Pages

Friday, October 23, 2015

3D ဂြိုလ်ဒီဇိုင်းပြုလုပ်နည်း

   3D ဂြိုလ်ဒီဇိုင်းပြုလုပ်နည်း 


ပုံပြုလုပ်ဖို့အတွက် ပထမအနေနဲ့ Layer အသစ်ကို ယူရပါမယ် Ctrl + N သို့မဟုတ် File ကနေ New Layer ကိုယူ လိုက်ပါ ပေါ်လာသည့် ဇယားကွက်တွင် Width ကို 1550 Pixels Height ကို 870 Pixels Resolutio ကို 150ထားလိုက်ပါ နားမလည်ရင် ပုံကိုကြည့်ပါ


ပြီးရင်တော့ Background Color ကို အမဲရောင်ပြောင်းလိုက်ပါ


Filter က Noise မှတဆင့် Add Nosie ကိုယူလိုက်ပါ


အပေါ်ပုံအတိုင်းရွေးပြီးပါက ပေါ်လာတဲ့ ဇယားကွက်ထဲက Amount 400% နှုန်းထားပါ ထို့နောက် Gaussain ကိုလည်း မှတ်ချက်လေးချက်ပေးပြီး Enter ခေါက်ပါ



ပြီးတော့ Layer ပွားဖို့အတွက် Ctrl+J ကိုနှိပ်၍ ပွားလိုက်ပါ ပွားပြီးရင် Layer 1 ရဲ့ မျက်လုံးလေး ကိုပိတ်ထားလိုက်ပါ မလုပ်တတ်ရင် ပုံကိုကြည့်ပါ


Filter က Blur ထဲကနေ Gaussain ကိုယူ၍ ပေါ်လာသော ဇယားတွင် .5 Pixels လောက်ထားလိုက်ပါ


Colour ချိန်မှာဖြစ်သောကြောင့် Ctrl+L ကိုနှိပ်ပြီး ပေါ်လာသည့်ဇယားတွင် ပထမနေရာမှာ 200 ထားပြီး ဒုတိယနေရာမှာ 9.99 ထားပေး၍ တတိယနေရာမှာ 255 ကိုချိန်လိုက်ပါ မှတ်ချက် ထားတဲ့ နေရာကိုကြည့်ပါ ပြီးရင် Layer 1 ကိုပိတ်ထားတဲ့ မျက်လုံးလေးကိုပြန်ဖွင့်လိုက်ပါ



မီးခိုးအရောင်လေးယူဖို့အတွက်  Filter က Render ထဲကနေ Clouds ကိုယူလိုက်ပါ


ပြီးရင်တော့ မူလ Normal အစား မသိရင် ပုံမှာကြည့်ပါ Kind နှင့် Lock ကြားထဲက နေရာကိုပြော တာပါ ထိုနေရာကို Left Crick ကိုတစ်ချက်ထောက်၍ Color Dodge ဆိုတာကိုရွေးလိုက်ပါ


Layer ကိုပွားပါ Layer ကို မူလရှိတဲ့ Layer 2 ခုကြားထဲမှာထားရမှာဖြစ်ပါတယ် ပြီးရင်အရောင် ဆေးချယ်ဖို့အတွက် မူလအမဲရောင်ကို အပြာရောင်ပြောင်းဖို့အတွက် ပုံမှာ မှတ်ချက်ထားတဲ့ နေရာကိုလေးကိုထောက်ပြီး အရောင်ပေါ်လာပါက မသိပဲနေမှာစိုးလို့ ပုံမှာ မျှားလေးပြထားပါ တယ် ထိုနေရာတွင် အရောင်မသိကျပဲနေမှာစိုးပါက 0018ff လို့ရိုက်ပြီး Colour ကိုရွေးနိုင်ပါတယ်


