Pages

Thursday, July 24, 2014

Power DVD 12 Full


အခုတင်ပေးမဲ့ Software ကတော့ HD ဇာတ်ကားတွေကြည့်အရုပ်ရောအသံပါကြည်လင်မှုကိုပေးနိုင်တဲ့ Power DVD 12 ဘဲ့ဖြစ်ပါတယ်လိုချင်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်
password ကတော့ www.minminchit.org ပါ File Size ကတော့ (98 MB) ရှိပါတယ်

Nero 11 Full


အခုတင်ပေးနေတဲ့ software တွေကတော့လက်ရှိကျွန်တော် windows တင်တဲ့အချိန်မှာအဓိကသုံးနေတဲ့ Software အကောင်းတွေကိုဘဲ့အရင်တင်ပေးနေတာဖြစ်ပါတယ် လက်ရှိ Nero 11 ထဲမှာပါတဲ့ software တွေကတော့

Tuesday, July 22, 2014

အသောကကွန်ပျူတာအဘိဓာန်


အသောကကွန်ပျူတာအဘိဓာန်ကတော့သမိုင်းမြို့မပရိယတ္တိစာသင်တိုက်ကထုတ်တဲ့ Software ဖြစ်ပါတယ် ကွန်ပျူတာရဲ့ကွန်ပျူတာအဘိဓာန်စာအုပ်လေးပါ ဘာမှာမှရှာလို့မရတဲ့ကွန်ပျူတာပတ်သက်တဲ့စာလုံးတွေကို ရှင်းပြပေးပါတယ် အသံထွက်လည်းအသံနဲ့ထွက်ပေးတဲ့ အတွက် ကွန်ပျူတာသင်ယူရာမှာအင်္ဂလိပ်အသံထွက်အဆင်မပြေတဲ့သူတွေအတွက်လည်းအဆင်ပြေစေပါတယ် ကွန်ပျူတာမှာအသုံးပြုရမဲ့ Software လေးပါ လိုချင်သူများအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ်

Password-www.minminchit.org

Windows XP တင်နည်းစာအုပ်



Windows XP တင်နည်းစာအုပ်တင်နည်းစာအုပ် done clear ever dine မှတောင်းဆိုထားတဲ့အတွက်တင်လိုက်ပါတယ် အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ် စာရေးသူကမသိပါဘူး ဒီကနေဘဲ့ခွင့်ပြုဖို့တောင်းဆိုလိုက်ပါရစေ နားမလည်တာတွေရှိရင် CBox ကနေပြောနိုင်ပါတယ်

Thursday, July 17, 2014

Ram (Random Access Memory) အကြောင်း သင်ခန်းစာ (5)





