Pages

Saturday, November 1, 2014

I style 2.4 Firmware တင်နည်း

တောင်းထားတဲ့လူလေးရှိလို့ပါ ကဲ Imobile Istyle 2.4 ကို အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်နေပြီးတိုင်ပတ်နေတဲ့ ဖုန်းတွေအတွက် အဆင်ပြေအောင် firmware တင်နည်းလေးတင်ပေးလိုက်ပါတယ် ဒီဖုန်းက တခြားဖုန်းတွေလို မဟုတ်ဘဲ computer အသုံးမပြု ဘဲ SD card ကနေ Firmware တင်ရမှာဖြစ်တဲ့အတွက် SD card 1GB လောက် လောက်ရှိရပါမယ် SD card မှာ ဘာမှမထည့်ထားတဲ့ဟာဆိုပိုကောင်းပါတယ် ပြီးရင် Istyle 2.4 Firmware ဖိုင်ကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ File Size ကတော့ 409 MB ရှိပါတယ်

ပြီးရင်ဖိုင်ကိုဖြေလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ အထဲမှာ Firmware Zip ဖိုင်တစ်ဖိုင်ရလာလိမ့်မယ်
ရလာတဲ့ Zip ဖိုင်ကို SD ကဒ်ထဲကိုထည့်လိုက်ပါ
ပြီးရင် SD ကဒ်ကိုဖုန်းထဲထည့်ပြီး Recovery mode ခေါ်ပါ
vol up+ Power ပါ အောက်ကပုံတိုင်းတက်လာရင် Recovery mode  သုံးဖို့ vol ခလုတ်ကိုနှိပ်ပြီးအပေါ်အအောက်ရွေ့လို့ရပါတယ်ပြီးရင် apply update from sdcard ကိုရွေးပေးလိုက်ပါ ပြီးရင် power ခလုတ်ကိုနှိပ်လိုက်ပါ ပြီးရင် SD ကဒ်ထဲက Firmware Zip ဖိုင်ကိုရွေးပေးလိုက်ဒါဆိုရင်သူဟာသူ Firmware တင်နေပါလိမ့် ပြီးသွားရင်တော့ reboot system now ကိုနှိပ်လိုက်ရင် restart ချပြီးပြန်တင်လာရင် Firmware တင်လို့ပြီးပါပြီ Boot တက်စမှာတော့ နည်းနည်းကြာတတ်ပါတယ် အားလုံးနည်းပညာတွေတတ်မြောက်ပြီးအဆင်ပြေကြပါစေ နားမလည်တာရှိရင်တော့ www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်
မှတ်ချက် လက်ထဲတွင် istyle 2.4 ဖုန်းမရှိပါသဖြင့်အင်တာနက်ပေါ်မှပုံအားယူသုံးထားပါသည်

Friday, October 31, 2014

AIS Lava Iris 500 နှင့် 700 Version 4.4.2 root ဖောက်နည်း မြန်မာစာထည့်နည်း



လူတွေတောင်းလာတာများလာလို့မအားတဲ့ကြားကနေတင်ပေးလိုက်ပါတယ် ဒီကောင်ကို root ဖောက်ရင်တော့ ကွန်ပျူတာကဖောက်မှရမှာပါ ပထမဦးဆုံး root ဖောက်ဖို့အတွက် ဖုန်းကိုကွန်ပျူတာကနေသိအောင်လုပ်ဖို့အတွက်က Android ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်နည်း နှင့် Unknown sources ပြင်နည်း ထဲမှာဝင်ကြည့်ပြီးပြင်ပေးလိုက်ပါ ပြီးတော့ root ဖောက်ဖို့အတွက်က
Kingo Root Tool ကိုကွန်ပျူတာမှာထည့်ပြီးဖောက်ရမှာဖြစ်ပါတယ် အဲလိုဖောက်ဖို့အတွက် Driver အရင်ထည့်ထားဖို့လိုပါတယ် အင်တာနက်ရှိရင်တော့သူဟာသူရှာထည့်ပေးပါလိမ့်မယ် ပထမဦးဆုံး Kingo Root Tool 1.2.5 ရယ် Iris 500 မှာသုံးမဲ့မြန်မာစာရယ် ပြီးတော့ Iris 700 မှာသုံးမယ့်မြန်မာစာရယ် ပြီးတော့ Active လုပ်ပြီးသား bagon Keyboard ရယ် Prozen Keyboard ရယ် အောက်မှာဒေါင်းလော့ကိုဒေါင်းပြီးရယူနိုင်ပါတယ် password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ

