Pages

Thursday, August 21, 2014

Android ဖုန်းအများအတွက်ဖုန်းထဲကနေ root ဖေါက်ပြီးမြန်မာစာထည့်နည်း



တောင်းထားတဲ့လူရှိတဲ့အတွက်တင်ပေးတာပါ အမျိုးအစားမရေးထားတဲ့အတွက် Android ဖုန်းအတွက်တင်ပေးလိုက်ပါတယ် လက်ရှိတင်ပေးမဲ့နည်းလမ်းကတော့ imobile istyle အတွက်လည်းအဆင်ပြေပါတယ်တခြားဖုန်းတွေအအတွက်လည်းအဆင်ပြေပါတယ်
လိုအပ်တဲ့ software တွေကတော့

root ဖောက်ဖို့အတွက် vroot.apk ကိုသုံးပါမယ် Android 4.2.2 အထိလောက်ဘဲ့အဆင်ပြေပါတယ်

မြန်မာစာ Keyboard အတွက်က Frozen keyboard.apk ကိုသုံးပါမယ် ကွန်ပျူတာလက်ကွက်ပုံစံနဲ့တူလို့ပါ

ဖုန်းထဲကိုမြန်မာစာထည့်ဖို့အတွက် SmartZawgyi File ကိုသုံးရအောင်

SmartZawgyi File ကို system ထဲထည့်ဖို့အတွက်က Root Explorer.apk ကိုသုံးရအောင် root ရှိဖို့တော့လိုပါတယ်

SmartZawgyi File ကို Run ဖို့အတွက်က iFont.apk ကိုသုံးပြီး

ဒီဖိုင်တွေအကုန်လုံးကို download ကိုနှိပ်ပြီးအောက်မှာဒေါင်းယူနိုင်ပါတယ် 

ပထမဦးဆုံး vroot.apk ကိုအရင် install လုပ်လိုက်ပါ ပြီးရင် program ကိုဖွင့်ပြီး root ကိုနှိပ်လိုက်ရင်အဆင့်ဆင့်လုပ်သွားပြီး root ဖောက်လို့အောင်မြင်သွားရင်အောက်ကပုံအတိုင်း (rooted) ရေးထားပါလိမ့်မယ်


ပြီးတော့ iFont.apk ကို install လုပ်လိုက်ပါ

ပြီးရင် Root Explorer.apk ကို install လုပ်ပြီး program ကိုဖွင့်လိုက်ပါ

ပြီးတော့ STORAGE ထဲကနေအခုနကဖြေထားတဲ့ဖိုင်ထဲကနေ SmartZawgyi File ကို Copy ကူးလိုက်ပါ

ပြီးတော့ ROOT ကနေ system ၊ system ထဲကနေ fonts ထဲကိုဝင်ပါ ပြီးတော့ Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O ပြောင်းလိုက်ပါ အခုနကကူးလာတဲ့ SmartZawgyi File ကိုကူးထည့်လိုက်ပါ



SmartZawgyi File ကို တစ်ချက်နှိပ်ရင် iFont software ရောက်သွားရင် ရောက်က Set နှိပ်ပါ ပြီးရင် restart ချသွားပါလိမ့်မယ်မကျရင်ကိုယ်ဟာကိုချပေးလိုက်ပါ ပြန်တက်လာရင်မြန်မာစာအဆင်ပြေစွာနဲ့ထည့်လို့ပြီးသွားပါပြီ

မြန်မာစာ Keyboard အတွက်က Frozen keyboard.apk ကို install လုပ်လိုက်ပါ ပြီး setting ထဲကိုဝင်ပြီး 
Language & input ထဲကိုဝင်ပြီး Default အကွက်အောက်မှာ Frozenkeyboard ကိုအမှတ်ချက်ပေးပြီး Default အထဲမှာ Frozenkeyboard ကိုရွေးပေးလိုက်ပါ အောက်ကပုံအတိုင်းဖြစ်အောင်လုပ်ပြီးမြန်မာစာရော Keyboard ပါထည့်လို့ပြီးပါပြီး အဆင်မပြေတာရှိ www.facebook.com\minminchit.org က Facebook မှာလာရောက်မေးမြန်းနိုင်ပါတယ်




