Pages

Tuesday, September 16, 2014

Viber အကောင့်ဖွင့်နည်း




အခုတင်ပေးမယ်ဆော့ဝဲလေးကတော့ Viber version အသစ်လေး နှင့် Viber အကောင့်ဖွင့်နည်း လေးကိုပါ ပုံတွေနှင့်တကွရှင်းပြထားပါတယ် ခင်ဗျာ
Viber version အသစ်လေးကို အောက်က Link လေးမှာဒေါင်းယူနိုင်ပါတယ်


Software တွေကိုဖိုင်ဖြေဖို့အတွင် Winrar ဖိုင်မရှိရင် winarar.apk ဒေါင်းယူပါ Winrar ဖြေနည်းကို မသိပါက အောက် Link မှာလေ့လာနိုင်ပါတယ်

http://www.minminchit.org/2014/09/winrar.html

ကဲစကြအောင် Viber ဆော့ဝဲလ်လေးကို ဒေါးပြီး install လုပ်ပြီးပါက ပုံတွင်ပြထားသည့်အတိုင်း Viber ဆော့ဝဲလ်လေးကို ဖွင့်လိုက်ပါ


Viber ကိုဖွင့်ပြီးပါက ပုံတွင်ပေါ်သည့်အတိုင်းပေါ်လာလိမ့်ပါမည် ဒါဆို Continue ဆိုတာကို နှိပ်ပါ


Continue ဆိုတာကိုနှိပ်ပြီးပါက အခုအောက်ကပုံလိုပုံလာလျှင် Your country ဆိုတဲ့နေရာမှာ ကိုယ်နေတဲ့ နိုင်ငံကိုရွေးရမှာဖြစ်ပါတယ် အောက်က Phone number ဆိုတဲ့နေရာမှာတော့ သူငယ်ချင်းတို့ Viber ဖွင့်မယ့် ဖုန်းနံပါတ်ကိုရိုက်ထည့်ပါ


အပေါ်ကပုံမှာ ကိုယ်နေတဲ့နိုင်ငံရွေးခိုင်းတာ မရွေးတတ်ပဲနေမှာဆိုးလို့ မိုးမျှော် ပုံနဲ့သေချာ ရှင်းပြလိုက်ပါတယ် မိုးမျှော် ထိုင်းမှာ နေသောကြောင့် Thailand (+66) ကိုရွေးလိုက်ပါတယ်


ဖုန်းနံပါတ် မှန် မမှန် စစ်ဆေးပါခင်ဗျာ


ဖုန်းနံပါတ်မှန်မမှန်စစ်ဆေးပြီးပါက ခဏစောင့်ပေးပါခင်ဗျာ



ကုတ်ပို့လာတဲ့အထိ စောင့်ပေးပါ


ဒီနေရာမှာ ကုတ်ပို့တာ ၂ နည်းရှိပါတယ် တခါတလေ စာအိတ်နဲ့ပို့လာသလို ဖုန်းခေါ်ပြီးပို့လာ တာလဲ ရှိပါတယ် ဖုန်းမကိုင်လည်း သူ့ဖာသာ ကုတ်က automatic ဖြည့်ပေးပါတယ်


Enter Your name ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့နာမည်ကို ရေးပါ ပုံမှာ အနီဝိုင်းထားတဲ့ နေရာကတော့ ဖုန်းထဲကဓါတ်ပုံကိုထည့်ချင်သူများက အနီဝိုင်းထားသောနေရာကို နှိပ်ပါ အနီမဝိုင်းထားသော ဘယ်ဘက် ကင်မရာလေးလို ပေါ်တဲ့နေရာကိုနှိပ်ပါက ကင်မရာနဲ့ တိုက်ရိုက် ရိုက်ပြီးထည့်နိုင်ပါတယ်
အားလုံးထည့်ပြီးသွားရင်တော့ Continue ကိုနှိပ်ပါ


