Pages

Wednesday, December 10, 2014

Lenovo S930 Version 4.4.2 ကို မြန်မာစာ ၁၀၀% မှန်အောင် ထည့်နည်း


 
 
ထုံးစံအတိုင်းပေါ့နော်..အရင်ဆုံး Root ဖောက်ဖို့အတွက်........PC တော့လိုပါတယ်
ခုနောက်ပိုင်း ဖုန်းတွေမှာ Version တွေကမြင့်လာတဲ့အတွက် Root apk တွေနဲ့ ဖောက်လို့မရတော့ပါဘူး...Root ဖောက်ဖို့အတွက် Root Tool Vroot 1.7.9.2 နောက်ဆုံးထွက်ဘားရှင်းကိုအောက်ကလင့်မှာယူလိုက်ပါ 


အဲဘားရှင်းက Andorid Version 4.4.2 တွေ ကိုပေါက်နေပြီဖြစ်ပါတယ် ဖေါက်နည်းကတော့အောက်က ပုံအတိုင်းကြည့်ပြီးလုပ်လိုက်ပါ အသုံးပြုနည်းကတူတဲ့အတွက် ပုံများကိုယူသုံးထားပါတယ် ဒေါင်းလို့ရလာတဲ့ဖိုင်ကိုကွန်ပျူတာမှာ install လုပ်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် root ဖောက်ဖို့အတွက် ဖုန်းကိုကွန်ပျူတာကနေသိအောင်လုပ်ဖို့အတွက်က Android ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်နည်း နှင့် Unknown sources ပြင်နည်း ထဲမှာဝင်ကြည့်ပြီးပြင်ပေးလိုက်ပါ


ပြီးရင်ကွန်ပျူတာနဲ့ဖုန်းကိုချိတ်ဆက်လိုက်ပါ ကွန်ပျူတာကနေ Driver ရှာပါလိမ့်မည် Driver ကိုဖုန်းအမျိုးအစားလိုက်ပြီးထည့်ပေးဖို့လိုပါတယ် အင်တာနက်ရှိရင်တော့ vroot software ကသူ့ဟာသူ Driver ရှာပါလိမ့်မယ်ရှာလို့တွေ့သွားရင်တော့အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်


ပြီးရင် root ကိုနှိပ်ပြီး root ဖောက်လိုက်ပါ ဖုန်း က auto restart ချ ပြီးပြန်တက်လာလိမ့်မယ် root ပေါက်သွားရင်တော့ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
ဒါဆိုရင်တော့ root ဖောက်လို့အောင်မြင်သွားပါပြီ


Root Access ရပြီဆိုယင်တော့မြန်မာစာထည့်ဖို့အတွက်...အောက်မှာယူပါ...


အောက်ကပုံအတိုင်းကြည့်ပြီးဆက်လုပ်လိုက်ပါ (မှတ်ချက်####ခုဖုန်းအမျိုးအစားမှာ MMSD Smart Zawgyi Version 1.3 တစ်ခုတည်းသာအဆင်ပြေပါသည်) 





ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် Huawei နှင့်အခြားကိုနှိပ်ပေးလိုက်ပါ ပြီးရင်ဖုန်း Restart ကျသွားပြီးတော့ပြန်တက်လာပါလိမ့်မယ် ဒါဆိုယင်တော့မြန်မာစာတွေမြင်နေရပါပြီ...
ဒါပေမယ့်..စာတွေအချို့နေရာတွေမှာ ဝလုံးတွေဖြစ်နေပါသေးတယ်...အောက်ကပုံမှာကြည့်လိုက်ပါ


အဲအတွက်ကို font အစားထိုးပြီးထည့်ရပါမယ်...
လိုအပ်တာကတော့ Root Explorer နဲ့ ကျမပြင်ထားတဲ့ Padauk.ttf ဖိုင်လေးတွေပါ....အောက်မှာယူလိုက်ပါ Root Explore နဲ့ ကျမပြင်ထားတဲ့ Padauk.ttf ဖိုင်လေးတွေကို....အောက်မှာယူလိုက်ပါ 
ဒါက Root Explorer ပါ....