Friday, August 15, 2014

.net framework 4.0



 .net framework 4.0 ကို တင်ပေးပါမယ်ဒီကောင်ကို အသုံးပြုရတဲ့ အကြောင်းကတော့ windows 7 ၊ 8 ၊ 8.1 တွေကို အသုံးပြုတဲ့အခါကျရင် windows XP တွေမှာအသုံးပြုတဲ့ တချို့သော Program တွေက Run လို့မရတဲ့အခါတွေရှိပါတယ် အဓိကကတော့ windows မှာ .net framework တော့ပါတယ် ဒါပေမယ့် 4.5 ၊ 5.0 တွေဖြစ်နေတော့ 4.0 ကိုအသုံးပြုပြီး Run တဲ့ Program တွေကို Run လို့မရပါဘူး အဲဒီအချိန်ဆိုရင်

Wednesday, August 13, 2014

Myandroid v 1.4

  တောင်းတာတဲ့တစ်ယောက်ရှိတဲ့အတွက်သူများဆီကကူးပြီးတင်ပေးတာပါ

ဒီTools လေးကတော့ Service သမားတွေ အတွက်တော်တော် အသုံးဝင်ပါတယ်

ပြောစရာမလိုလောက်အောင်ကို Function စုံပါတယ်

Function တွေကတော့

  • Zawgyi Font သွင်းခြင်း
  • စံမြန်မာ Font သွင်းခြင်း
  • Smart Zawgyi Font သွင်းခြင်း
  • 4.0 မှ 4.2 အထိ Google App သွင်းနိုင်ခြင်း
  • Pattern & Password ဖြုတ်နိုင်ခြင်း
  • Factory Reset ချနိုင်ခြင်း
  • Recovery Mode ၀င်နိုင်ခြင်း
  • Download Mode ၀င်ရောက်နိုင်ခြင်း
  • Fastboot Mode ၀င်ရောက်နိုင်ခြင်း
ADB Error များရှင်းလင်းနိုင်ပါတယ်။

 






နောက် Version အသစ်ထွက်ရင်လဲ သတိပေးနိုင်မဲ့စနစ်များပါထည့်သွင်းထားပါတယ်။
ဒီ Tool လေးကိုတော့ ၂လ ကျော် အချိန်ယူရေးဆွဲထားပါတယ်။
ဒီ Tool ကိုအသုံးပြုဖို့ .net framework 4.0 လိုအပ်ပါတယ်
မရှိသေးသူများ ဒီမှာဒေါင်းပါ။
Fize size က 48 MB ပါ

Myandroid v1.3 ထက်ပိုပြီးအဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။
Icon Design ကိုတော့ ကို Bo Sunny Lwin က ရေးဆွဲပေးထားပါတယ်…
Zawgyi Font,San Myanmar Font, Smar zawgyi Font နဲ့ Keyboard Developer များကို Credit ပေးပါတယ်…
ဒီ Tool ကို ဒီ မှာဒေါင်းပါ။

Fize size က 32 MB ပါ  

Myandroid v1.4

 

အဆင်ပြေကြပါစေ...
Credit-Phyo Chan
deathlesspuck@gmail.com

Password www.minminchit.org

Thursday, July 31, 2014

Adobe Photoshop CC Full (Crack)


အခု Software ကတော့ Photoshop CC Software တစ်ခုပါ ဓာတ်ပုံပြင်တဲ့ Software ပါဘဲ့ Photoshop CS 6 နဲ့ Level တူ Software တွေဘဲ့ဖြစ်ပါတယ် ဒီ Software ကို install လုပ်ပြီးရင် Crack ဖိုင်ထဲကနေ windows x86 နှင့် x64 ရွေးပြီး Copy ကူးပြီးသူ့ရဲ့ Drive C ထဲက သူ့ဖိုင်ထဲကို past လုပ်ပေးလိုက်ရင် Full သုံးနိုင်ပါပြီ Password ကတော့ www.minminchit.org ပါ File Size ကတော့ 1.29 GB ပါ လိုင်းကောင်းသူများဒေါင်းနိုင်ကြပါစေ

Wednesday, July 30, 2014

Nero 8 Ultra Edition 8.1.2.0 Full (keygen)


