Pages

Sunday, September 14, 2014

Kaspersky antivirus 2010 မှ 2013 အထိ Key ထည့်နည်း



အခုတင်ပေးမယ့်အကြောင်းအရာကတော့ Kaspersky antivirus software တွေ License key ထည့်နည်းလေးဘဲ့ဖြစ်ပါတယ် kaspersky 2013 ထိထွက်တဲ့ Antivirus software တွေထိဒီနည်းအတိုင်းသုံးလို့ရပါတယ် 2014 kaspersky တွေမှာတော့ဒီနည်းသုံးလို့မရတော့ပါဘူး ဒါပေမယ့် key ရှာရလွယ်တဲ့ 2013 kaspersky ကိုအခုချိန်အသုံးပြုနေရဆဲရှိပါသေးတယ် မသိသေးတဲ့လူများအတွက်ရည်ရွယ်ပြီး key ထည့်နည်းရေးပေးတာဖြစ်ပါတယ် key ထည့်နည်းကိုအောက်မှာပုံနှင့်တကွရှင်းပြပေးပါမယ် ပထမဦးဆုံးအနေနဲ့ကတော့ Kaspersky key ထည့်မယ်ဆိုရင် အင်တာနက်ချိတ်ထားရင် အရင်ဆုံးပိတ်ပေးဖို့လိုပါတယ် အင်တာနက်ချိတ်ထားရင် လုံးဝထည့်လို့ရနိုင်မည်မဟုတ်ပါ ထည့်ပြီးသွားရင်တော့ပြန်ဖွင့်ပြီး ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်
 အောက်ကပုံအတိုင်းလိုက်လုပ်လိုက်ပါ

ပထမဦးဆုံး Kaspersky ကိုအောက်ကပုံအတိုင်းပေါ်လာအောင်ဖွင့်လိုက်ပါ


 အောက်ကဝိုင်းပြထားတဲ့အနီရောင်ဝိုင်းထဲက Licensing ကိုနှိပ်လိုက်ပါ


 လိုင်စင်လက်ကျန်အောက်ကပုံအတိုင်းရှိနေရင် အနီရောင်ဝိုင်းထဲက X ကိုနှိပ်လိုက်ပါ


ပြီးရင်အနီရောင်ဝိုင်းထားတဲ့အတိုင်း Delete key ကိုနှိပ်ပြီးလိုင်စင်ကီးကိုဖျက်လိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာရင် အနီရောင်ဝိုင်းထားတဲ့အထဲက Activate the Application ကိုနှိပ်လိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် ပြီးရင်အနီရောင်ဝိုင်းထားတဲ့အထဲမှာ
11111-11111-11111-1111X ဆိုတဲ့ key ကိုထည့်ပေးလိုက်ပါ


အောက်ကပုံအတိုင်း ဖြစ်အောင်ထည့်ပြီး Next ကိုနှိပ်လိုက်ပါ


ပြီးရင် အနီရောင်းဝိုင်းထားတဲ့ Browse ကိုနှိပ်ပြီး Key ထည့်ထားတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်ပြီးရင် Next ကိုနှိပ်ပါ


အောက်ကပုံအတိုင်းပေါ်လာရင် Key သုံးမရတော့လို့ပါ ဒါဆိုရင် Back ကိုနှိပ်ပြီး နောက်ပြန်ဆုတ်လိုက်ပါ
အပေါ်ကပုံအတိုင်းပြန်ပေါ်လာရင် Browse ကိုနှိပ်ပြီး Key အသစ်ပြန်ရွေးပေးလိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာရင် Key ထည့်တာအောင်မြင်ပါပြီ ပြီးရင် Finish ကိုနှိပ်လိုက်ပါ


 အောက်ပါပုံအတိုင်းပေါ်လာလိမ့်မယ် အနီရောင်ဝိုင်းထားတာက Kaspersky ရဲ့ Key သက်တမ်းပါ လက်ရှိ 95 ရက်ရှိပါတယ် အားလုံးအဆင်ပြေကြပါစေ နားမလည်တာရှိရင် www.fb.com/minminchit.org သို့လာရောက်မေးမြန်းနိုင်ပါတယ်