ကိုယ့်ဖုန်းထဲမှာ Viber ရှိတဲ့ ဖုန်းနံပါတ်တွေ ရှိပါက အခုလိုပေါ်လာမှာဖြစ်ပါတယ် ကိုယ့်စာပို့ချင်တဲ့သူ ကိုရွေးချယ်လိုက်ပါ


ပုံထဲကလို စာပို့လို့ရမှာ ဖြစ်ပါတယ် ဒါဆို Viber ဖွင့်နည်းကို နားလည်သဘောပေါက် တက်မြောက် မည်ဟုယုံကြည်ပါတယ်ခင်ဗျာ


မှတ်ချက်။ ။ ဆရာကြီးများကိုမရည်ရွယ်ပါဘူးခင်ဗျာအခုမှာ အင်တာနက်ကို စတင်လေ့လာသူများအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်ပါတယ်ခင်ဗျာ Copy ကူးယူထားခြင်းမရှိသောကြောင့် သူငယ်ချင်း တို့အဆင်ပြေပါလိမ့်မည် ဖြစ်ပါသည်။

အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)

ဖုန်းအတွက် Winrar ဖြေနည်း






အခုတင်ပေးမယ့် ဆော့ဝဲလ်လေးကတော့ Winrar ဆော့ဝဲလ်လေးပါ ဖုန်းများအတွက်ပါ
Winrar ဆော့ဝဲလ် သက်သက်ပဲတင်ပေးတာမဟုတ်ပဲ Winrar ဖိုင်ဖြေနည်းလေးကိုပါ ပုံနှင့်တကွ 
ရှင်းပြထားပါတယ် ကဲ စပြီး Winrar ဖိုင်လေးကိုအရင် ဒေါင်းလိုက်ကြပါစို့....


Winrar ဖိုင်လေးကိုဒေါင်းပြီးပါက install လုပ်ပါ install လုပ်နည်းကိုတော့ရှင်းမပြတော့ဘူးနှော်

Winrar ဆော့ဝဲလ်လေးကို install လုပ်ပြီးပါက ပုံတွင်ပြထားသည့်အတိုင်း Winrar ဆော့ဝဲလ်လေးကို 

ဖွင့်လိုက်ပါ 




Winrar ဆော့ဝဲလ်ကိုဖွင့်ပြီးပါက ကိုယ့်ဖြေမယ့်ဖိုင်ရှိရာနေရာကိုလိုက်ရှာရမှာ ဖြစ်သောကြောင့် မိုးမျှော်

 ကတော့ အင်တာနက်ကနေဒေါင်းထားတာကြောင့် Download ဖိုင်လေးထဲကိုဖွင့်လိုက်ပါတယ်


ကျွန်တော်အခုဖြေမယ့် ဆော့ဝဲလ်လေးကတော့ Viber ဖြစ်ပါတယ် ဒါကြောင့် Viber ကို Winrar နှင့်

 ချုပ်ထား တာကြောင့် Winrar နှင့်ပြန်ဖြေမှာဖြစ်ပါတယ် Viber လေးကိုဖွင့်လိုက်ပါပြီ...




ဖွင့်လိုက်တာနဲ့ ဒီလို လေးပေါ်လာမှာပါဖြစ်ပါတယ်ခင်ဗျာ ပုံမှာအမျှားပြထားတာလေးကိုဖွင့် လိုက်ပါ


အပေါ်မှာ ဖွင့်လိုက်တာနဲ့ အခုပုံမှာပေါ်သလိုပေါ်နေတာက Winrar ချုပ်တာမှာ Password ခံထားလို့ပါ ကျွန်တော်တို့တင်နေတဲ့ ဆော့ဝဲလ်တိုင်းမှာ Password ခံထားပါတယ် ကျွန်တော် တင်ထားတဲ့ ဆော့ဝဲလ်တွေ ထဲက Password ကတော့ www.minminchit.org ပါ 