အခုတင်ပြပေးမှာကတော့ Ram ဆိုအကြောင်းပဲဖြစ်ပါတယ် Ram ဆိုတာဘာလဲလို့မေးရင် Random Access Memory   ပါပဲ ဒီတော့ကျွန်တော်တို့ပြောနေကြတဲ့ Ram နှင့်memory ဟာနာမည်သာကွဲလွဲပြီး အဓိပါယ်ကတော့အတူတူပါပဲ ဒါပေမယ့်တူသလားဆိုတော့လည်းမတူတဲ့အချက်တွေရှိနေပါတယ် Ram က လျှပ်စစ်မီးပါဝါစွမ်းအားမရှိရင် အထဲမှာရှိတဲ့မှတ်ဉာဏ်တွေကိုမသိမ်းထားနိုင်ပါဘူး memory stick ကတော့ဒီလိုမဟုတ်ပါဘူး သိမ်းဆည်းမဲ့အချိန်မှာသာ လျှပ်စစ်လိုပြီး နောက်ပိုင်းမှာတော့လျှပ်စစ်မရှိလည်း မှတ်ဉာဏ်တွေကိုပျောက်မသွားအောင်ထိန်းသိမ်းထားနိုင်ပါတယ် ဒါပေမယ့် ကိုယ်အလုပ်တစ်ခုလုပ်နေချိန်မှာမီးပျက်သွားရင်(သို့မဟုတ်) လျှပ်စစ်မရတော့ရင် Ram ကကိုယ်လုပ်ထားတာတွေကိုသိမ်းမထားနိုင်ပါဘူး Ram အမျိုးစားတွေကမြန်ဆန်လို့သာလျှင် CPU ကနေလိုအပ်တဲ့ data တွေကိုအမြန်ဆုံးပို့ပေးနိုင်ဖို့ Ram ကိုသုံးခြင်းဖြစ်တယ် Ram အမျိုးစားအများကြီးရှိတဲ့ အထဲက လက်ရှိနောက်ဆုံးထွက် Ram အမျိုးစားက Mother board Socket 1155 1150 မှာသုံးတဲ့ Ram တွေဘဲ့ဖြစ်ပါတယ် Socket 1155 1150 မှာထည့်တဲ့ memory ကတော့နောက်ဆုံးပေါ် Ram အမျိုးစားဖြစ်တဲ့ DDR3 ဘဲဖြစ်ပါတယ် Ram တွေကိုတိုင်းတာရာမှာ bus speed ဆိုတာကတော့ Motherboard ပေါ်မှာတစ်ကြိမ်ကိုဘယ်လောက်ပို့ပေးနိုင်သလဲဆိုပြီး Ram ရဲ့ bus speed အမြင့်ဆုံးနှုန်းကို သတ်မှတ်ပါတယ်  ဥပမာ ကုန်ပစ္စည်းပို့တဲ့ကားတစ်စီးဆိုပါစို့ လမ်းက ရှစ်လမ်းသွားပဲထား အသွား(4)လမ်း အပြန်(4)လမ်း ဒီတော့ အသွားကိုကားတစ်စီးက ကုန်ပစ္စည်းတစ်ထောင်ပို့ပေးနိုင်တယ် လေးစီးဆိုတော့ တစ်ခေါက်ကို ကားတစ်စီးက တစ်ထောင်လေးစီးဆိုတော့လေးထောင်ပို့ပေးနိုင်သလိုပဲ (ဒီနေရာမှာတစ်ထောင်လို့လည်းအတိအကျမဆိုလိုပါဘူးတစ်ရာပို့နိုင်ရင် လေးစီးဆိုတော့ လေးရာလို့သတ်မှတ်လိုက်ပါ)  
ဒီတော့ bus speed ကဘယ်လောက်များသိမ်းထားနိုင်မလဲ (တနည်း  ကားတစ်စီးက ကုန်ပစ္စည်းကိုဘယ်လောက်တင်ပို့နိုင်သလဲ)
ဆိုတဲ့အပေါ်မှာမူတည်နေပါတယ် bus apeed ကဘယ်လောက်သိမ်းထားနိုင်သလဲဆိုတာကို အရွယ်အစားအလိုက် MB GB တွေနဲ့ ဖေါ်ပြထားပါတယ် ဘယ်လို ဘယ်လောက် အတိုင်းတာများကို Windows 7 Basic မှာဖေါ်ပြထားပြီးပြီမို့ ဒီနေရာမှာ အထွေထူးရှင်းပြမနေတော့ဘဲ လိုရင်းလေးလောက်သာဖေါ်ပြထားခြင်းဖြစ်တယ် ကွန်ပျူတာတစ်လုံးမှာ Ram ဘယ်လောက်သုံးသင့်သလဲ အမြင့်ဆုံးဘယ်လောက်ထည့်လို့ရသလဲဆိုတာကိုတော့  Motherboard ၊ Cpu အမျိုးစားနဲ့ ကိုယ်ဘာတွေလုပ်မလဲ ဘယ်လောက်သုံးမလဲဆိုတဲ့အပေါ်မူတည်တယ် ဒီလောက်ဆိုရင် Ram နှင့်ပတ်သက်သောအကြောင်းက စုံသလောက်တော့ရှိနေပြီ နားလည်လွယ်လိမ့်မည်လို့တော့မျှော်လင့်ပါတယ်

( PDF ဖိုင်ဖြင့်လိုချင်သူများ အောက်မှာ Download ကိုနှိပ်၍ဒေါင်းယူနိုင်ပါသည် )

Download

အားလုံးကိုချစ်​ခင်​​လေးစားလျှက်​ ​နောင်​​နောင်​ ​တောင်​​ပေါ်သား

Wednesday, July 16, 2014

PhotoShop ကနေ 4" x 6" Photo စာရွက်ပေါ်တွင် 1" x 1.5" လိုင်စင်ဓါတ်ပုံလုပ်နည်း

ဒီနေ့ကတော့တောင်းထားတဲ့သူရှိတဲ့အတွက်ကြားဖြတ်သင်ခန်းစာအနေနဲ့ 4" x 6" Photo စာရွက်ပေါ်တွင် လိုင်စင်ဓါတ်ပုံလုပ်နည်းကိုရှင်းပြပေးပါမယ် (ကျွန်တော်အနေနဲ့လေ့လာဆဲအဆင့်မို့မှားသွားတဲ့အရာတွေကိုခွင့်လွတ်ကြပါလို့တောင်းဆိုရင်း သိသူများလည်းကျော်သွားကြပါလို့ ဘာမှမသိသေးတဲ့လူတွေအတွက်ရည်ရွယ်တာပါ) 