Saturday, September 13, 2014

EPSON L110-L210-L300-L350-L355 Reset ချနည်း




အခုတင်ပေးမယ့် ဆော့ဝဲလ်လေးကတော့ EPSON L110-L210-L300-L350-L355 Reset ချတဲ့ ဆော့ဝဲလ်လေးပဲဖြစ်ပါတယ် အသုံးပြုပုံအသုံးပြုနည်းကို ပုံနှင့်တကွရှင်းပြပေးထားပါတယ်ခင်ဗျာ 
Epson printer တွေကိုအခုအချိန်မှာအသုံးပြု တာများလာ ကြပါတယ် သူ့ရဲ့ပြဿ     နာတွေကို ကွန်ပျူတာကနေ ရှင်းမှ ရပါတယ် အများဆုံးမလုပ်တတ်သူတွေက ဆိုင်ကိုသွားကြရပါတယ် ဆိုင်သွားရင် ထိုင်းမှာဆိုရင်တော့ ဘတ် ၄၀၀ လောက်ပေးရပါတယ် ကဲစကြရအောင် အရင်ဆော့ဝဲလ်ကို အရင်ဒေါင်းပါ


မီးလေး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ Print ထုတ်မရသူများအတွက်ပါ


ပုံထဲကအတိုင်း ဖိုင်ကိုမဖြေပဲလည်းရပါတယ် Open ဆိုတာကို နှိပ်ပြီးဖွင့်လိုက်ပါ




ပုံတွင်မျှားပြထားသော နေရာကို ၂ ချက်လောက်နှိပ်ပြီးဖွင့်လိုက်ပါ


Adjprogcracked.exe ဆိုတာကို Click နှိပ်ပြီးဖွင့်လိုက်ပါ Password က www.minminchit.org ပါ



Select ဆိုတာကို တစ်ချက်နှိပ်ပါ



ဒီနေရာမှာ Pirnter Model ကိုရွေးခိုင်းတာဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့် ကျွန်တော် စမ်းလုပ်တဲ့ Printer က တော့ EPSON L 110 ဖြစ်သောကြောင့် L 110 ကိုရွေးပေးထားတာ-ပါ ဒီနေရာမှာ သူငယ်ချင်းတို့ရဲ့ Printer က L210- L300- L350- L355 ဆိုရင် သူငယ်ချင်းတို့ရဲ့ Printer Model နံပါတ်ကို ရွေးပေးပါ ဒီတစ်ဆင့် ကလွဲရင် အခြားဟာတွေကတော့ အားလုံးလုပ်နည်းတူတူပါပဲခင်ဗျာ .....


Particular adjustment mode ဆိုတာကို နှိပ်ပါ


Waste ink pad counter ဆိုတာကို နှိပ်ပြီးရင် အောက် 2 ကမှာ အမျှားပြထားသော Ok ဆိုတာကို နှိပ်ပါ




Check ဆိုတာကို တစ်ချက်နှိပ်ပါ



အခုနား မနှိပ်ခင်က ဘာမရှိသေးပါဘူး နှိပ်ပြီးရင် 990 ponit ဆိုတာလေးတွေတက်လာပါပြီ ဒီနေရာလေးမှာ လွယ်တယ်ဆိုပေမယ့် ဂရုစိုက်ပါ တချို့ Printer တွေမှာဖြစ်ဖြစ် တစ်ခါတလေဖြစ်ဖြစ် ဘာမှ မပေါ်တတ်တာတွေ တွေ့ရပါတယ် ဘာမှ မပေါ်လာလည်း အမှန်တော့ရပါတယ်ခင်ဗျာ ဒါပေမယ့် Check ဆိုတာက မနှိပ်ပဲ ကျော်သွားလို့မရပါဘူးခင်ဗျာ


ဒီအဆင့်လေးမှာတော့ အရင်ဆုံး initialization ဆိုတာကိုနှိပ်ပါ ပြီးရင် သူမေးပါလိမ့်မယ် Ok နှင့် Cancel ဆိုတာပေါ်လာရင် Ok ကို နှိပ်လိုက်ပါ