Password ကိုမှန်အောင်ဖြည့်ပေးပါ Password မှန်ပါက ခဏစောင့်ပေးပါ


ပုံထဲကလို ပေါ်လာရင်တော့ Winrar ဖြေတာအောင်မြင်သွားပါပြီ ကျွန်တော်ကတော့ install လုပ်ပြီးသား ဖြစ်သောကြောင့် install မလုပ်တော့ပါဘူး သူငယ်ချင်းတို့ install လုပ်မည်ဆိုပါက ပုံထဲကမျှားပြထားသောနေရာကို နှိပ်ပါ ဒါဆို Winrar ဖြေနည်းကို ကောင်းကောင်းကြီး နားလည် သဘောပေါက် တက်မြောက်လိမ့်မည်လို့ယုံကြည်ပါသည်။


မှတ်ချက် ဆရာကြီးများအတွက်မရည်ရွယ်ပါ အခြေခံသမားများအတွက်အထောက်အကူပြုစေ ရန်ရည်ရွယ်ပါသည်။
အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)


Font Changer သုံးပြီးမြန်မာစာထည့်လိုက်လို့ထိုင်းစာပျောက်သွားတဲ့ Android ဖုန်းတွေမှာထိုင်းစာပြန်ထည့်နည်း

 
တောင်းထားတဲ့လူရှိတဲ့အတွက်တင်ပေးတာလေးပါ Android ဖုန်းတွေမှာမြန်မာစာထည့်ရင်းထိုင်းစာပျောက်သွားတဲ့အခါဒီနည်းအတိုင်းသုံးပြီးပြန်ထည့်လို့ရပါတယ်
ဒီနည်းကိုသုံးပြုဖို့အတွက်ဖုန်းက root လုပ်ထားတဲ့ဖုန်းတစ်လုံးဖြစ်ဖို့တော့လိုပါတယ် လိုအပ်တဲ့ software တွေကိုအောက်မှာ Download ကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ်  
Download

 အောက်မှာလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့ပြပေးပါမယ် Software ကိုဒေါင်းပြီးရင် ဖိုင်တွေကိုဖြည်ဖို့အတွက်က winarar.apk ကိုဒေါင်းပြီး install လုပ်လိုက်ပါ ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကိုဖြည်လိုက်ပါ
password တောင်းရင် www.minminchit.org လို့ထည့်ပေးလိုက်ပါ
ဖြည်လို့ရလာတဲ့ဖိုင်ထဲက iFont.apk ကို install လုပ်လိုက်ပါ ပြီးရင် Root Explorer.apk ကို install လုပ်ပြီး program ကိုဖွင့်လိုက်ပါ

ပြီးတော့ STORAGE ထဲကနေအခုနကဖြေထားတဲ့ဖိုင်ထဲကနေ GS_Thai_111220.ttf ဖိုင်နဲ့ UniMon.ttf ကို Copy ကူးလိုက်ပါ
ပြီးတော့ ROOT ကနေ system ၊ system ထဲကနေ fonts ထဲကိုဝင်ပါ ပြီးတော့ Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O ပြောင်းလိုက်ပါ အခုနကကူးလာတဲ့GS_Thai_111220.ttf ဖိုင်နဲ့ UniMon.ttf ဖိုင်ကိုကူးထည့်လိုက်ပါ 
UniMon.ttf ဖိုင်ကို တစ်ချက်နှိပ်ပြီး iFont software ရောက်သွားရင် Set နှိပ်ပါ ပြီးရင် restart ချသွားပါလိမ့်မယ်မကျရင်ကိုယ်ဟာကိုချပေးလိုက်ပါ
 ပြန်တက်လာရင်ထိုင်းစာအဆင်ပြေစွာနဲ့ထည့်လို့ပြီးသွားပါပြီ
အဆင်မပြေတာရှိရင် www.fb.com/minminchit.org မှာလာရောက်မေးမြန်းနိုင်ပါတယ်