ပထမဦးဆုံး Photoshop Program ထဲဝင်လိုက်ပါ ပြီးတော့ File ကိုနှိပ်ပါကျလာတဲ့စာထားတွေထဲက Open ပေါ်မှာ Mouse ကိုရွှေ့ပြီး Mouse ကိုတစ်ချက်နှိပ်ပါ
ပြီးတော့ကိုယ်သိမ်းထားတဲ့ဖိုင်ထဲကနေ Mouse ကိုနှစ်ချက်နှိပ်လိုက်ပါ Photoshop Program ထဲမှာကိုယ်ရွေးထားတဲ့ပုံပေါ်လာလိမ့်မယ် ပြီးတော့အောက်မှာဝိုင်းပြထားတဲ့ Tool ထဲက  Crop Tool ပေါ်မှာ Mouse ကိုတစ်ချက်နှိပ်လိုက်ပါ ပြီးတော့ နံပါတ် (2) ဝိုင်းထဲမှာ 1 in လို့ထည့်ပြီး နံပါတ် (3) ဝိုင်း
ထဲမှ 1.5 in လို့ထည့်ပေးလိုက်ပါ အဲလိုထည့်ခိုင်းရဲ့တဲ့အကြောင်းရင်းကတော့ Crop Tool ကပုံတွေကိုလိုတဲ့အပိုင်းလောက်ဖြတ်ထုတ်တဲ့အရာပါ နံပါတ် (2) 1 in က 1 လက်မ ပါ နံပါတ် (3) 1.5 in က 1 လက်မခွဲပါ ဘာဖြစ်လို့ထည့်ရလည်းဆိုတော့ ဓါတ်ပုံကိုဖြတ်တဲ့အချိန်မှာ 1 လက်မ x 1.5 လက်မခွဲ ကိုအချိုးကျကျဖြတ်အောင်လို့ပါ ပြီးရင်ကိုယ်ဖြတ်မဲ့အရွယ်အစားလောက်ပုံမှာပြထားတဲ့အတိုင်း Mouse ကိုဆွဲလိုက်ပါ ပြီးရင် Keyboard ပေါ်က Enter ကိုနှိပ်လိုက်ပါ ဒါဆိုပုံကိုကျွန်တော်တို့လိုချင်တဲ့ 1 လက်မ x 1.5 လက်မခွဲ ပုံရလာပါပြီ



ပြီးတော့ File ကိုနှိပ်ပြီး new ကိုနှိပ်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်


4" x 6" စာရွက်အလွတ်တစ်ရွက်ယူဖို့အတွက် Preset အကွက်မှာအဝိုင်းထဲက မျှားလေးကိုနှိပ်ပြီး ကျလာတဲ့စာတွေထဲက Custom ရွေးလိုက်ပါ ပြီးတော့အောက်က နံပါတ် (2) ကွက်ထဲမှာ 4 လို့ရိုက်ထည့် နံပါတ် (3)အကွက်ထဲမှာ 6 လို့ရိုက်ထည့်ပါ ပြီးတော့ နံပါတ် (4 နဲ့ 5) မှာ inches လို့ရွေးပေးပါ (inches ကိုပြောင်းလို့ နံပါတ် (2 နဲ့ 3) မှာ ပြောင်းသွားခဲ့ရင်ပြန်ပြောင်းလိုက်ပါ) ပြီးတော့ OK ကိုနှိပ်လိုက်ပါ

ပေါ်လာတဲ့စာရွက်ဖြူပေါ်ကို ခဏကဖြတ်ထားတဲ့ဓာတ်ပုံကို Mouse ကိုဆွဲပြီးလွတ်လိုက်ပါ အဲဒါ
ပြီးတော့ Ruler ထဲကနေချိန်ပြီး 1 ထိရောက်ခါနီးတစ်မှတ်အလိုထိရွေ့လိုက်ပါ Keyboard ထဲက Shift ကိုဖိထားပြီး (Shift ကိုဖိနှိပ်ရတာကတော့နဂိုအချိုးအတိုင်းအပေါ်အအောက် အချိုးကျအောင်ပါ) ဓာတ်ပုံရဲ့ထောင့်ကနေဆွဲလိုက်ပါပြီးရင် Mouse ကိုလွတ်လိုက်ပါဘေးနားလေးမှာအနားသားဖြူလေးတွေရှိအောင် Keyboard က မျှားလေးတွေကိုနှိပ်ပြီး အောက်နှစ်ချက် နဘေးနှစ်ချက်လောက်နှိပ်လိုက်ပါ အောက်ကပုံအတိုင်းဖြစ်နေလိမ့်မယ်