နောက်ခံအရောင်ကို အပြာရောင်ချယ်ဖို့အတွက် Brush Tool ကိုယူ၍ Size 700 % ထားပါ ထို့နောက်  F5 ကိုနှိပ်၍ ပုံတွင်ပါသည့်အတိုင်း ချိန်ပေးပါ ချိန်ပြီးပါပြီဆိုပါက အရောင်ချယ်လိုက်ပါ


အပေါ်က ပုံအတိုင်းပဲနောက်ထပ်အရောင်တမျိုးထပ်စပ်ပေးမှာဖြစ်ပါတယ် အဲဒီအရောင်ကို မသေချာမှာ စိုးရင်တော့ 00ffea ကိုရိုက်ပြီးရွေးချယ်နိုင်ပါတယ် မျှားလေးတွေပြထားပါတယ် ပြီးရင်တော့ အပေါ်ကအတိုင်းအရောင်ချယ်ပါ


နောက်တဆင့်ကတော့ ပုံကိုဝါးသွားအောင်ပြုလုပ်ဖို့အတွက် Filter က Blur မှတဆင့် Gaussain ကိုယူပါ ပေါ်လာသည့်ဇယားမှာ 80% ခိုင်နှုန်းထားပေးပါ



အပေါ်က ပုံအတိုင်းပဲနောက်ထပ်အရောင်တမျိုးထပ်စပ်ပေးမှာဖြစ်ပါတယ် အဲဒီအရောင်ကို မသေချာမှာ စိုးရင်တော့ 6000ff ကိုရိုက်ပြီးရွေးချယ်နိုင်ပါတယ် မျှားလေးတွေပြထားပါတယ် ပြီးရင်တော့ အပေါ်ကအတိုင်းအရောင်ချယ်ပါ



အပေါ်က ပုံအတိုင်းပဲနောက်ထပ်အရောင်တမျိုးထပ်စပ်ပေးမှာဖြစ်ပါတယ် အဲဒီအရောင်ကို မသေချာမှာ စိုးရင်တော့ 6000ff ကိုရိုက်ပြီးရွေးချယ်နိုင်ပါတယ် မျှားလေးတွေပြထားပါတယ် ပြီးရင်တော့ ပုံမှာပါသည့်အတိုင်အောက်ခြေနှင့် အပေါ်ထပ်အနားကိုလောက်သာ  အရောင်ချယ်ပါ



အခုတခါ ဂြိုလ်ကို ဖန်တီးဖို့အတွက် ကျောက်နံရံတစ်ခုလိုပါမယ် ကျုပ်ပုံထည့်ပေးထားပါတယ် ရှာမတွေ့ပါက ဒီထဲက ပုံကိုပဲ ယူပြီးပြုလုပ်နိုင်ပါတယ် ဖန်တီးဖို့အတွက် Ellptical Marquec Tool ကိုယူပါ ဘာကြောင့်ဆိုတော့ အဝိုင်းပုံဖြစ်အောင်လို့ပါ ပြီးရင်တော့ မညီပဲနေမှာစိုးရင်တော့ Shift ကီးလေးကိုဖိပြီး Mouse လေးကို ဖြေဖြေးခြင်းဆွဲပါ




အခုတစ်ခါတော့ ဂြိုလ်ကိုလည်နေသည့်ပုံစံပြုလုပ်မည်ဖြစ်ပါသောကြောင့် Filter က Distor ကနေ Spherize ကိုယူပါ ပြီးလျှင်တော့ ပေါ်လာသည့်ဇယားမှာ 100% ထားပြီး Enter ခေါက်ပါ ပြီးရင်တော့ Ctrl+f ကိုနှိပ်လိုက်ပါ ဘာကြောင့်ဆိုတော့ လည်နေသည့်ပုံစံ ဖြစ်အောင်လို့ပါ