ဒါကတော့ Padauk.ttf ဖိုင်လေးပါ


ပြီးရင်တော့ပုံထဲကအတိုင်းသာကြည့်ပြီး Font အစားထိုးပေးလိုက်ပါ....မြန်မာစာဟာ Facebook နဲ့အခြား Browser တွေမှာပါ 100% မှန်နေတာတွေ့ပါလိမ့်မယ်
မြန်မာလူမျိုးများ...နည်းပညာတိုးပွားကြပါစေ (Thu Thu)

Tuesday, December 9, 2014

Asus Zenfone 4 နှင့် 4.5 Version 4.4.2 တွင် Root ဖောက်နည်း

အခုတင်ပေးမယ့်အကြောင်းအရာကတော့ Asus ဖုန်းတွေမြန်မာစာထည့်ဖို့အတွက် root ဖောင့်နည်းဖြစ်ပါတယ် နဂိုမြန်မာစာပါပြီးသားဖြစ်ပေမယ့် ယူနီကုဒ်ဖြစ်နေတဲ့အတွက် Zawgyi Font နဲ့ရေးထားတာတွေဖတ်ဖို့ အဆင်မပြေတဲ့အတွက် Zawgyi Font ကို Root ဖောင့်ပြီးပြန်ထည့်ပေးရပါတယ် Asus Zenfone 4 နှင့် 4.5 ဖုန်းတွေကို root ဖောက်နည်းကိုအရင်တုန်းကတော့တင်ပေးဖူးပါတယ် 4.3 အတွက်တော့အဆင်ပြေပေမယ့် 4.4.2 တွေမှာမပေါက်ဘဲဖြစ်လာလို့အသစ်လေးစမ်းပြီးတာနဲ့တင်ပေးလိုက်တာပါ သုံးပြုနည်းကတော့အရင်အတိုင်းပါဘဲ့ root ဖိုင်လေးပြောင်းသွားတာလောက်ပါ အဲနည်းကတော့ Computer ကိုအသုံးပြုပြီး Zip ဖိုင် နဲ့ cmd box ကနေသွင်းမှရပါတယ် အောက်မှာကတော့ root ဖိုင်နဲ့ Driver ဖိုင်ပါ အောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ်

Download

ရလာတဲ့ဖိုင်ကိုဖြေလိုက်ပါ password တောင်းခဲ့ရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဖို့အတွက် Android ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်နည်း နှင့် Unknown sources ပြင်နည်း  ပြင်နည်းထဲမှာဝင်ကြည့်ပြီးပြင်လိုက်ပါ ဖြေလို့ရလာတဲ့ဖိုင်ထဲက Driver ဖိုင်ကိုအရင် Install လုပ်လိုက်ပါ
ပြီးရင်ဖုန်းကိုပိတ်လိုက်ပါ recovery mod ခေါ်ဖို့အတွက် Vol up ကိုဖိပြီး Power ကိုပါတစ်ခါတည်းဖိလိုက်ပါ Asus Logo တက်ပြီး စက်ရုပ်ပုံလေးပေါ်လာပြီး recovery mod တက်လာရင် ကွန်ပျူတာကို USB နဲ့ချိတ်ပေးလိုက်ပါ ချိတ်ပြီးသွားရင်အောက်ကပုံအတိုင်း Ready For Download ပုံလေးပေါ်လာလိမ့်မယ်

20140618154442_53a1b3ea442df.jpeg

အခုနကဖြေထားတဲ့ဖိုင်ထဲက Root Zenfone 4 ဖိုင်ကိုဖွင့်လိုက်ပါအောက်ကပုံအတိုင်းရှိနေလိမ့်မယ်


ပြီးရင်အပေါ်မှာဝိုင်းပြထားတဲ့အတိုင်း open နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ အောက်ကပုံအတိုင်း cmd box လေးတက်လာလိမ့်မယ်


အဲဒီ cmd box အကွက်ထဲမှာ အောက်ကအနီရောင်နဲ့ရေးထားတဲ့စာကိုကူးပြီးထည့်လိုက်ပါ

fastboot flash update root_zenfone4.zip

ပြီးရင် enter ကိုနှိပ်လိုက်ပါ cmd ကသူ့ဟာသူ root.zip ဖိုင်ကိုရှာပြီး install လုပ်ပေးသွားလိမ့်မယ် install လုပ်တဲ့ဟာအောင်မြင်ရင်သူ့ဟာသူ Restart ကျပြီး အလုပ်ဆက်လုပ်နေလိမ့်မယ် အားလုံးပြီးသွားရင် ဖုန်းနဂိုအတိုင်းပြန်ပွင့်လာပြီး အောက်ကပုံအတိုင်း superSu icon လေးဖုန်းထဲမှာပေါ်လာရင်တော့ root ဖောက်တာအောင်မြင်ပါပြီ အဆင်မပြေတာရှိရင်တော့ www.fb.com/minminchit.org ကိုလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် နည်းပညာများကိုနားလည်လွယ်ပြီး တတ်မြောက်လွယ်တဲ့လူတွေဖြစ်ပါစေဆုတောင်းပေးလိုက်ပါတယ်