ပြီးတော့ Layer ထဲ မှာ နံပါတ်(1) မှာဝိုင်းပြထားတဲ့နေရာကို Mouse ကိုဖိပြီး နံပါတ်(2) ပေါ် Mouse ကို
ဖိပြီးရွေ့သွားပါပြီးရင် Mouse ကိုလွတ်လိုက်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်


ပြီးရင် keyboard ထဲက မျှားလေးကိုနှိပ်ပြီးနဘေးကိုရွှေ့လိုက်ပါပုံထဲကပုံစံအတိုင်းဖြစ်အောင်အဲလိုပုံစံမျိုးဘဲ့ နောက်ထပ်နှစ်ပုံရအောင်ထပ်လုပ်လိုက်ပါအောက်ကပုံအတိုင်းဖြစ်သွားအောင်ပါ


ပြီးရင် အပေါ် Menu ဘားထဲက Layer ကို Mouse ကိုတစ်ချက်နှိပ်ပြီး Merge visible (သို့မဟုတ်) Keyboard ထဲက Shift+Ctrl+E ကိုတွဲနှိပ်လိုက်ပါ အပေါ်ကပုံအတိုင်း Layer အကွက်ထဲမှာ Layer တွေအကုန်လုံးပေါင်းသွားပါလိမ့် ပြီးရင် အပေါ်ကနည်းအတိုင်း Layer ထဲက Layer အသစ်ကူး
လိုက်ပြီး Keyboard ထဲမျှားလေးကိုနှိပ်ပြီးအောက်ရွှေ့လိုက်ပါအဲလိုမျိုး လုပ်ပြီးအောက်ကပုံအတိုင်းဖြစ်အောင်လုပ်လိုက်ပါ


အဲဒါဆိုရင်လိုင်စင်ပုံလုပ်ဖို့လုပ်လို့ပြီးသွားပါပြီး ဒါကို Printer နဲ့ထုတ်ဖို့အတွက် Printer ကောင်းကောင်းလောက်လိုပါတယ်
ဒီမှာတော့ဥပမာအနေနဲ့ epson L210 နဲ့နမူနာပြသွားပါမယ် File ထဲကနေ print ကိုနှိပ်ပြီးဝင်လိုက်ပါ


ပြီးရင် print setting ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်အောက်ကပုံအတိုင်း ပေါ်လာလိမ့်မယ် ပြီးရင် Document Size ထဲကနေ စာရွက်အရွယ်အစားကိုရွေးပေးပါဒါပေမယ့် 4x6 စာရွက်မရှိတဲ့အတွက်ကိုယ်ဟာကိုစာရွက်အသစ်တစ်ရွက်ဖန်တီးဖို့အတွက် User-Defined ကိုရွေးလိုက်ရင် အောက်ကဘောင်အသစ်တစ်ခုထွက်လာလိုက်မယ် အောက်မှာ Unit အောက်က mm နဲ့ inch နေရာမှာ inch ကိုရွေးလိုက်ပါပြီးမှ Paper Width နေရာမှာ 4 လို့ရိုက်ထည့်လိုက်ပါ Paper Height နေရာမှာ 6 လို့ရိုက်ထည့်လိုက်ပါ ပြီးရင် OK ပေးလိုက်ပါ ပြီးရင် paper Type နေရာမှာပုံမှာပြထားတဲ့အတိုင်း Epson Premiun Glossy ကိုရွေးလိုက်ပါ Quality နေရာမှာ More setting ကိုရွေးအကုန်တင်လိုက်ပါ ပြီးရင် OK ပေးလိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာတဲ့အချိန်ကျရင် Print ကိုနှိပ်ရင် လိုင်စင်ဓါတ်ပုံကို 4x6 စာရွက်ပေါ်မှာ 8 ပုံထွက်လာပါလိမ့်မယ် အဲလိုမျိုးကိုအသုံးပြုမဲ့ဓါတ်ပုံရဲ့အရွယ်အစားနဲ့စာရွက်အရွယ်အစားကိုပြောင်းပြီးထုတ်ယူနိုင်ပါတယ်


အားလုံးကိုလေးစားလျက် minminchit

Monday, July 14, 2014

Power Supply အကြောင်း သင်ခန်းစာ (4)




