Pages

Friday, July 4, 2014

Desktop Motherboard Socket 1155 & 1150 သင်ခန်းစာ(2)


ဒီနေ့သင်ပေးမှာကတော့ကွန်ပျူတာရဲ့အဓိကသော့ချက်ဖြစ်တဲ့ Motherboard ထဲကမှအဓိကခတ်စားတဲ့နောက်ဆုံးထွက် Motherboard ဖြစ်တဲ့ Intel CPU သုံးတဲ့ Socket 1155 နဲ့ Socket 1150 ဖြစ်ပါတယ် အဲဒီ Motherboard နှင့်အတူတွဲပြီးအသုံးပြုလို့ရတဲ့ CPU တွေကတော့ Intel Celeron ၊ Intel Pentium ၊ Intel Core i3 ၊ Intel Core i5 ၊ Intel Core i7 တို့ဘဲ့ဖြစ်ပါတယ် တခြား CPU တွေကိုထည့်လို့မရပါဘူး Motherboard ဆိုတာကွန်ပျူတာတစ်လုံးရဲ့အဓိကအစိတ်အပိုင်း ဆိုလည်းမမှားပါဘူးသူအပေါ်မူတည်ပြီးမှနောက်ထပ်ဘယ်လိုပစ္စည်းတွေထပ်ထည့်လို့ရသေးလည်းဆိုတာကြောင့် Motherboard တစ်လုံးဝယ်မယ်အဓိကဘာတွေလိုအပ်အုံးမလည်းဆိုတာကိုကြည့်ပြီးဝယ်ရပါတယ် ဥပမာဆိုရင်ကွန်ပျူတာမှာ DVD 4 လုံးတပ်ချင်တယ် ကိုဝယ်ထားတဲ့ Motherboard က အကုန်လုံးမှ Driver (DVD Drive and Hardisk Drive) 4 လုံးဘဲ့တပ်လို့ရရင် Hardisk ကနှစ်လုံးတပ်ချင်ရင် DVD Drive လေးလုံးတပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါအဲဒါဆိုရင် Motherboard ကိုလဲမှဘဲ့ရတော့မယ်အလကားပိုက်ဆံပိုကုန်တော့မှာပါပြီးတော့ Motherboard ကကွန်ပျူတာမှာအဓိကထိမ်းချုပ်ထားတဲ့ပစ္စည်းဖြစ်ပါတယ် ဘယ်လို CPU မျိုးထည့်ရမလည်း ဘယ်လို RAM မျိုးကိုသုံးရမလည်းဆိုတာ Motherboard ပေါ်မှာဘဲ့မူတည်ပါတယ် အဓိက Motherboard တစ်ခုလုံးဈေးနှုန်းကတော့ Motherboard အမျိုးအစားနဲ့ Motherboard တစ်ခုလုံးပါဝင်တဲ့အမျိုးအစားပေါ်မူတည်နေပါတယ် ဥပမာ CPU က Speed ဘယ်လောက်အထိလက်ခံလည်း RAM ကဘယ်နှစ်ချောင်းစိုက်လို့ရလည်းဘယ်နှစ် GB အထိထည့်လို့ရလည်း SATA ကြိုးကဘယ်နှစ်ချောင်းတပ်လို့ရလည်း Graphice Card (Moniter ပေါ်တွင်ပုံရိပ်ဖော်ပေးကဒ်) ပါလား Sound Card (အသံဖမ်းတာတွေအသံထုတ်ပေးတာတွေအသံနဲ့ပတ်သက်သမျှလုပ်ဆောင်ပေးသောကဒ်) ပါလား USB ကဘယ်နှစ်ပေါက်ပါလည်း Grphice Card စိုက်တဲ့ PCI Socket ဘယ်နှစ်ပေါက်ပါလည်း အဲဒါတွေအကုန်လုံးကိုဘယ်အမျိုးအစားတွေပါလည်းဆိုတာပေါ်မူတည်နေပါတယ် လက်ရှိကတော့ Motherboard Socket 1155 နှင့် Socket 1150 Motherboard နှစ်မျိုးကိုဘယ်လိုခွဲခြားရလည်းဆိုရှင်းပြပါမယ် socket 1155 က Socket 1150 နဲ့စာရင်ပိုနိမ့်သလိုဈေးလည်းငယ်ပါတယ် 1150 မှာသုံးတဲ့ Power Supply ကို 1155 မှာသုံးလို့ရပေမယ့် 1155 မှာသုံးတဲ့ Power Supply ကို 1150 မှာသုံးလို့မရပါဘူး ဘာဖြစ်လို့ဆိုတော့ 1155 မှာသုံးတဲ့ Power ကြိုးက 24 Pin Power ကြိုးနဲ့ 4 Pin Power ကြိုးကိုသုံးပြီးတော့ 1150 မှာလည်း 24 Pin power ကြိုးကတူပေမယ့် 4 Pin ပါဝါကြိုးနေရာမှာ နောက်ထပ်လေးပင်ထပ်ပူးပါတဲ့ 4 Pin နှစ်ချောင်ကိုပူးပြီးထည့်ရပါတယ် Motherboard နှစ်ခုကိုခွဲခြင်ရင်တော့ အပေါ်မှာပြောထားတဲ့ 4 Pin နှင့် 8 Pin ခေါင်းလေးတွေကိုကြည့်ပြီးခွဲရပါတယ်အောက်ပါပုံကိုကြည့်လိုက်ပါ