အခုတခါမှာတော့ မိမိတို့ပြုလုပ်ထားသည့် ဂြိုလ်ကို ပထမဖန်တီးထားတဲ့အရောင်ရှိတဲ့ Layer ကို Copy ကူးပြီး Paste လုပ်ပါ ထို့နောက် ပုံမှာမျှားပြထားသည့်အတိုင်း အရောင်ကို အပေါ်အရောင် ကိုအဖြူရောင်ထားပြီး အောက်အရောင်ကို အမဲရောင်ထားပေးပါပြီးတော့မှာ Layer အသစ်တစ် ခုယူပါ Layer အသစ်ရလာရင်တော့ Alt+Delete ကိုနှိပ်လိုက်တာနဲ အမည်းရောင်လေးပြောင်း သွားပါလိမ့်မယ်



အခုတခါမှာလည်း မိမိတို့ပြုလုပ်ထားသည့်အမဲအရောင်လေးကို အရိပ်ဖြစ်အောင်ဖန်တီးဖို့ အတွက် Filft က Blur ကမှတဆင့် Gaussai Blur ကိုရွေးပေးလိုက်ပါ ပေါ်လာသည့် ဇယားမှာ 15% ထားပေးပါ ပုံမှာပါသည့် မျှားများကိုသေချာကြည့် စာရှည်မှာဆိုးလို့ မရှင်းပြတော့ဘူး



အခုထပ်ပြီး အနားကွက်လေးလုပ်ဖို့အတွက် Layer 3 ကို Right Crick ကိုနှိပ်၍ Blending options ကိုရွေးပေးပါ ပုံပါတယ်


ပုံမှာပါသည့်အတိုင်း Outer Glow ကနေ Opacity ကို 35% Size 60% ထားပေးပါ မျှားပြထားသည့်နေရာသည် အဖြူရောင်ဖြစ်ရပါမည်



နောက် အဲဒီပေါ်ကနေရာထဲမှာပဲ Inner Glow ကိုနှိပ်၍ မျှားလေးပြထားသည့်နေရာမှာ Lighte ဆိုတာကိုရွေးပေးပါ ပြီးရင် Opacity ကို 40% Size 60% ထားပေးပါ ပြီးရင် Enter ခေါက်ပြီး Layer ပေါင်းဖို့အတွက် Shift+Ctrl+Alt+E ကိုနှိပ်ပါ


စိတ်ရှည်ပါပြီးတော့ပါမယ် Layer ပေါင်းပြီးရင်တော့ Filter က Render ကမှတဆင့် Lens Flare ကိုရွေးလိုက်ပါပြီး ကျလာသည့်ဇယားတွင်  Brightness ကို 75 % ထားပြိး 35 mm Prime ကို မောက်လေးတချက်ထောက်ပြီးရွေးပေးပြီးရင် Ok နှိပ်ပါ

ကဲစိတ်ရှည့်သည့်အတွက် ပုံကောင်းလေးတစ်ခုကိုပိုင်ဆိုင်သွားပြီ




   အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)   

3D Film ဒီဇိုင်းပြုလုပ်နည်း

3D Film ဒီဇိုင်းပြုလုပ်နည်း 

ကျုပ်တင်ပေးမှာကတော့ ဗီဒီယိုတည်းဖြတ်တာတွေမှာအသုံးပြုသည့် ဖလင်ဒီဇိုင်းကို Photoshop နဲ့ပြုလုပ်နည်းလေးဖြစ်ပါတယ် အလွယ်တကူလေ့လာရအောင် ဓါတ်ပုံလေးတွေနှင့်လုပ်နည်းကို ရှင်းပြသွားမှာဖြစ်ပါတယ်…





ပထမအနေနဲ့ Layer အသစ်ကို ယူရပါမယ် Ctrl + N သို့မဟုတ် File ကနေ New Layer ကိုယူ လိုက်ပါ ပေါ်လာသည့် ဇယားကွက်တွင် Width ကို 800 Pixels Height ကို 600 Pixels Resolutio ကို 216 ထားလိုက်ပါ နားမလည်ရင် ပုံကိုကြည့်ပါ