အပေါ်က ဆစ်ဆင့်လုပ်ပြီးသွားပါက Please turn off printer ဆိုပေါ်လာရင် printer ကို ပိတ်လိုက်ပါ ပိတ်ပြီးပြီးခဏကြာတွင်ပြန်ဖွင့်လိုက်ပါဒါဆို EPSON L110-L210-L300-L350-L355 Reset  ချနည်းကို ကောင်းကောင်းကြီး နားလည်သဘောပေါက် တက်မြောက်လိမ့်မည်ဟု ယုံကြည့်ပါတယ် ခင်ဗျာ





မှတ်ချက် Copy ကူယူထားခြင်းမရှိပါ ကိုယ်ကိုတိုင်ကြုံခဲ့ရသော ပြဿ     ကိုဖြေရှင်းရင် သိခဲ့သောကြောင့် ပြန်လည် မျှဝေတာပါ ကျွန်တော်မှာတော့ ပထမ ဆိုင်သွားပို့တာ ဘတ်၄၀၀ ပေးခဲ့ရပါတယ် ဒီလိုမလုပ်တတ်လို့ပေါ့ နောက်ပိုင်းတတ်သွားသိသွားတော့ ဘတ် ၄၀၀ ပေးစရာမလိုတော့ပါဘူး သူငယ်ချင်းတို့ကိုလည်း ပြန်လည်မျှဝေတဲ့အနေနဲ့ ဒီဆော့ဝဲလ်လေးနှင့် Reset ချနည်းကိုပြန်လည်မျှဝေပါတယ် အမှားပါရင် ပြုပြင်ပေးပါခင်ဗျာ


အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)


Wednesday, September 10, 2014

Zawgyi one 32 bit and 64 bit install ပြုလုပ်နည်း




အခုတင်ပေးမယ့်ဆော့ဝဲလ်လေးကတော့ Zawgyi One လို့ခေါ်ပါတယ်ခင်ဗျာ ဒီဆော့ဝဲလ်လေးကတော့ 
ရွှေမြန်မာလူမျိုးများအတွက်မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလ်လေးလို့ ပြောရရင် မမှားလောက်ပါဘူးခင်ဗျာ
ဆော့ဝဲချည်းပဲတင်ထားတာတော့မဟုတ်ပါဘူးခင်ဗျာ လုပ်နည်းတွေကိုပါပုံနှင့်တကွ ရှင်းပြထားပါတယ်
ဆရာကြီးများအတွက်တော့ရည်စရာဖြစ်နေမှာဆိုးလို့ ဆရယကြီးများအတွက်မရည်ရွယ်ပါဘူး အခုမှ
ကွန်ပျူတာကို လေ့လာကိုင်တွယ်သူများအတွက် အထောက်အကူ တက်မြောက်စေချင်တဲ့ဆန္ဒနှင့် ကိုယ်တိုင် ရေးပေးလိုက်ပါတယ်ခင်ဗျာ Copy ကူးယူထားခြင်းမရှိပါ ကိုယ်တတ်သလောက်ရေးထားတဲ့ အတွက်အမှားများပါခဲ့ရင် ပြင်ပေးသင်ပေးစေချင်ပါတယ်ခင်ဗျာ ပထမအနေနဲ့ အောက်Link လေးမှာ အရင်ဒေါင်းပါခင်ဗျာ


ဒါင်းလို့ရတဲ့ Winrar ဖိုင်လေးကိုကိုဖြေပါ Password ကတော့ ပုံတွင်ပြထားသည့် 
www.minminchit.org ပါခင်ဗျာ


ဖြေထားတဲ့ ဖိုင်လေးကိုအရင်ဖွင့်လိုက်ပါ အနီဝိုင်းထားတဲ့ IEZawGyiGtalkfont www.minminchit.org ဆိုတာလေးကို Run လိုက်ပါ

ပုံတွင်ပြထားသည့်အတိုင်း Next ကိုနှိပ်လိုက်ပါ


Next ကိုထပ်နှိပ်လိုက်ပါ 


နောက်ထပ်လည်း Next ကိုထပ်နှိပ်ပါ


Runing တာပြီးသွားရင်တော့ finish ဆိုတာလေးကို နှိပ်လိုက်ပါ ဒါဆို Install လုပ်လို့ပြီးသွားရင် Restart ကျသွားပါလိမ့်မယ် Windows တက်လာအောင်ခဏစောင့်ပါ Windows တက်လာရင်တော့ Windows 7 32 bit ကိုအောင်မြင်စွာထည့်လို့ပြီးဆုံးသွားပါပြီ