Socket 1155 နဲ့ Socket 1150 Motherboard မှာ လက်ခံတဲ့ CPU အမျိုးအစား Model နံပါတ်တွေမတူပါဘူး Socket 1155 မှာသုံးတဲ့ CPU ကို Socket 1150 မှာထည့်လို့မရပါဘူး သူတို့ရဲ့ Socket အထိုင်ခြင်းမတူလို့ဖြစ်ပါတယ် Motherboard တစ်လုံးကိုဝယ်ပြီး CPU ကိုရွေးချယ်မယ်ဆိုရင် CPU Model အလိုက် Socket နံပါတ်ကိုကြည့်ပြီးဝယ်မှအဆင်ပြေပါလိမ့်မယ့်ဒီနေ့ကတော့ဒီလောက်ပါဘဲ့မနက်ဖြန်မှဆက်လက်တင်ပေးပါမယ်
အားလုံးကိုကျေးဇူးတင်ပါတယ်......သိချင်တာများရှိရင် mgminminchit@gmail.com သို့မေးပို့ပြီးမေးမြန်းနိုင်ပါတယ်  

( PDF ဖိုင်အဖြစ်လိုချင်သူများ Download ကိုနှိပ်၍ဒေါင်းယူနိုင်ပါသည် )

Thursday, July 3, 2014

Imobile I-style 7.5 Firmware တင်နည်း


ဒီနေ့တင်ပေးမှာကတော့ Imobile I-style 7.5 Firmware တင်နည်းဖြစ်ပါတယ်အကြောင်းအမျိုးမျိုးကြောင့် Logo မှာရပ်နေသော Phone များအတွက်ပါလိုအပ်သော Firmware ၊ Driver နှင့် Upgrade Tool များကိုအောက်မှာဒေါင်းယူနိုင်ပါတယ်


I-style 7.5 Firmware တင်ဖို့အတွက်ဒေါင်းလို့ရလာသော File များအားလုံးကို New Folder အသစ်တစ်ခုဆောက်ပြီးထည့်လိုက်ပါရလာသော File များအား WinRAR ဖြင့်ဖြည်လိုက်ပါ password က "www.minminchit.org" ပါ ဖြည်လို့ရလာတဲ့ File တွေထဲက I-style 7.5 Driver and Upgrand Tool ထဲက အောက်မှာပြထားတဲ့ Driver ဖိုင်ထဲက Driver ကို အရင် install လုပ်လိုက်ပါ


 ပြီးရင် I-style 7.5 Driver and Upgrand Tool ထဲက Upgrand File ထဲဝင်ပြီး အောက်မှာပြထားတဲ့ပုံထဲက MultiDownloader File ကိုနှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်
 

ပြီးတော့ setting ကိုအောက်ကပုံအတိုင်းတစ်ချက်နှိပ်လိုက်ပါ 


 အောက်ကပုံအတိုင်း configuration ဆိုပြီးပေါ်လာရင်အဲဒီအပေါ်မှာတစ်ချက်နှိပ်လိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် ပြီးရင် Image Path File ကိုပုံမှာပြထားတဲ့အတိုင်းနှိပ်ပြီး ဖြည်ထားတဲ့ I-style 7.5 Firmware ဖိုင်ကိုညွန်းပေးလိုက်ပါပြီးရင် Apple ကိုနှိပ်ပါ အပေါ်ကပုံအတိုင်းပြန်ပေါ်လာလိမ့်မယ်ပြီးရင်