Tuesday, December 2, 2014

Imobile IQ 5.7 Firmware တင်နည်း

တောင်းထားတဲ့လူလေးရှိလို့ပါ ကဲ Imobile IQ 5.7 ကို အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်နေပြီးတိုင်ပတ်နေတဲ့ ဖုန်းတွေအတွက် အဆင်ပြေအောင် firmware တင်နည်းလေးတင်ပေးလိုက်ပါတယ် ဒီဖုန်းက တခြားဖုန်းတွေလို မဟုတ်ဘဲ computer အသုံးမပြု ဘဲ SD card ကနေ Firmware တင်ရမှာဖြစ်တဲ့အတွက် SD card 1GB လောက် လောက်ရှိရပါမယ် SD card မှာ ဘာမှမထည့်ထားတဲ့ဟာဆိုပိုကောင်းပါတယ် ပြီးရင် IQ 5.7 Firmware ဖိုင်ကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ File Size ကတော့ 535 MB ရှိပါတယ် 


Download ပြီးရင်ဖိုင်ကိုဖြေလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ အထဲမှာ Firmware Zip ဖိုင်တစ်ဖိုင်ရလာလိမ့်မယ် ရလာတဲ့ Zip ဖိုင်ကို SD ကဒ်ထဲကိုထည့်လိုက်ပါ ပြီးရင် SD ကဒ်ကိုဖုန်းထဲထည့်ပြီး Recovery mode ခေါ်ပါ vol up+ Power ပါ အောက်ကပုံတိုင်းတက်လာရင် Recovery mode သုံးဖို့ vol ခလုတ်ကိုနှိပ်ပြီးအပေါ်အအောက်ရွေ့လို့ရပါတယ်ပြီးရင် apply update from sdcard ကိုရွေးပေးလိုက်ပါ ပြီးရင် power ခလုတ်ကိုနှိပ်လိုက်ပါ ပြီးရင် SD ကဒ်ထဲက Firmware Zip ဖိုင်ကိုရွေးပေးလိုက်ဒါဆိုရင်သူဟာသူ Firmware တင်နေပါလိမ့် ပြီးသွားရင်တော့ reboot system now ကိုနှိပ်လိုက်ရင် restart ချပြီးပြန်တင်လာရင် Firmware တင်လို့ပြီးပါပြီ Boot တက်စမှာတော့ နည်းနည်းကြာတတ်ပါတယ် အားလုံးနည်းပညာတွေတတ်မြောက်ပြီးအဆင်ပြေကြပါစေ နားမလည်တာရှိရင်တော့ www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ် မှတ်ချက် လက်ထဲတွင် IQ5.7 ဖုန်းမရှိပါသဖြင့်အင်တာနက်ပေါ်မှပုံအားယူသုံးထားပါသည်



Thursday, November 27, 2014

IQ 5.9 DTV Firmware တင်နည်း


ထုံးစံအတိုင်းပါဘဲ့တောင်းထားတဲ့လူလေးရှိတဲ့အတွက်တင်ပေးလိုက်ပါတယ်
သတိထားရမဲ့အချက်က IQ 5.9 DTV မှာဘဲ့တင်လို့ရပါတယ် Imobile IQ 5.9 လုံးဝတင်လို့မရပါ 
ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး 
IQ 5.9 DTV Firmware နဲ့ လိုအပ်တဲ့ဟာတွေကိုအောက်မှာ
ဒေါင်းလိုက်ပါ Password တောင်းရင် www.minminchit.org လို့ရိုက်ထည့်ပေးပါ  
File Size ကတော့ 1.16 GB ရှိပါတယ်

နားမလည်တာရှိရင် ဒီမှာ လာရောက်မေးမြန်းနိုင်ပါတယ်