Background Color ကို အမဲရောင်ပြောင်းလိုက်ပါ ပြီးရင် Layer ကိုထပ်ပွားပါမယ် ပွားတတ်မယ် ထင်၍ ပုံနဲ့မပြောတော့ပါဘူး Background layer မှာ Right Crick ကိုနှိပ်၍ Duplicate Layer ဆိုတာကိုလေးကို ရွေးလိုက်ပါ ပွားလိုက်တဲ့ Layer ကို အဖြူရောင်ပြောင်းပေးပါ ပြီးရင်
Ctrl + T ကိုနှိပ်၍ အပေါ်က Tool Bar မှာ X,Y,W,H ဆိုပြီး ၄ ခုရှိပါတယ် X 400 Y 300 W 92
H 75 ထားပေးလိုက်ပါ ရပါမယ်



ပြီးရင်တော့ Layer ကိုပေါင်းလိုက်ပါ Ctrl + E သို့မဟုတ် Layer ကိုသွား၍ Left Crick ကိုနှိပ်ပြီး
အောက်ဆုံးနားက Merger Down ဆိုတာကိုရွေးပေးနိုင်ပါတယ်


Ctrl+A သို့မဟုတ် Select က All ဆိုတာကို နှိပ်ပြီးပြုလုပ်နိုင်ပါတယ် Copy ကူးဖို့အတွက် Ctrl+C ကိုနှိပ်နိုင်သလို Edit က Copy ကိုလည်းရွေးချယ်နိုင်ပါတယ် ပြီးရင်တော့ မိမိ ကြိုက်နှစ်သက် တဲ့ ပုံတွေကို Paste ပြုလုပ်နိုင်ပါတယ် ကျုပ်ကတော့ New Layer ကိုပဲအသုံးပြု ထားပါတယ်







ပြီးရင်တော့ မိမိ Paste လုပ်ထားတဲ့ Layer ကို ပွားရပါမယ် Alt နှင့် ကီးဘုတ်က ပေါ်အောက်ဘေး ရွှေ့တဲ့ ခလုတ်ထဲက ကြိုက်တဲ့ခလုတ်ကိုနှိပ်တာနဲ့ ရနိုင်ပါတယ်လေးခုဖြစ်အောင်ပွားပါ ပြီးလျှင် Layer ကိုတစ်ခုထဲဖြစ်အောင် မိမိပွားထားသော Layer များကိုပြန်ပေါင်းပါ Ctrl+E






ပြီးရင်တော့ Brush Tool ကိုအသုံးပြု၍ လုပ်ဆောင်ရမှာဖြစ်ပါမယ် Brush Tool ရယူဖို့အတွက်  Eraser Tool ယူပြီး Brush လေးထောင့်ပုံစုံ 34 လောက်ယူပါ ပြီးရင် ပုံမှာပါသည့်အတိုင်း Spacing ကို 296 % လောက်ထားပါပေးပြီး ဖလင်အစမှာ Left Crick ကို တချက်ထောက်၍ နောက်ဆုံး အနားမှာ Shit ကီးကိုဖိပြီး တချက်ထောက်လိုက်ပါ ပုံမှာပါသည့်အတိုင်းဖြစ်လာပါလိမ့်မယ်




အခုတခါလုပ်ရမှာက ဖလင်အကွက်ထဲက အဖြူရောင်လေးတွေကိုဖျေက်ရမှာဖြစ်ပါတယ် ဒါကြောင့် Quick Selection ကိုရွေးပြီး ပုံမှာ ကောက်ချက်အနီရောင်လေးတွေပြထားသည့် နေရာကို Left Crick ကိုတချက်ထောက်ရုံမျှဖြင့်ရပါပြီ လေးခုစလုံးထောက်ပြီဒရင် ကီးဘုတ်က Delete နဲ့ဖျက်လိုက်ပါ