အခုတင်တဲ့ Software ကတော့ ကွန်ပျူတာတွေမှာသုံးတဲ့ Nero Burning 8 ဘဲ့ဖြစ်ပါတယ် နည်းနည်းနိမ့်တဲ့ကွန်ပျူတာမှာထည့်သုံးလို့အဆင်ပြေပါတယ် အခွေကူးတဲ့နေရာမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ Software ပါ သူနဲ့တွဲဖက်အသုံးပြုတဲ့ Software တွေလည်းပါပါတယ် အောက်မှာ install လုပ်ပြီးသုံးစမ်းကြည့်လိုက်ပါ Password က www.minminchit.org ပါ အောက်မှာဒေါင်းယူနိုင်ပါတယ် အထဲမှာ Keygen ဖိုင်ကိုဖွင့် အထဲက key ကိုထည့်ပေးလိုက်ရင် Full အဖြစ်အသုံးပြုနိုင်မဲ့ Software ဖြစ်ပါတယ် File Size ကတော့ 117 MB ရှိပါတယ်

Monday, July 28, 2014

CD Drive and CD ခွေအကြောင်း သင်ခန်းစာ (7)



အင်း.. ဒီနေ့တော့ ကွန်ပျူတာသင်တန်းသားတွေအတွက် မဖြစ်မနေသိထားသင့်သော CD/DVD ခွေ နှင့်သက်ဆိုင်သောအကြောင်းအရာများနှင့် CD/DVD/ခွေများအကြောင်းတင်ပြချင်ပါတယ် ကျွန်တော်တို့တစ်တွေ ခွေဝယ်ကြဖူးမှာပါ ဘယ်ခွေမျိုးကိုမဆို အမျိုးစားအလိုက် ခွဲထားပြီးသားပါ အဓိကပြောလိုတာက ကွန်ပျူတာလေ့လာသူများအတွက် ခွေအကြောင်းကို မဖြစ်မနေသိထားဖို့လိုပါတယ် ဘာဖြစ်လို့လဲဆိုရင် ခွေကူးမယ် မိမိဓါတ်ပုံတွေကို Video အဖြစ်ဖန်တီးမယ်ဆိုရင် ကိုယ်ဝယ်ယူမည့်ခွေက ဘယ်လောက်ဆန့်တယ် ကိုယ်ထည့်မည့်အကြောင်းအရာတွေက ဘယ်လောက်များတယ် နောက်ခွေကဖျက်လိုက်ကူးလိုက် လုပ်လို့ရသလား မရဘူးလားဆိုတာအကြမ်းပြင်းအားဖြင့်သိထားဖို့လိုတယ် ဒါကြောင့် ဒီခွေအကြောင်းလေးကိုတင်ပြရခြင်းဖြစ်ပါတယ် သိထားပြီးသောမိတ်ဆွေတွေအတွက်ရည်ရွယ်ထားခြင်းမဟုတ်ပါ ကျွန်တော်တို့ကဲ့သို့လေ့လာနေဆဲသောလူငယ်တွေအတွက်သင်ပြရခြင်းဖြစ်ကြောင်းလည်းထပ်လောင်း၍
ကြားလိုပါတယ် ကဲ.ကဲ အပြောကလေးလျှော့ပြီး အလုပ်ကလေးအကြောင်းပြောကြပါစို့....လေကြောရှည်သွားရင်ခွင့်လွတ်ကြပါ...။
CD/DVD ခွေအကြောင်းကို အရင်ပြောရမယ်ဆိုရင် CD ခွေမှာ CD+R/CD-R/CD+RW နှင့် CD-RW ဆိုပြီးခွေအမျိုးအစားတွေရှိပါတယ် CD+R နှင့် CD-R ကခွေကိုကူးတဲ့အချိန်မှာ Data အနေဖြင့်ကူးရင်အကြိမ် ပေါင်းမြောက်များစွာ Data များထည့်သွင်းမှတ်သားနိုင်ပါတယ်ပြည့်သွားရင်တော့ပြန်ပြီးကူးလို့မရတော့ပါဘူး CD+RW/CD-RW တွေကတော့ CD ခွေတစ်ခွေကိုကူးလည်းကူးနိုင် ဖျက်လည်းဖျက်နိုင်ပါတယ် R က Reading ၏အတိုကောက်ဖြစ်ပြီး W  ကတော့ Writing ၏အတိုကောက်ဖြစ်ပါတယ် CD+RW/CD-R တွေကို အကြိမ်ပေါင်းမြောက်များစွာကူးနိုင် ဖျက်နိုင်ပါတယ် ဒီတော့ ကျွန်တော်တို့ခွေ တစ်ခွေကိုဝယ်မယ်ဆိုရင် CD ခွေတစ်ခွေကို Speed  ဘယ်လောက်ဖြင့်ကူးနိုင်သလဲဆိုတာအရေးကြီးပါတယ် အင်း များသောအားဖြင့်တော့ 8x/ 16x/ 24x/ 32x/ 48x ဆိုပြီ်း  Speed အမျိုးစားတွေရှိပါတယ်။အောက်ကပုံကတော့ CD ခွေကူးတဲ့ speed တွေရဲ့ကူးနှုန်းဖြစ်ပါတယ် သူရဲ့Speed များရင်များသလောက် သူ့ရဲ့ Speed အဆများရင်များသလောက်မြန်ဆန်လှပါတယ်။