အလွယ်ကူဆုံး ASUS 5 Root ဖောက်နည်း နှင့် မြန်မာစာထည့်နည်း

ဒီ​နေ့​တော့ ကျွန်​​တော်​ ASUS 5 ဖုန်းတစ်​လုံးဝယ်​ယူလိုက်​ပါတယ်  ASUS 5 ဖုန်းကိုင်​​ဆောင်​ထားသော မိတ်ဆွေများအ​နေဖြင့်​ ကိုယ့်​ဟာကို​မြန်​မာစာထည်​ဖို့ရန်​အတွက်​ကို ​ရည်​ရွယ်​ ပြီး တင်​​ပေးခြင်းဖြစ်​ပါတယ်​ ဒါဟာ လေ့လာနေဆဲသောသူများအတွက်သာ ဖြစ်ပြီး တက်သိနားလည်ထားသူများအတွက်မရည်ရွယ်ပါ


 အောက်မှာလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့ပြပေးပါမယ် Software ကိုအောက်မှာ ဒေါင်းလိုက်ပါ



setting ထဲက Security ထဲက Unknown sources ကိုတော့ အောက်ကပုံအတိုင်းအမှတ်ချက်ပေးထားဖို့တော့လိုပါတယ် 
ပြီးရင်တော့ အင်တာနက်ပါပိတ်ထားဖို့တော့လိုပါတယ်

                                              
ဒေါင်းလို့ရလာတဲ့ Root zenfone.apk ကို install လုပ်လိုက်ပါ
ဒီပုံလေးကို နှိပ်လိုက်ပါ အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မည်


ပုံပါအတိုင်း OK I Know, Plaease root ! ကိုနှိပ်လိုက်ပါ ပြီးရင် Restart ချလိုက်ပါ သူ့ဟာသူမချရင် ကိုယ့်ဟာကိုချပေးလိုက်ပါ ဖုန်းပြန်ပွင့်လာရင် ဘာမှမလုပ်ပါနဲ့ သူဟာသူလုပ်ပါလိမ့်မည် နဂိုမျက်နှာပြင်ပေါ်လာတဲ့အထိစောင့်နေလိုက်ပါ Root ဖောက်အောင်မြင်ရင်တော့ ဖုန်းပြန်ပွင့်လာရင်          တော့အောက်ပါအတိုင်းပုံပေါ်လာလိမ့်မည် ဒါဆိုရင်တော့ Root ဖောက်လို့ အောင်မြင်ပါပြီလို့ပြောလို့ရပါပြီ

Sunday, September 14, 2014

Kaspersky antivirus 2010 မှ 2013 အထိ Key ထည့်နည်း



အခုတင်ပေးမယ့်အကြောင်းအရာကတော့ Kaspersky antivirus software တွေ License key ထည့်နည်းလေးဘဲ့ဖြစ်ပါတယ် kaspersky 2013 ထိထွက်တဲ့ Antivirus software တွေထိဒီနည်းအတိုင်းသုံးလို့ရပါတယ် 2014 kaspersky တွေမှာတော့ဒီနည်းသုံးလို့မရတော့ပါဘူး ဒါပေမယ့် key ရှာရလွယ်တဲ့ 2013 kaspersky ကိုအခုချိန်အသုံးပြုနေရဆဲရှိပါသေးတယ် မသိသေးတဲ့လူများအတွက်ရည်ရွယ်ပြီး key ထည့်နည်းရေးပေးတာဖြစ်ပါတယ် key ထည့်နည်းကိုအောက်မှာပုံနှင့်တကွရှင်းပြပေးပါမယ် ပထမဦးဆုံးအနေနဲ့ကတော့ Kaspersky key ထည့်မယ်ဆိုရင် အင်တာနက်ချိတ်ထားရင် အရင်ဆုံးပိတ်ပေးဖို့လိုပါတယ် အင်တာနက်ချိတ်ထားရင် လုံးဝထည့်လို့ရနိုင်မည်မဟုတ်ပါ ထည့်ပြီးသွားရင်တော့ပြန်ဖွင့်ပြီး ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်
 အောက်ကပုံအတိုင်းလိုက်လုပ်လိုက်ပါ