အခုတခါတော့ မိမိတို့ ဖျက်လိုက်လိုက်တဲ့နေရာမှာ ပုံလေးတွေအစားထိုးဖို့လိုအပ်နေပါပြီ မိမိတို့နှစ် သက်သည့်ပုံကို ထည့်နိုင်ပါပြီ ပုံထည့်တာလောက်တော့ထည့်တတ်မယ်ထင်၍ မရှင်းပြတော့ပါဘူး လေးပုံလုံးထည့်ပြီးရင်တော့ Layer ကို Select က All Layers ကိုနှိပ်၍ Ctrl+E ကိုနှိပ်၍ Layer ကိုပေါင်းပေးပါ မှတ်ချက် Film Layer ကိုအပေါ်ဆုံးကထားရမည်






နောက်တစ်ဆင့်ကတော့ Edit က Transform ကတဆင့် Warp ကိုယူလိုက်ပါ




အခုတခါတော့ အလံပုံစုံလေးလုပ်ဖို့လိုအပ်လာပြီ ထို့ကြောင့် အပေါ် Bar က Waep မှာ မူလတခြား ပေါ်နေတာကို Flag ဆိုတာကိုရွေးပေးလိုက်ပါ ကောက်ချက်လေးတွေကိုကြည့်ပါ



 ပြီးရင်တော့ ထိပ်ဝကိုကြီးအောင် Ctrl+Mouse လေးကို ဖိပြီး ထိပ်ဝကိုနဲနဲလောက်ကြီးအောင်ပြု ပြုလုပ်ပြီး နောက်ကောက်ချက်နီလေးပေးထားတဲ့ နေရာလေးကိုထောက် Ctrl+Mouse ကိုဖိပြီး ပုံအတိုင်းလောက် သေးပေးပါ ကဲနောက်ဆုံးတော့ မိမိတို့ လိုချင်တဲ့ Film ဒီဇိုင်းရပါပြီ



ကျုပ်စာလေးဖတ်ရှု့ပေးကြသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ် ကျုပ်ရေးတာကို မိမိတို့လေ့

လာ၍ တက်မြောက်သွားလျှင် ကျုပ်ပင်ပန်းကျိုးနပ်ပါပြီ

  အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)  


Sunday, October 4, 2015

Imobile I Style 212 Firmware တင်နည်း



အခုတင်ပေးမှာကတော့ Imobile I Style 212 Firmware တင်နည်းလေးကိုဆိုင်ဖွင့်ပွဲနေ့မှာ တင်ပေးလိုက်ပါတယ် အခုတစ်လောမအားသေးတဲ့အတွက်အားလုံးကိုခွင့်လွှတ်ပေးပါလို့ပြောကြားရင်း အောက်မှာလိုအပ်တဲ့ဖိုင်တွေကိုဒေါင်းယူလိုက်ပါဗျာ Password တောင်းရင် www.minminchit.org လို့ရိုက်ထည့်ပေးပါ  
File Size ကတော့ 363 MB ရှိပါတယ် (စမ်းပြီးသာပါ)

Saturday, September 12, 2015

Lava Start Firmware တင်နည်း Post (2)


မတင်တာကြာတာလဲ မေ့နေကြမယ်ထင်တယ်နော် ဒါလေးကတော့ကိုယ်တိုင်ထုတ် Firmware လေးပေါ့ဗျာ အရင်ထုတ်ထားတဲ့ ဟာနဲ့ မကိုက်ဘူးလို့တစ်ယောက်လာတောင်းထားလို့တင်ပေးလိုက်တာပါ အဆင်ပြေလားတော့မပြောတတ်ဘူးဗျာ firmware ကတော့ ရတယ် စမ်းပြီးမှတင်ထားတာပါ လိုချင်သူများအောက်မှာ ဒေါင်းယူလိုက်ပေါ့ဗျာ Lava Star Firmware နဲ့ လိုအပ်တဲ့ဟာတွေကိုအောက်မှာ
ဒေါင်းလိုက်ပါ Password တောင်းရင် www.minminchit.org လို့ရိုက်ထည့်ပေးပါ  
File Size ကတော့ 1.70 GB ရှိပါတယ်