Data writing speed
Data writing rate
Write time for 80 minute/700 MB CD-R
1×
150 kB/s
80 minutes
2×
300 kB/s
40 minutes
4×
600 kB/s
20 minutes
8×
1.2 MB/s
10 minutes
16×
2.4 MB/s
5 minutes
20×
3.0 MB/s
4 minutes
24×
3.6 MB/s
3.4 minutes (see below)
32×
4.8 MB/s
2.5 minutes (see below)
40×
6.0 MB/s
2 minutes (see below)
48×
7.2 MB/s
1.7 minutes (see below)
52×
7.8 MB/s
1.5 minutes (see below)

DVD နှင့် CD ခွေများတို့ရဲ့လုပ်ဆောင်မှုဟာတူညီကြပါတယ် မတူတာတစ်ခုက  Speed ကတော့မတူပါဘူး  DVD ရဲ့ Speed က 4 x 8 x 16 x 24 လောက်ဘဲ့လက်ရှိထွက်ပါသေးတယ် ပထမပုံကတော့ DVD ခွေတွေရဲ့အမျိုးအစားတွေနဲ့သိမ်းထားနိုင်မဲ့ DVD အခွေတွေရဲ့ Size တွေရဲ့ အရွယ်အစားတွေဘဲ့ဖြစ်ပါတယ် ခွေတွေမှာ 8 cm ဘဲ့ရှိတဲ့ DVD-1/DVD-2/DVD-3/DVD-4 လို့ခေါ်တဲ့ခွေအသေးစားတွေလည်းရှိပါတယ် DVD ခွေရဲ့ 8 x က CD ခွေရဲ့ 8 x ထက်ကို  Data  ဆယ်ဆ လောက်ကိုပိုမို ကူးယူနိုင်ပါတယ် ဒုတိယပုံကိုကြည့်ပြီး CD ခွေနဲ့ DVD ခွေတွေရဲ့ကူးနှုန်းတွေကိုနှိုင်းယှဉ်ကြည့်ကြည့်ပါ ဒီလောက် ဆိုရင်  ဘယ်လိုခွေအမျိုးအစားတွေကိုရွေးဝယ်သင့်သလဲဆိုတာနားလည်သဘောပေါက်လောက်ပါပြီလို့ထင်ပါတယ်

DesignationSidesLayers
(total)
Diameter
(cm)
Capacity
(GB)
DVD-1SS SL1181.36
DVD-2SS DL1282.47
DVD-3DS SL2282.72
DVD-4DS DL2484.95
DVD-5SS SL11124.37
DVD-9SS DL12127.95
DVD-10DS SL22128.75
DVD-14DS SL+DL231212.33
DVD-18DS DL241215.9

DVD drive speeds
Drive speedData rate~Write time (minutes)
Mbit/sMB/sSingle-LayerDual-Layer
1×11.081.3957103
2×22.162.772851
2.4×26.593.322443
2.6×28.813.602240
4×44.325.541426
6×66.488.31917
8×88.6411.08713
10×110.8013.85610
12×132.9616.6259
16×177.2822.1646
18×199.4424.9336
20×221.6027.7035
22×243.7630.4735
24×265.9233.2424