Download

ဖြေလို့ရလာတဲ့ဖိုင်တွေကအောက်ကပုံအတိုင်း (4) ဖိုင်ပါပါလိမ့်မယ်


 Kingo Root 1.2.5 ကိုကွန်ပျူတာမှာအရင်အင်စတော့လုပ်လိုက်ပါပြီးရင် Kingo Root Program ကိုဖွင့်လိုက်ပါအောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် Root ဖောက်နည်းကတော့ဖုန်းနှစ်လုံးလုံးအတူတူပါဘဲ့
 ပြီးရင်ကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ပေးလိုက်ပါ Driver ကိုကွန်ပျူတာကနေသိရင်အောက်ကပုံအတိုင်းပေါ်လာလိမ့်

အပေါ်ကပြထားတဲ့ပုံမှာဖုန်းထဲမှာလုပ်ပေးရမယ့်အဆင့်ပါ အဲဒီအဆင့်မှာ Always allow from this computer ရဲ့အကွက်မှာအမှတ်ချက်ပေးပြီးမှ OK ကိုနှိပ်ပေးလိုက်ပါ ပြီးမှကွန်ပျူတာမှာ OK ကိုနှိပ်ပေးလိုက်ပါ (ဒီကောင်မှာအမှတ်ချက်မပေးထားရင် root ဖောက်လို့မပေါက်ပါ)


ပြီးရင် ROOT ကိုနှိပ်လိုက်ပါ ပြီးရင်သူဟာသူဆက်လုပ်နေပါလိမ့်မယ် ပြီးရင်ဖုန်းနှစ်ကြိမ်လောက်ပိတ်ပြီး ဖုန်းနဂိုပုံစံအတိုင်းပြန်တက်လာရင် အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်


ပြီးရင် Finish ကိုနှိပ်လိုက်ပါ ပြီးရင် OK ကိုနှိပ်လိုက်ပါ


ပြီးရင်တော့ အောက်ကပုံအတိုင်း SuperSU software တစ်ခုဖုန်းထဲမှာပိုလာလိမ့်မယ်အဲဒါဆိုရင်တော့ root ဖောက်တာအောင်မြင်ပါပြီး တစ်ခါတစ်လေဖောက်လို့မအောင်မြင်ရင်တော့ reset ချပြီးပြန်လုပ်ကြည့်ပါလုံးဝသေချာစွာအောင်မြင်စေရပါမယ်
တကယ်လို့ ဖောက်ထားတဲ့ Root ကိုဖောက်ထားတာကိုထုတ်ချင်ရင်တော့ အောက်ကပုံမှာပါတဲ့ Remove Root ကိုနှိပ်လိုက်ရင်သူ့ဟာသူ Root ပြန်ပျောက်သွားပါလိမ့်မယ် ဒါဆိုရင်တော့ root ဖောက်လို့အောင်မြင်ပါပြီ

ဖုန်းတွေမှာမြန်မာစာထည့်မယ်ဆိုရင် အရင်ဆုံးသိထားရမှာကဖုန်း Firmware ကျတာဖြစ်များတယ် အများအားဖြင့် ဖြစ်များတာကတော့ Font Changer တစ်ခုပြီးတစ်ခုသုံးတာများရင်ဖြစ်တတ်ပါတယ် အဲဒါကြောင့်အောက်ကနည်းအတိုင်းမြန်မာစာထည့်ချင်ရင်တော့ ဖုန်းကို reset ချပြီးမှထည့်ပါလို့ကြိုတင်အကြံပေးချင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့အခုပေးထားတဲ့ Font Changer တွေက အများအားဖြင့်အဲလိုဖြစ်တတ်တဲ့ Font တွေမို့လို့ပါ ဖုန်းတစ်ခုခုဖြစ်ရင်တော့စာရေးသူတာဝန်မယူပါ လိုအပ်တာတော့တပ်နိုင်သမျှကူညီပေးပါမည်
ပြီးရင်တော့မြန်မာစာထည့်ဖို့အတွက်ကတော့ ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက MMSD Smart Zawgyi v 1.3.0 (ဇကွဲဖောင့်) ကိုဖုန်းထဲကိုကူးထည့်ပြီး install လုပ်ပေးလိုက်ပါ အောက်ကပုံအတိုင်းပေါ်လာရင် allow ကိုနှိပ်ပေးလိုက်ပါ
မှတ်ချက် MMSD Smart Zawgyi v 1.3.1 (ဇကွဲဖောင့်) နဲ့ထည့်ရင်လုံးဝဖန်ဝဲကျဖို့များပါတယ်


ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် Huawei နှင့်အခြားကိုနှိပ်ပေးလိုက်ပါ ပြီးရင်ဖုန်း Restart ကျသွားပြီးတော့ပြန်တက်လာရင်တော့မြန်မာစာ 100 % အဆင်ပြေပါပြီ

Thursday, October 30, 2014

Real.Boxing Games for Android





ကျွန်တော်အခုတင်ပေးမှာကတော့ Real.Boxing ဆိုတဲ့ Games လေးပဲဖြစ်ပါတယ်
Boxing ထိုးရတာ နှစ်သက်သူများ အောက်က Link မှာဒေါင်းယူပါ Password ကတော့ www.minminchit.org ဖြစ်ပါတယ်


အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)

AirFighters.Pro.v2.01 for Android

အခုတခါတင်ပေးမှာကတော့ Air Fighters ဆိုတဲ့ Games အမျိုးအစားပဲဖြစ်ပါတယ်


လေထုထဲမှာတိုက်ခိုက်ရတာကို နှစ်သက်သူများအတွက်တင်ပေးလိုက်တာပါ ဖိုင်ဆိုက် နဲနဲ ကြီးလို့ Winrar နဲ့ချုပ်လိုက်ပါတယ် စိတ်ဝင်စားသူများအောက်က link မှာဒေါင်းယူပါ Password ကတော့ www.minminchit.org ဖြစ်ပါတယ်


    အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)    

HTV AEC for Android


အခုတစ်ခါတင်ပေးမှာကတော့ HTV AEC ဆိုတဲ့ နာမည်ကြီး ASEAN TV အခမဲ့ လိုင်းတွေ ပါဝင်တဲ့ Software လေးပါ မသိသူဖေါ်စား သိသူကျော်သွားပေါ့နှော်.. မှာဒေါင်းယူနိုင်ပါတယ် မြန်မာလိုင်း 4 လိုင်းပါပါတယ်ခင်ဗျာ မြန်မာလိုင်းများကတော့ 5 Plus (myanmar) လိုင်းကတော့ အင်္ဂလိပ်ရုပ်ရှင်ဇာတ်ကားများကို အများဆုံးလွှင့်ပေးတဲ့လိုင်းပါ နောက်ထပ် Channeal 7 (myanmar) သူကတော့ သီချင်းတွေကို ဦးစားပေး အင်တာဗျူးတွေကိုဦးစားပေးတဲ့လိုင်းလေးဖြစ်ပါတယ် 
နောက်ထပ်တစ်ခုကတော့ MRTV (LIME) ကတော့ အားကစား မြန်မာဘောလုံးပွဲများ နှင့်သတင်းများကို ဦးစားပေးတဲ့ မြန်မာ့ရုပ်မြင်သံကြားလိုင်းတစ်ခုဖြစ်ပါတယ် နောက်ဆုံးတစ်ခုကတော့ MRTV-4 ဖြစ်ပါတယ် ဒီ လိုင်းတော့ မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်တယ် ဒီလောက်ဆိုလုံလောက်ပြီထင်တယ်နှော်
မရှိသူများအောက်က link...







အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)

Gunship Battle : Helicopter 3D Games for Android

Gunship Battle : Helicopter 3D Games

အခုတခါတင်ပေးမှာကတော့ ကျွန်တော် Website မှာ တစ်ခါရသော Games ကိုကျွန်တော် ဒီနေ့ကနေစပြီး Gamesများကို တင်ပေးတော့မည် အစပိုင်းမှာကျွန်တော် မတင်ပေးချင်ပါဘူး နောက်ပိုင်းမှာတော့ ကျွန်တော် အလုပ်ထဲမှာ လူတော်တော်များများက Games တွေဆော့နေတာ မြင်တွေ့ရတယ် သူတို့ ဆော့နေတဲ့ Games ကလည်း ခလေးကစားစရာလေးလိုပဲ သူတို့တွေကိုမေးပါတယ် Games ကောင်းကောင်းတွေ မဆော့ဘူးလား မေးတော့ သူတို့ကပြောတယ် ငါတို့မရှာတတ်ဘူး ဘယ်လိုရှာလဲ မေးတယ် မင်းမှာ ရှိရင်ပေးပါလား မင်းတို့ ဆရာ Websiteမှာ ရှိလားမေးတာ နဲ့ ကျွန်တော် တင်ပေးပါ့မယ်လို့ပြောပြီး ထားမို့ကြောင့် Games များကိုတင်ပေးပါမယ်ခင်ဗျာ.........
အခုGunship Battle : Helicopter 3D ဖြစ်ပါတယ် အောက်က link မှာဒေါင်းယူနိုင်ပါတယ်


Download

အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)