Samsung ဖုန်းတွေကို Firmware တင်ရာမှာသုံးတဲ့ တစ်ခုတည်းသော Flash Tool ကတော့ Odin Flash Tool ဘဲ့ဖြစ်ပါတယ် Samsung Android ဖုန်းအားလုံးအတွက်တင်နည်းကတော့တစ်နည်းတည်းပါဘဲ့ Flash Tool ဘားရှင်းလေးတွေကွာတာဘဲ့ရှိတာပါ လိုအပ်တဲ့ဖိုင်တွေကတော့ Firmware ရယ် Odin Flash Tool ရယ် Driver ရယ်ဖြစ်ပါတယ် အောက်မှာကတော့ Odin Flash Tool ဘားရှင်းအစုံနဲ့ Samsung Driver ကိုဒေါင်းယူလိုက်ပါ Password တောင်းရင်တော့ www.minminchit.org လို့ထည့်ပေးလိုက်ပါ့
ဒေါင်းလို့ရလာတဲ့ဖိုင်ထဲက Driver ဖိုင်ကိုကွန်ပျူတာမှာအရင် install လုပ်ထားလိုက်ပါ
Samsung Firmware ကိုတော့ http://samsung-updates.com/ မူရင်းလင့်ဟောင်းနဲ့ http://www.sammobile.com/firmwares/ မူရင်းလင့်သစ်တို့မှာဖုန်း Model အလိုက်ဝင်ရောက်ဒေါင်းယူနိုင်ပါတယ်
ဒေါင်းလို့ရလာတဲ့ Firmware zip ဖိုင်နဲ့ Odin Flash Tool တို့ကို ဖြေပြီး Folder တစ်ခုထဲထည့်ထားပါ
ပြီးရင်တော့ ဖုန်းကိုပိတ်လိုက်ပါ ပြီးရင် Home+Volume Down+Power Key တို့ကိုအောက်ကပုံအတိုင်း တစ်ပြိုင်တည်းနှိပ်ပြီး Download Mod ထဲကိုဝင်လိုက်ပါ
အောက်ကပုံအတိုင်း Warning စာတန်းပေါ်လာလိမ့်မယ် Volume up ကိုနှိပ်ပြီးဆက်သွားလိုက်ပါ အောက်ကပုံအတိုင်းထပ်ပေါ်လာပါလိမ့်မယ်
ပြီးရင်ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးဖြင့်ချိတ်ပေးလိုက်ပါ ပြီးရင် ကွန်ပျူတာမှာ Odin Flash Tool ကို အောက်ကပုံအတိုင်း Run လိုက်ပါ
အောက်ကပုံမှာအဝါရောင်လေးနဲ့ပေါ်နေလိမ့်မယ်
ပြီးရင်အောက်ကပုံမှာအနီရောင်လေးနဲ့ ဝိုင်းပြထားတဲ့ PDA နံပါတ် မှာ ဒေါင်းထားတဲ့ Firmware ဖိုင်ထဲက .Md5 ဖိုင်ကိုရွေးပေးလိုက်ပါ ရွေးပြီးသွားရင်တော့အောက်က ပုံအတိုင်းပေါ်နေလိမ်မယ်
ပြီးရင်တော့ Start ကိုနှိပ်လိုက်ပါ အဲဒါဆိုရင်သူ့ဟာသူ Firmware တင်နေပါလိမ့်မယ်
တင်လို့ပြီးသွားရင်တော့အောက်ကပုံမှာ အစိမ်းရောင်လေးနဲ့ " PASS! " ပေါ်လာလိမ့်မယ်