 CD Drive မှ IDE ကြိုးနဲ့ SATA ကြိုးဆိုပြီး  power ကြိုး နှင့် Data ကြိုးဆိုပြီး နှစ်မျိုးရှိပါတယ် CD Drive တွေမှာ   DVD Drive  နှင့် CD Drive လို့လည်း နှစ်မျိုးရှိပါသေးတယ်   DVD Drive  ကတော့ CD ခွေ နှင့် DVD ခွေနှစ်ခုလုံးထည့်လို့ရပါတယ် CD Drive  ကတော့ DVD ခွေထည့်ရင်လုံးဝကိုမဖတ်ပါဘူး Drive တွေအမျိုးအစားအမျိုးရှိပါတယ် CD R / CD RW နှင့် DVD R / DVD RW တို့ဖြစ်ပါတယ်  R ကတော့ ခွေတွေလိုပဲ Reading အတိုကောက်ဖြစ်ပြီး W ကတော့ Writing အတိုကောက်ဖြစ်ပါတယ်  CD R Drive ကတော့ CD ခွေလောက်သာဖတ်ပြီး    CD RW Drive  ကတော့ ခွေကိုဖတ်လည်း  ဖတ်ကူးလည်းကူးနိုင်ပါတယ် ။ထို့အတူပါပဲ DVD R Drive  ကလည်း CD DVD ခွေလောက်သာဖတ်နိုင်ပြီး မကူးနိုင်ပါဘူး DVD RW Drive  တော့   CD / DVD  ခွေကိုဖတ်လည်းဖတ် ကူးလည်းကူးနိုင်ပါတယ် ။ တစ်ခါတလေ CD RW / DVD R အမျိုးစားတွေလည်းရှိတတ်ပါသေးတယ် သူကြတော့ CD ခွေကို ဖတ်နိုင် ကူးနိုင်ပြီး DVD ခွေကိုဖတ်ပဲဖတ်နိုင်ပြီးမကူးနိုင်ပါဘူး DVD Drive တွေမှာလည်း Speed အမျိုးစားတွေရှိပါတယ် CD Drive ခွေမှာဆိုရင်   8 X 16  X 24  X 32 X 48 X 52 X ဆိုပြီးရှိသလို  DVD Drive တွေမှာ 4 X 8 X 16 X 24  X  ဆိုပြီးအမျိုးစားတွေရှိပါတယ် ဥပမာ အနေနဲ့ DVD RW 24 X Drive တစ်လုံးမှာခွေကူးမယ်ဆိုရင် ခွေကူးတဲ့  Speed  ကအမြင့်ဆုံး 24 X နဲ့ကူးနိုင်ပါတယ် 16 X နဲ့ လည်းကူးနိုင်ပါတယ် ဒါပေမယ့် သူ့ထက်မြင့်တဲ့ Speed နဲ့တော့မကူးနိုင်ပါဘူး ဒါပေမယ့် ကူးတဲ့အချိန်မှာ 24 X  Speed နဲ့ ကူးမယ်ဆိုရင် ကိုယ်ကူးမည့်ခွေကလည်း 24 X Speed  ရှိမှကူးလို့၇ပါတယ် မဟုတ်ရင်တော့ ခွေမှာ ရှိတဲ့ Speed အမြင့်ဆုံးအထိလောက်သာကူးနိုင်ပါတယ်။  အင်း ဒီလောက်ဆိုရင်တော့ ခွေအကြောင်းနှင့်ပတ်သတ်တဲ့ CD/DVD Drive  အကြောင်းတွေစုံလောက်ပြီထင်ပါတယ်  အားလုံးသောမိတ်ဆွေ လည်းနားလည်သဘောပေါက်လောက်မယ်ထင်ပါတယ် ဒါကြောင့်ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါလို့ ပြောပါရစေ....။

( PDF ဖိုင်ဖြင့်လိုချင်သူများအောက်မှာဒေါင်းလော့ယူနိုင်ပါတယ် )

Download

အားလုံးကိုချစ်​ခင်​​လေးစားလျှက်​ ​နောင်​​နောင်​​ ​တောင်​​ပေါ်သား

Addobe Flash CS3 Full


တောင်းထားအကိုတစ်ယောက်ရှိလို့တင်ပေးလိုက်ပါတယ် လိုချင်သူများပါဒေါင်းယူနိုင်အောင်လို့တစ်ခါတည်း တင်ပေးလိုက်ပါတယ် Password က www.minminchit.org ပါအောက်မှာဒေါင်းယူနိုင်ပါပြီ