ပထမဦးဆုံး Kaspersky ကိုအောက်ကပုံအတိုင်းပေါ်လာအောင်ဖွင့်လိုက်ပါ


 အောက်ကဝိုင်းပြထားတဲ့အနီရောင်ဝိုင်းထဲက Licensing ကိုနှိပ်လိုက်ပါ


 လိုင်စင်လက်ကျန်အောက်ကပုံအတိုင်းရှိနေရင် အနီရောင်ဝိုင်းထဲက X ကိုနှိပ်လိုက်ပါ


ပြီးရင်အနီရောင်ဝိုင်းထားတဲ့အတိုင်း Delete key ကိုနှိပ်ပြီးလိုင်စင်ကီးကိုဖျက်လိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာရင် အနီရောင်ဝိုင်းထားတဲ့အထဲက Activate the Application ကိုနှိပ်လိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ် ပြီးရင်အနီရောင်ဝိုင်းထားတဲ့အထဲမှာ
11111-11111-11111-1111X ဆိုတဲ့ key ကိုထည့်ပေးလိုက်ပါ


အောက်ကပုံအတိုင်း ဖြစ်အောင်ထည့်ပြီး Next ကိုနှိပ်လိုက်ပါ


ပြီးရင် အနီရောင်းဝိုင်းထားတဲ့ Browse ကိုနှိပ်ပြီး Key ထည့်ထားတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာလိမ့်မယ်ပြီးရင် Next ကိုနှိပ်ပါ


အောက်ကပုံအတိုင်းပေါ်လာရင် Key သုံးမရတော့လို့ပါ ဒါဆိုရင် Back ကိုနှိပ်ပြီး နောက်ပြန်ဆုတ်လိုက်ပါ
အပေါ်ကပုံအတိုင်းပြန်ပေါ်လာရင် Browse ကိုနှိပ်ပြီး Key အသစ်ပြန်ရွေးပေးလိုက်ပါ


အောက်ကပုံအတိုင်းပေါ်လာရင် Key ထည့်တာအောင်မြင်ပါပြီ ပြီးရင် Finish ကိုနှိပ်လိုက်ပါ


 အောက်ပါပုံအတိုင်းပေါ်လာလိမ့်မယ် အနီရောင်ဝိုင်းထားတာက Kaspersky ရဲ့ Key သက်တမ်းပါ လက်ရှိ 95 ရက်ရှိပါတယ် အားလုံးအဆင်ပြေကြပါစေ နားမလည်တာရှိရင် www.fb.com/minminchit.org သို့လာရောက်မေးမြန်းနိုင်ပါတယ်

Saturday, September 13, 2014

EPSON L110-L210-L300-L350-L355 Reset ချနည်း




အခုတင်ပေးမယ့် ဆော့ဝဲလ်လေးကတော့ EPSON L110-L210-L300-L350-L355 Reset ချတဲ့ ဆော့ဝဲလ်လေးပဲဖြစ်ပါတယ် အသုံးပြုပုံအသုံးပြုနည်းကို ပုံနှင့်တကွရှင်းပြပေးထားပါတယ်ခင်ဗျာ 
Epson printer တွေကိုအခုအချိန်မှာအသုံးပြု တာများလာ ကြပါတယ် သူ့ရဲ့ပြဿ     နာတွေကို ကွန်ပျူတာကနေ ရှင်းမှ ရပါတယ် အများဆုံးမလုပ်တတ်သူတွေက ဆိုင်ကိုသွားကြရပါတယ် ဆိုင်သွားရင် ထိုင်းမှာဆိုရင်တော့ ဘတ် ၄၀၀ လောက်ပေးရပါတယ် ကဲစကြရအောင် အရင်ဆော့ဝဲလ်ကို အရင်ဒေါင်းပါ


မီးလေး ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ Print ထုတ်မရသူများအတွက်ပါ


ပုံထဲကအတိုင်း ဖိုင်ကိုမဖြေပဲလည်းရပါတယ် Open ဆိုတာကို နှိပ်ပြီးဖွင့်လိုက်ပါ




ပုံတွင်မျှားပြထားသော နေရာကို ၂ ချက်လောက်နှိပ်ပြီးဖွင့်လိုက်ပါ


Adjprogcracked.exe ဆိုတာကို Click နှိပ်ပြီးဖွင့်လိုက်ပါ Password က www.minminchit.org ပါ