ဒီနေ့တင်ပြပေးချင်တာက တော့ computer တစ်လုံးအတွက် အရေးပါသော power supply အကြောင်းလေးပဲဖြစ်ပါတယ် power supply ဆိုတာ computerမှာ မရှိမဖြစ်လို အပ်တဲ့ အရာဖြစ်ပါ တယ် ဒီpower supply ရှိမှပါဝါရမှာပေါ့ ပါဝါရမှအလုပ်လုပ်နိုင်မယ်လေ powersupply ကို AC 220 ကနေ ကွန်ပျူတာတစ်လုံးမှလိုအပ်သော +3V1 -3V1 +5V1 -5V1 +12V1 -12V1 0V ကိုပြန်လည်ပြောင်းပြောင်းပေးပြီး computer ရဲ့သက်ဆိုင်ရာနေရာတွေကိုပြန်ပို့ပေးတယ် computer တစ်လုံးရဲ့အရေးကြီးဆုံးသောအရာဆိုလည်းမမှားပါဘူး အဓိကတော့ Power ကထုတ်ပေးတဲ့ပစ္စည်းဖြစ်တော့ power တွေလုံလောက်ဖို့တော့လိုအပ်တယ် ပါဝါတွေလုံလောက်အောင်မပို့ပေးနိုင်ဘာဖြစ်လဲဆိုတော့ မနိုင်ဝန်လုပ်ခိုင်းသလိုဖြစ်ပြီးcomputer ကိုညှင်းဆဲသလိုဖြစ်မယ် နောက် Computer လည်းပျက်လွယ်မယ် ဒါကြောင့်power လုံလောက်ဖို့တယ်လို့ပြောတာ ထားပါတော့ power supply တစ်လုံးကို ဘာနဲ့တိုင်းတာမလဲဆိုတာကို လေ့လာရအောင် power supply တစ်လုံးကိုတိုင်းတာရာမှာ Wattage(W) များနှင့်တိုင်းတာရပါတယ် အဲဒါတွေကတော့ 250W 300W 400W 500W 600W 650W ဆိုပြီးအမျိုးအစားတွေခွဲခြားထားတဲ့အတွက် မိမိကြိုက်နှစ်သက်ရာကိုဝယ်ယူသုံးနိုင်ပါတယ်  ဈေးနှုန်းကတော့ အမျိုးအစားပေါ်မူတည်ပါတယ် ဈေးသက်သာတဲ့ powersupply လည်းရှိပါတယ် 500W 600W များကိုရနိုင်ပါတယ် ဒါပေမယ့် W မပြည့်တဲ့အတွက် computer နှင့်တွဲဖက်အသုံးပြုလျှင် W မနိုင်ဘဲဖြစ်တတ်ပါတယ် ဒီတော့ဘယ်လို Powersupply ကိုဝယ်သင့်သလဲဆိုတော့ အမျိုးအစား တန်ဖိုး အလေးချိန် တွေကိုတိုင်းတာပြီးဝယ်ယူမှသာအဆင်ပြေလိမ့်မယ် powersupplyနှင့် motherboard မှာဆက်သွယ်ဖို့ ရန်အတွက် အရင်တုန်းကတော့ 24 pin (အရင်တုန်းက 20pin ပါ) ဆိုပြီးတော့ power ကြိုးတွေကိုခွဲခြားထားပါတယ် Motherboard မှာရှင်းပြထားသလို 4pin 8pin power ကြိုးတွေပါ ပါတယ် 8pin ပါတဲ့ powersupply ကြိုးကို 4pin motherboard မှာသုံးလို့ရပါတယ် ပြီးတော့ IDE(4pin) ကြိုး SATA ကြိုးပါပြီးတော့ မြင့်တဲ့ Powersupply တွေမှာဆိုရင် မြင့်တဲ့ Graphice card မှာသုံးတဲ့ 4pin power ကြိုး (သို့မဟုတ်) 6pin+2pin တဲ့ 6pin ကြိုးတွေပါတယ် IDE ကြိုးကတော့ အရင်တုန်းက harddisk DVD dirve တွေမှာတပ်ဆင်အသုံးပြုကြပါတယ် အခုနောက်ပိုင်းမှာတော့မသုံးကြတော့ပါဘူး Case FAN တွေအတွက်အသုံးပြုပြီး IDE ကြိုးနေရာတွေမှာ SATA ကြိုးတွေကိုအစားထိုးသုံးပြုလာပါတယ်

( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာ Download ကိုနှိပ်၍ဒေါင်းနိုင်ပါသည် )

Download

အားလုံးကိုချစ်​ခင်​​လေးစားလျက်​ ​နောင်​​နောင်​ ​တောင်​​ပေါ်သား