ပြီးရင်ဖုန်းကိုပါဝါပိတ်ပြီးကွန်ပျူတာနဲ့ဖုန်းကို USB ကြိုးနဲ့ချိတ်ပေးလိုက်ပါ ကွန်ပျူတာကဖုန်းကို Driver သိပြီဆိုရင် အောက်ကပုံမှာပြထားတဲ့နေရာမှာစာလေးပေါ်နေလိမ့်မယ်


Start ကိုနှိပ်ပါ ဒါဆိုရင်သူဟာသူအောက်ကပုံတွေအတိုင်းတစ်ဆင့်ခြင်းလုပ်သွားပြီ ကွန်ပျူတာကနေဖုန်းကို Firmware တင်နေပါလိမ့်မယ် အောက်ကပုံမှာပြထားတဲ့နေရာမှာ 100%ပြည့်သွားရင်အစိမ်းရောင်နဲ့OK ဆိုပြီးပေါ်လာလိမ့်မယ်ဒါဆိုဖုန်းကိုဖြုတ်ပြီး ဒါဆိုရင် Firmware တင်လို့ပြီးပါပြီအောက်ကပုံထဲမှာအဝါရောင်အဆင့်ကိုမရောက်ဘဲရပ်နေရင် ဖုန်းကိုဖြုတ်ကြိုးဖြုတ်ပြီးပြန်တပ်လိုက်ပါအဲဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်နာမလည်တာရှိရင်လည်း www.fb.com/www.minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ် အားလုံးကျေးဇူးတင်ပါတယ်









Tuesday, July 1, 2014

ကွန်ပျူတာသင်တန်းခန်းရဲ့သင်တန်းဆရာနဲ့သင်တန်းသားများအမေးအဖြေ သင်ခန်းစာ(1)


ကျွန်တော်ဒီ post ကိုတင်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့မြန်မာပြည်သားများ နည်းပညာကိုလေ့လာတဲ့ အချိန် အချိန်မပေးနိုင်သူများအတွက် oline ပေါ်မှာလေ့လာနိုင်ရန်အတွက်ရည်ရွယ်ပြီး တင်ပေးရခြင်းဖြစ်ပါ တယ် အပတ်စဉ်သင်ခန်းစာများပါ အပတ်စဉ်လာရောက်လေ့လာနိုင်ပါတယ်

ကွန်ပျူတာသင်တန်းခန်းရဲ့သင်တန်းဆရာနဲ့သင်တန်းသားများအမေးအဖြေ

ဆရာ။ ။သင်တန်းထဲရှိတဲ့သင်တန်းသားများအားလုံးဟာ ကွန်ပျူတာသင်တန်းကိုစိတ်ဝင်စားလို့ လက်ရွေးစင်ထဲပါတဲ့လူတွေပါ တပည့်တွေဟာကွန်ပျူတာပညာတွေမှာ ပေးတာကိုသင်ယူရမယ့်အဆင့်တွေ မဟုတ်တော့ဘူးသင်ချင်တာကိုရွေးရမယ့်အဆင့်တွေဖြစ်နေပြီ (သူတို့တွေအကုန်လုံးအခြေခံကွန်ပျူတာသင်တန်းပြီးသွားပြီးတဲ့သူတွေပါ) ကွန်ပျူတာသင်ပြီးဘာလုပ်ချင်တာလည်း၊ ဘာကိုစိတ်ဝင်စားလို့သင်တာလည်း (ဥပမာ-ကွန်ပျူတာကိုပြင်ချင်တာလား၊ ကွန်ပျူတာကိုအသုံးပြုချင်တာလား)ကွန်ပျူတာပညာရပ်ထဲက ဘာကိုစိတ်ဝင်စားတာလည်းဆိုတာကို ပထမဦးဆုံးမေးချင်ပါတယ်

တပည့်များ။ ။အများကြီးထဲကကောင်းတဲ့အဖြေလေးတွေပါ) (ပထမဦးဆုံးအဖွဲ့) Videoတည်းဖြတ်ချင်တယ်၊ (နောက်တစ်ဖွဲ့)Photoshop ကိုပိုင်ပိုင်နိုင်နိုင်အသုံးပြုတတ်ချင်တယ်၊ (နောက်တစ်ဖွဲ့)ကွန်ပျူတာကိုပြင်တတ်ချင်တယ်(နောက်တစ်ယောက်) ကွန်ပျူတာရဲ့ပြသာနာများကိုကိုယ်တိုင်ဖြေရှင်းချင်တယ် (မဖြေတဲ့သူများလည်းရှိပါတယ်)