Select ဆိုတာကို တစ်ချက်နှိပ်ပါ



ဒီနေရာမှာ Pirnter Model ကိုရွေးခိုင်းတာဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့် ကျွန်တော် စမ်းလုပ်တဲ့ Printer က တော့ EPSON L 110 ဖြစ်သောကြောင့် L 110 ကိုရွေးပေးထားတာ-ပါ ဒီနေရာမှာ သူငယ်ချင်းတို့ရဲ့ Printer က L210- L300- L350- L355 ဆိုရင် သူငယ်ချင်းတို့ရဲ့ Printer Model နံပါတ်ကို ရွေးပေးပါ ဒီတစ်ဆင့် ကလွဲရင် အခြားဟာတွေကတော့ အားလုံးလုပ်နည်းတူတူပါပဲခင်ဗျာ .....


Particular adjustment mode ဆိုတာကို နှိပ်ပါ


Waste ink pad counter ဆိုတာကို နှိပ်ပြီးရင် အောက် 2 ကမှာ အမျှားပြထားသော Ok ဆိုတာကို နှိပ်ပါ




Check ဆိုတာကို တစ်ချက်နှိပ်ပါ



အခုနား မနှိပ်ခင်က ဘာမရှိသေးပါဘူး နှိပ်ပြီးရင် 990 ponit ဆိုတာလေးတွေတက်လာပါပြီ ဒီနေရာလေးမှာ လွယ်တယ်ဆိုပေမယ့် ဂရုစိုက်ပါ တချို့ Printer တွေမှာဖြစ်ဖြစ် တစ်ခါတလေဖြစ်ဖြစ် ဘာမှ မပေါ်တတ်တာတွေ တွေ့ရပါတယ် ဘာမှ မပေါ်လာလည်း အမှန်တော့ရပါတယ်ခင်ဗျာ ဒါပေမယ့် Check ဆိုတာက မနှိပ်ပဲ ကျော်သွားလို့မရပါဘူးခင်ဗျာ


ဒီအဆင့်လေးမှာတော့ အရင်ဆုံး initialization ဆိုတာကိုနှိပ်ပါ ပြီးရင် သူမေးပါလိမ့်မယ် Ok နှင့် Cancel ဆိုတာပေါ်လာရင် Ok ကို နှိပ်လိုက်ပါ


အပေါ်က ဆစ်ဆင့်လုပ်ပြီးသွားပါက Please turn off printer ဆိုပေါ်လာရင် printer ကို ပိတ်လိုက်ပါ ပိတ်ပြီးပြီးခဏကြာတွင်ပြန်ဖွင့်လိုက်ပါဒါဆို EPSON L110-L210-L300-L350-L355 Reset  ချနည်းကို ကောင်းကောင်းကြီး နားလည်သဘောပေါက် တက်မြောက်လိမ့်မည်ဟု ယုံကြည့်ပါတယ် ခင်ဗျာ





မှတ်ချက် Copy ကူယူထားခြင်းမရှိပါ ကိုယ်ကိုတိုင်ကြုံခဲ့ရသော ပြဿ     ကိုဖြေရှင်းရင် သိခဲ့သောကြောင့် ပြန်လည် မျှဝေတာပါ ကျွန်တော်မှာတော့ ပထမ ဆိုင်သွားပို့တာ ဘတ်၄၀၀ ပေးခဲ့ရပါတယ် ဒီလိုမလုပ်တတ်လို့ပေါ့ နောက်ပိုင်းတတ်သွားသိသွားတော့ ဘတ် ၄၀၀ ပေးစရာမလိုတော့ပါဘူး သူငယ်ချင်းတို့ကိုလည်း ပြန်လည်မျှဝေတဲ့အနေနဲ့ ဒီဆော့ဝဲလ်လေးနှင့် Reset ချနည်းကိုပြန်လည်မျှဝေပါတယ် အမှားပါရင် ပြုပြင်ပေးပါခင်ဗျာ


အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)