Windows 7 64 bit ကိုဆက်ပြီးသွားကြရအောင်ဒီနေရာမှာ Windows 7 64 bit နဲ့ 
Windows 7 32bitလုပ်ဆောင်တာခြင်းကတော့ 32 bit လို့အရင်  အရင်လုပ်ဆောင်ပါ 32 bit ကိုပုံနဲ့ရှင်းပြထားသည့်အတွက်ထပ်မရှင်းတော့ပါဘူးခင်ဗျာ 32 bit လို လုပ်ဆောင်ပြီးသွားပါက 
ဒေါင်းလို့ရထားသည့် Zawgyi One မှာပါတဲ့
Zawgyi Font For 64bit www.minminchit.org ဆိုတာလေးကို ရင်ဖွင့်လိုက်ပါ 


Double Click Me ဆိုတာလေးကို Run လိုက်ပါ ခဏစောင့်နေရင် Run ပြီးပါကခဏစောင့်နေပါ


ပုံတွင်ပြထားသည့် အနီဝိုင်းထားသည့်ပုံလေးလို ပေါ်ဖို့အတွက် ခဏစောင့်ပေးပါ စာရေးလို့ရဖို့အတွက်ခဏစောင့်ပေးပါ


Windows 7 32/64 bit ကိုသိပြီးပါက Windows 8,Windows 8.1 ကိုထည့် သွင်းနည်းကိုလည်းသိချင်မှာပဲနှော် ဒါကြောင့်ထပ်ရှင်းပြလိုက်ပါတယ် Windows 8,Windows 8.1 32/64Bit နှစ်ခုစလုံး  ကိုဘယ်လိုထည့်သွင်းရလဲဆိုတော့ Windows 7 64 bit နဲ့အတူတူပါပဲခင်ဗျာ
ဒါဆိုရင် Zawingyi One ထည့်သွင်းနည်းကို ကောင်းကောင်းကြီးနားလည် တက်မြောက်လိမ့်မယ် လို့ယုံကြည်မိပါတယ်


            အားလုံးကိုလေးစားလျှက်   မိုးမျှော် (မင်းတုန်း)

Desktop ပေါ်မှာမြန်မာစာပေါ်အောင်ပြုလုပ်နည်း


Desktop မှာမြန်မာစာပေါ်အောင်လုပ်နည်းလေးကိုလည်းထပ်မံပြောပြချင်ပါတယ်
မသိသူများအတွက်အများကြီးအထောက်အကူပြုစေရန်ရည်ရွယ်သည်။ 
ပုံမှာပြထားသည့်အတိုင်း မျက်နှာလွတ်နေတဲ့နေရာမှာ Right click တစ်ချက်နှိပ်ပါ။
ပုံတွင်ပြထားသည့် personalize ဆိုတဲ့စာသားလေးကို တစ်ချက်နှိပ်ပါ


ပုံတွင်အနီဝိုင်းထားသည့် Window Color ကိုနှိပ်ပါ



ပုံတွင်အနီဝိုင်းထားသည့် Advanced appearance settings ကိုတစ်ချက်နှိပ်ပါ


ပုံတွင်အနီဝိုင်းထားသော သလို Icon ကိုရွေးပေးပါ Font နေရာမှာ အောက်ဆုံးမှာရှိတဲ့ Zawgyi -One ကိုရွေးပေးပါ ပြီးတော့ အားလုံးကို မြန်မာစာပေါ်ချင်တယ်ဆိုရင် တော့ပထမအဲဆွဲထဲက Icon နေရာမှာပေါ့ နှော်အဲထဲမှာ ရှိတဲ့ ဥပမာ Active Titla Bar ဆိုတာတွေကို အပေါ်မှာပြောထား သည့်အတိုင်း Font နေရာတွင် Zawgyi -One ကိုရွေးပေးပါ တခြား Font ရွေးလို့ရသည့်ဟာ မှန်ရင်ရွေးပေးပါက မြန်မာစာကိုကောင်းကောင်းမြင်နိုင်မှာဖြစ်ပါသည်။