ဆရာ။ ။ဖြေကြတာတော့အားလုံးကောင်းပါတယ်ဒါပေမယ့် လိုချင်တာဘဲ့ပြောနေတာ ရအောင်ကြိုးစား ကြည့်ပြီးပြီလား အခုလိုချင်နေတဲ့ကြောင်းအရာတွေကိုရော နည်းနည်းအားထုတ်ပြီးလေ့လာဖူးလား ဒါတွေကကွန်ပျူတာရဲ့အုပ်စုကွဲသွားတဲ့ပညာရပ်တွေပါ အဲဒီအကုန်လုံးကိုသင်ပေးချင်ပါတယ်အကုန်လုံးတော့ သင်ပေးနိုင်လိမ့်မျှော်လင့်ပါတယ်ဒါတွေ အကုန်လုံးလေ့လာဖို့ဆိုတာတော့ သိပ်မဖြစ်နိုင်ပါဘူးသူ့ဟာနဲ့သူ ကျွမ်းကျင်ရာပိုင်နိုင်ရာတော့ရှိကြတယ်ဥပမာပေးရမယ်ဆိုရင်ဆရာကိုယ်တိုင် တောင်မှအကုန်လုံးကိုကျွမ်းကျွမ်းကျင်ကျင်မတတ်ပါဘူး ကိုနှစ်သက်ရာပညာရပ်တစ်ခုကိုရွေးချယ်ပြီး လေ့လာမှအောင်မြင်နိုင်ပါလိမ့်မယ်အဲလိုမှမဟုတ်ဘဲအကုန်လုံးကိုသင်ချင်တယ်ဆိုရင်ရပါတယ်ဒါပေမယ့်အောင်မြင်ထူးချွန်တဲ့တစ်ယောက်ဖြစ်လာဖို့ခဲရင်းပါတယ်ဘယ်လိုင်းကိုဘဲ့သင်သင်အဓိက အခြေခံပညာရပ်ဖြစ်တဲ့ ကွန်ပျူတာတစ်လုံးအကြောင်း ကိုတော့မလေ့လာလို့မရပါဘူး ကွန်ပျူတာ software အကုန်လုံးအသုံးပြုလို့တတ်တယ်ဆိုရင်တောင်မှလိုအပ်တဲ့ software လေးတွေကိုကိုယ်ကိုယ်တိုင်ထည့်ရမယ်ဆိုရင်ဘယ်လိုလုပ်မလည်းဥပမာ Video တည်းဖြတ်တဲ့ software လေးထည့်ချင်တယ်ဆိုရင်(သို့မဟုတ်)သူနဲ့ပတ်သက်တဲ့အကူ software လေးတွေလိုချင်ရင်ဆိုင်ကိုပြေးမှာလား ဒါကအရေးကြီးတယ်နော်ဘာဖြစ်လို့လည်းဆိုတော့ နည်းနည်းလေးတော့လိုအပ်မှာဘဲ့လေ ထားလိုက်ပါအုံးထည့်လို့တတ်ပြီးဆိုပါစို့ ကွန်ပျူတာကနိုင်မယ်မနိုင်ဘူးဆိုတာရော ဘယ်လိုသိမှာလည်းမသိဘဲ့နဲ့ဘာမှမဖြစ်ပါဘူးဆိုပြီးထည့်လိုက်ရင်လည်း ကွန်ပျူတာကခဏခဏသေတာတော့ ၊ကွန်ပျူတာကနှေးတာတို့ဖြစ်ပြီး ကွန်ပျူတာပျက်လွယ်တတ်တယ်ဒါတွေကို ထိမ်းသိမ်းနိုင်ဖို့ဆိုရင်အနည်းဆုံးကွန်ပျူတာမှာရှိတဲ့ CPU/Motherboard/Ram လေးအကြောင်းတော့လေ့လာသင့်ပါတယ်အဓိကပြောချင်တာက ကွန်ပျူတာတစ်လုံးအကြောင်းကိုအားလုံးမသိရင်တောင်မှ ကိုယ့်ကွန်ပျူတာကဘယ်လောက်မြန်လည်းဘယ်လောက်ထိ အလုပ်ကိုခိုင်းလို့ရလည်းဆိုတာတော့သိသင့်ပါတယ်

အားလုံးကိုကျေးဇူးတင်ပါတယ် နောက်ထပ်ဆက်ရေးပါအုံးမယ်

( PDF ဖိုင်အဖြစ်လိုချင်ရင် Download ကိုနှိပ်ပြီးဒေါင်းယူနိုင်ပါတယ်)