အဲလိုပေါ်ပြီးရင်တော့ ကွန်ပျူတာကနေ USB ကြိုးကိုဖြုတ်ပြီး ဖုန်းကနေ Battery ဖြုတ်ပြီးပြန်တပ်ပါ ပြီးရင် Power ကိုဖွင့်လိုက်ပါ (5) မိနစ်လောက်စောင့်ကြည့်လို့မှ Logo ကနေ မကျော်သေးရင်တော့ Home+Volume Up+Power ကို အောက်ကပုံအတိုင်း တွဲနှိပ်ပြီး recovery mod ထဲဝင်လိုက်ပါ အောက်ကပုံ အတိုင်းပေါ်လာရင်တော့ Volume ခလုတ်ကိုသုံးပြီး Wide Data/Factory Reset ဆီသွားပြီး Power ခလုတ်ကိုနှိပ်ပြီးရွေးလိုက်ပါ ပြီးရင် Yes စာတန်းလေးကိုရွေးပြီး Power ကိုနှိပ်ပေးလိုက်ပါ
Factory ချပြီးပြန်ပေါ်လာရင် reboot system now ကိုနှိပ်လိုက်ပါ ဖုန်းပြန်တက်လာရင်တော့ Samsung Logo ကနေကျော်သွားပြီး Firmware ပြန် တက်လာတာကိုတွေ့ရပါလိမ့်မယ် အဲလောက်ဆိုရင်တော့ Samsung Firmware တင်တာနားလည်လောက်ပြီထင်ပါတယ် နားမလည်သေးရင်တော့ အောက်မှာ Video File ကိုကြည့်ပြီးလဲလုပ်နိုင်ပါတယ်
နားမလည်တာရှိရင် ဒီfacebook.com မှာလာရောက်မေးမြန်းနိုင်ပါတယ်
နည်းပညာတွေကျွမ်းကျင်စွာတတ်မြောက်ပြီးလုပ်ဆောင်တာအောင်မြင်ကြပါစေ











zip ဖြည်ရင် password တောင်းနေတယ်ဆရာချစ်
ReplyDeleteလုပ်ပါအုန်း
password - www.minminchit.org
DeletePassword တောင်းရင် minminchit.org လို့ရိုက်ထည့်ပါ
ReplyDeleteSamsung A300f version -5.2.0 ကိုrootဖောက်ချင်လို့ပါအဆင်ပြေမယ်နည်းလေးသိချပါတယ်..ဆြာ
ReplyDeleteအကိုsamsoung Tab 3 SM-116NU firmware လေးကျေးဇူးပြီး linkချပေးပါလားအကို
ReplyDeletefirmware တင်တာ အဆင်ပြေတယ်..... ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျ...............
ReplyDeleteThink you
ReplyDeleteA3 က battery အသေဆိုတော့ ဖြုတ်လို့မရဘူး ဘယ်လိုလုပ်ရမလဲ
ReplyDeleteODINမှာNAND WRITE FAILပဲပြတယ်ဆရာS4ပါ
ReplyDeleteအကိုဒေါင်းလို့မရဘူးဘယ်လိုဒေါင်းရမလဲ.?
ReplyDeleteအကိုရေ J700HXXU2APC FARMWEAR DOWNLOAD ဆွဲမရလို့ပါ
ReplyDeleteဆရာ J710FN
ReplyDeletetwrp နဲ့ kernal file လေး လင့်ချပေးပါလား
ဆရာ J710FN
ReplyDeletetwrp နဲ့ kernal file လေး လင့်ချပေးပါလား
Coolpad 7061 ကို မြန်မာရ အောင်လုပ်နည်းလေး ပြောပြပေးပါ့လားဗျ
ReplyDeleteကျေးဇူးပါ
ReplyDeleteကျေးဇူးပါ
ReplyDeleteကျေးဇူးပါ ဆရာ အရမ်းတန်ဘိုးရှိပါတယ်
ReplyDeleteဆရာ ဒီလိုဖြစ်နေတယ် fail ပြတယ်ဗျာ dead boot ဖြစ်ရင် download mood ဝင်လို့ရလား
ReplyDeleteကျေးဇူးအရမ်းတင်ပါသည်
ReplyDelete