်ထပ်လေးပင်ထပ်ပူးပါတဲ့ 4 Pin နှစ်ချောင်ကိုပူးပြီးထည့်ရပါတယ် Motherboard နှစ်ခုကိုခွဲခြင်ရင်တော့ အပေါ်မှာပြောထားတဲ့ 4 Pin နှင့် 8 Pin ခေါင်းလေးတွေကိုကြည့်ပြီးခွဲရပါတယ်အောက်ပါပုံကိုကြည့်လိုက်ပါ


Socket 1155 နဲ့ Socket 1150 Motherboard မှာ လက်ခံတဲ့ CPU အမျိုးအစား Model နံပါတ်တွေမတူပါဘူး Socket 1155 မှာသုံးတဲ့ CPU ကို Socket 1150 မှာထည့်လို့မရပါဘူး သူတို့ရဲ့ Socket အထိုင်ခြင်းမတူလို့ဖြစ်ပါတယ် Motherboard တစ်လုံးကိုဝယ်ပြီး CPU ကိုရွေးချယ်မယ်ဆိုရင် CPU Model အလိုက် Socket နံပါတ်ကိုကြည့်ပြီးဝယ်မှအဆင်ပြေပါလိမ့်မယ့်ဒီနေ့ကတော့ဒီလောက်ပါဘဲ့မနက်ဖြန်မှဆက်လက်တင်ပေးပါမယ်
အားလုံးကိုကျေးဇူးတင်ပါတယ်......သိချင်တာများရှိရင် mgminminchit@gmail.com သို့မေးပို့ပြီးမေးမြန်းနိုင်ပါတယ်  

( PDF ဖိုင်အဖြစ်လိုချင်သူများ Download ကိုနှိပ်၍ဒေါင်းယူနိုင်ပါသည် )