မိုးမျှော် (မင်းတုန်း)

Saturday, August 30, 2014

Imobile I-style 8.1 Firmware တင်နည်း


 တောင်းထားတဲ့လူရှိတဲ့အတွက် Istyle 8.1 Firmware ကိုတင်ပေးလိုက်ပါတယ်  Download ကိုနှိပ်ပြီးဒေါင်းလိုက်ပါ Password တောင်းရင် www.minminchit.org လို့ရိုက်ထည့်ပေးပါ Firmawre တင်နည်းအောက်မှာ Video ဖိုင်တင်ပေးထားပါတယ် File Size ကတော့ 431 MB ရှိပါတယ်
 
Firmware တင်နည်းကိုတော့ ဒီမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

Friday, August 29, 2014

Play Store ထည့်လို့မရတဲ့တရုတ်ဖုန်းတွေမှာ Play store ထည့်နည်း


တောင်းထားတဲ့လူတွေများလာတဲ့အတွက်မအားတဲ့ကြားကတင်ပေးတာလေးပါ
များသောအားဖြင့်တော့တရုပ်ထုတ်ဖုန်းတွေမှာ Play Store တွေမပါပါဘူး ထည့်ရင်လက်ခံပြီးတော့ ဖွင့်လိုက်ရင်သုံးလို့မရတာမျိုးဖြစ်ပါတယ် ဒီအတွက် Play Store ကိုပြင်ပြီးထည့်ပေးမှရပါတယ် root လုပ်ထားဖို့တော့လိုပါမယ် ကွန်ပျူတာမလိုပါဘူး
လိုအပ်တဲ့ software တွေကတော့ 
(1) Root Explorer.apk (2) Google Services Framework.apk (3) Google Login Service.apk
တို့လိုအပ်ပါတယ်ဒါတွေအကုန်လုံးကို အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် 

အောက်မှာလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့ပြပေးပါမယ် Software ကိုဒေါင်းပြီးရင် ဖိုင်တွေကိုဖြည်ဖို့အတွက်က winarar.apk ကိုဒေါင်းပြီး install လုပ်လိုက်ပါ ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကိုဖြည်လိုက်ပါ
password တောင်းရင် www.minminchit.org လို့ထည့်ပေးလိုက်ပါ
  ပြီးရင် Root Explorer.apk ကို install လုပ်ပြီး program ကိုဖွင့်လိုက်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
ပြီးတော့ STORAGE ထဲကနေအခုနကဖြေထားတဲ့ဖိုင်ထဲကနေ .apk သုံးခုကို Copy ကူးလိုက်ပါ

ပြီးတော့ ROOT ကနေ system ၊ system ထဲကနေ app ထဲကိုဝင်လိုက်ပါ ပြီးတော့ Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O ပြောင်းလိုက်ပါ အခုနကကူးလာတဲ့ .apk သုံးဖိုင် ကိုကူးထည့်လိုက်ပါ
ပြီးရင်ဖုန်းကို Restart ချလိုက်ပါ ဖုန်းပြန်ဖွင့်လာရင် Google Play store ထဲကိုဝင်ပြီး Gmail နဲ့ ဝင်ပြီးရင် စိတ်ကြိုက်ဒေါင်းလို့ရပါပြီ
အဆင်မပြေတာရှိရင် www.facebook.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်
နည်းပညာနဲ့တွေတိုးတက်ပြီးအဆင်ပြေကြပါစေ



Tuesday, August 26, 2014

Imobile IQ 5.1 Firmware တင်နည်း

http://f.ptcdn.info/866/003/000/1365165720-2-o.jpg 
 တောင်းထားတဲ့လူရှိတဲ့အတွက် IQ 5.1 Firmware ကိုတင်ပေးလိုက်ပါတယ် Firmware တင်မဲ့ Tool လည်းပါပါတယ်အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းလိုက်ပါ Password တောင်းရင် www.minminchit.org လို့ရိုက်ထည့်ပေးပါ Firmawre တင်နည်းအောက်မှာ Video ဖိုင်တင်ပေးထားပါတယ် File Size ကတော့ 683 MB ရှိပါတယ်